၈ သြဂုတ် ရန်ကုန် ၊ ၊စထရိတ် တိုင်း(မ)
India detains N. Korean ship

အိန္ဒိယ ကမ်းရိုးတန်းအရှေ့တောင်ဘက် ရေပြင်အနီးတွင် မသင်္ကာဖွယ်ရာတွေ့ ရှိရသည့် မြောက်ကိုရီးယား ပင်လယ်ကူး သင်္ဘောတစ်စီးကို အိန္ဒိယ ရေတပ် ကယနေ့ မနက် အစောပိုင်းကဖမ်းဆီးထားကြောင်း အိန္ဒိယ ကမ်းရိုးတန်း အစောင့် တပ်က သတင်းထုတ်ပြန်သည်။
အိန္ဒိယ ရေတပ်မှ အချက်ပေးမီးကျဉ် ပြစ်ခတ်စဉ် M.V Musan ဟုအမည် ရသည့် ထိုမြောက်ကိုရီးယားသင်္ဘောက အက်ဒမန် ကျွန်း နှင့် နီးကိုးဘား ကျွန်းစုများကြားမှ တစ်ဆင့် မြန်မာ ရေပိုင်နက်သို့ ထွက်ပြေးရန် ကြံသဖြင့် အိန္ဒိယရေတပ် နှင့် ကမ်းခြေစောင့် တပ်ဖွဲ့ များမှ ဖမ်းဆီးရခြင်းဖြစ်သည်ဟု ဟိန္ဒူစတန် တိုင်း သတင်းစာ တွင် ဖေါ်ပြထားသည်။

ကျွန်တော် တို့ မြောက်ကိုရီးယား သင်္ဘော ကို မီးကျဉ် နှစ်ချက် (နှစ်ခါ)ပစ်ဖောက် ပြီးရပ်ဖို့ အမိန့် ပေးတယ် သင်္ဘောက သတိပေးချက် ကို ငြင်းဆန် လို့ အခု လိုဖမ်းလိုက် ရတာ ဟု ကမ်းခြေစောင့်တပ်မှ အရာရှိတစ်ဦး ဖြစ်သူ ကေ .အာ နော်တီယာ ကပြောသည်။
ဖမ်းဆီးထားသည့် ထို မြောက်ကိုရီးယား သင်္ဘော ကို အက်ဒမန် ကျွန်း နှင့် နီးကိုးဘား ကျွန်းတို့ ၏မြို့ တော်ဖြစ်သည့် ပို့ ဘလဲယား တွင် အစောင့်အကြပ်များ ချထား၍ သင်္ဘောပေါ်တွင် တင်ဆောင်လာသည့် ပစ္စည်းများကို စစ်ဆေးနေကြောင်း သိရသည်။သင်္ဘော ပေါ်တွင် မြောက်ကိုရီးယား လူမျိုး ၃၉ ဦး ပါရှိလာပြီး ထိုသူများ၏ ကနဦး ပြောဆိုချက် အရ သကြားများ တင်ဆောင်လာသည်ဟုဆိုသည်။
ဇွန်လ ၂၈ ရက်နေ့ က မြန်မာ နိုင်ငံသို့ ဦးတည် ခုတ်မောင်းလာ သည့် ကန်နမ် ၁ အမည် ရှိ မြောက်ကိုးရီးယား သင်္ဘောကို အမေရိကန် ရေတပ် ဖျက် သင်္ဘောက နောက်ယောက်ခံလိုက်လာစဉ် လမ်းကြောင်းပြောင်း ၍ လာရာလမ်း သို့ ပြန်လှည့် သွားသည်။
မေလ ၂၅ ရက်နေ့ က မြောက်ကိုရီးယား နိုင်ငံ တွင် ညူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်းကြောင့်ကုလသမဂ္ဂက ဒုံးကျဉ် လက်နက် နှင့် ဆက်စပ် ပစ္စည်းများ ရောင်းဝယ် ဖောက်ကားမှုကို ပိတ်ပင်ထားသည်။
အိန္ဒိယရေပိုင် နက်တွင် အခွင့် မရှိပဲ ကျောက်ချရပ်နားခဲ့သော M.V. Musan သင်္ဘောသည် ထိုင်းနိုင်ငံမှ သကြားတန်ချိန် တစ်ထောင့် ခြောက်ရာ ငါးဆယ် ကို တင်ဆောင်ပြီး အီရတ် နိုင်ငံ အွမ် အယ်ဆာ မြို့ သို့ သွားမည့် သင်္ဘော ဟု သိရသည်။
