၅ သြဂုတ် မန္တလေး၊ ၊ညွန့် သက်ထားဦး
Mystery of Mars Near Planet Earth
မားစ် ခေါ် အင်္ဂါဂြိုလ် နှင့် ကမ္ဘာဂြိုလ် တို့ နီးကပ် မှုဖြစ်စဉ်တစ်ခု ကို သြဂုတ်လ ၂၇ ရက်နေ့  နှင့် ၂၈
ရက်နေ့ များတွင် တွေ့ မြင်နိုင်မည့် သတင်းအတွက် ဂြိုလ် နက္ခတ် တို့ က လှုမှုဘ၀ ကိုစိုးမိုးသည် ဟု
အစွဲ အလန်းကြီးလှသော မြန်မာပြည်သူများ အနေဖြင့် ရတက်မအေး ဖြစ်နေကြသည် ဟုသိရသည်။
စစ်မက်ဖြစ်ပွားမှု နှင့် သွေးထွက်သံယို ၊အဓိကရုန်း ဖြစ်ပေါ်မှုများ ကို ပေါ်ပေါက်စေတတ်သည့် အ
စွမ်းရှိသည့် အင်္ဂါဂြိုလ် သည် ကမ္ဘာ နှင့် အနီးဆုံး အနေ အထားဉ် ရှိနေချိန်တွင် ညအချိန်ကောင်းကင်
တွင် လနှစ်စင်းထွန်း လင်းသာ သလို ဖြစ်နေသည် ကို မြင်ရမည် ဟု သော ဗေဒင် သတင်း ၀ဘ်ဆိုတ်
တစ်ခုတွင် ဖေါ်ပြထားသည်။
၁၉၈၈ ခုနှစ်တွင် အင်္ဂါဂြိုလ် နှင့် ကမ္ဘာတို့ ပူးကပ်မှုဖြစ်စဉ်ကို ၁၉၈၈ ခုနှစ်တွင် တစ်ကြိမ်ကြုံခဲ့ရပြီးထို
နှစ်မှ ပင် ဦးနေ၀င်း အစိုးရ ကို တော်လှန် သော မြန်မာ လူထု တို့ ၏ ရှစ်လေးလုံး အရေးတော်ပုံကြီး
ပေါ်ပေါက်လာ ခဲ့သည်။ထို အရေးတော်ပုံကြီးကို စစ်တပ်က အဓမ္မဖြိုခွဲ ခဲ့၍ ပြည်သူထောင်ပေါင်းများ
စွာသေကြေခဲ့ရသည်။
အင်္ဂါဂြိုလ်သည် ကမ္ဘာ နှင့် ၁၅၂ သန်း အကွာအဝေးမှ နေ၍ ၎င်း၏ ဂြိုလ်ပတ် လမ်းကြောင်းအတိုင်း ကမ္ဘာနှင့် အနီးဆုံး နေရမှ နေ၍ ဖြတ်သန်းမည်ဖြစ်သည်။အင်္ဂါဂြိုလ် နှင့် ပတ်သက်၍ စူးစမ်းလေ့လာ
နေကြသည့် ပညာရှင်များက မူ ကမ္ဘာ ၏ မူလ အစ ကို အင်္ဂါဂြိုလ် တွင်ခြေရာ နိုင်ခံမည် ဟုဆိုသည်။
မြနိမာရိုးရာ နက္ခတ အမြင်သဘောအရ လက်ရှိ ကုမ်ရာသီခွင်ထဲတွင်ရှိ သော အင်္ဂါဂြိုလ်သည် စစ်မက်သဘော ကို အထူးထင်ရှားစေနိုင် သည် ဟု ဆိုသည်။
