၁၀ သြဂုတ် ရန်ကုန် ၊ ၊ယူကွန်
First Myanmar Hip Hop Magazine Launch

မြန်မာ နိုင်ငံ၏ ပထမဦးဆုံး ဟစ်ဟောပ်ဂီတ နှင့် ပတ်သက်၍ ဖေါ်ပြမည့် မဂ္ဂဇင်း တစ်စောင်ဖြစ်သည့်
The Street အမည်ရှိ မဂ္ဂဇင်း ကို သြဂုတ် လ ၂၁ ရက် နေ့ တွင် ဖြန့် ချီတော့မည် ဖြစ်ကြောင်းထို မဂ္ဂဇင်း ကိုစီစဉ် သည့် ရက်(ပ) အဆိုတော် အာဘွိုင်းက ဆီဒိုးနား ဟိုတယ် မင်းတုန်းခန်းမတွင်
ပြုလုပ် သည့် မဂ္ဂဇင်း မိတ်ဆက်ပွဲ အခမ်းအနားတွင်ပြောသည်။
ကျော်ထွဋ်ဆွေ ၊ ထိန်ဝင်း၊ဂျောက်ဂျက် တို့ ပါဝင်သည့် ရော်(ခ)စတားအဖွဲ့ မှ အာဘွိုင်း က ထိုမဂ္ဂဇင်း
ကိုစီစဉ် ထုတ်လုပ်ခြင်းဖြစ်သည်။ The Street ဟုအမည်ပေးထားသည့် ထိုမဂ္ဂဇင်း တွင် ဟစ်ဟောပ်
ဂီတ သာမက ထိုဂီတ နှင့် ဆက်နွယ်သည့် အာအန်ဘီ၊ရက်ဂေး၊ပေါပ် နှင့် ဒန့် (စ)ဂီတ များအ
ကြောင်းနှင့် အင်တာဗျူးများကို လည်းထည့် သွင်းဖေါ်ပြပေးမည် ဖြစ်သည်။
The Strret မဂ္ဂဇင်း ၏ အယ်ဒီတာချုပ်အဖြစ်တာဝန်ယူမည့် ကိုစိုင်းအောင်မှ မျက်နှာဖုံးရှင် မြန်မာ ရက်ပါ အကြိုက် နိုင်ငံတကာ ရက်ပါ အကြောင်း နှင့် ဟစ်ဟောပ် ဖက်ရှင် ကဏ္ဍများကို လည်း ဦးစား
ပေးထည့် သွင်းမည် ဟု ပြောသည်။
မြန်မာ နိုင်ငံတွင် သပြေ မဂ္ဂဇင်း နောက်ပိုင်းကာလ များမှ စ၍ ဂီတ အကြောင်း ကို ဦးစားပေးထည့်
သွင်း ဖေါ်ပြသည့် မဂ္ဂဇင်းမှာ အင်္လကာ ဂျာနယ် နှင့် ယခု ရပ်နားထားသော ဂီတကမ္ဘာ ဂျာနယ်တို့ သာရှိခဲ့ပြီး ဟစ်ဟောပ် သီးသန့် အနေဖြင့် ယခု ထုတ်ဝေမည့် The Street မဂ္ဂဇင်းသာရှိသည်။
အမေရိကန် နိုင်ငံတွင် ဟစ်ဟောပ် စသည့် ဂီတ မျိုးကွဲများကို သီးသန့် ဖေါ်ပြပေးသည့် မဂ္ဂဇင်းများ
ရှိပြီး VIBE နှင့် Source မဂ္ဂဇင်းများမှာ hip hop လောကတွင်နာမည်ကြီးသည်။
