ရန်ကုန်မြို့ ရှိ တရုတ်သံရုံး အနီးတွင်လုံခြုံရေး တိုးမြှင့်ချထာား
၉ သြဂုတ် ရန်ကုန် ၊                    ၊ယူကွန်
Security Tightened  Chinese Embassy in Burma
ရန်ကုန်မြို့ အမှတ် (၁)ပြည်ထောင်စု ရိပ်သာလမ်းအနီးရှိ တရုတ် ပြည်သူ့ သမ္မတနိုင်ငံသံရုံး အနီး
၂၀၀၇ ခုနှစ် သံဃာတော်များဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် နှင့် နီးကပ်
လာပြီ ဖြစ်သည့် အတွက် ရန်ကုန်မြို့ တွင် လုံခြုံရေး အင်အားများတိုးမြှင့်ချထားမှု များရှိသော် လည်း
တရုတ်သံရုံး အနီး လုံခြုံရေး အင်အား တိုးမြှင့်ချထားမှု မှာ ထူးခြားသည် ဟု တရုတ် သံရုံး နှင့် နီးစပ်
သည့် စာနယ်ဇင်းဆရာ တစ်ဦးကပြောသည်။
ယခုကဲ့သို့ လုံခြုံရေး အင်အားများ တိုးမြှင့်ချထာသည် မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စတင်တည်
ထောင်သည့် နှစ် ၆၀ ပြည့် အချိန်ကာလ နှင့် တိုက်ဆိုင်ခြင်းကြောင့် ဖြစ်သည်ဟု ရန်ကုန်မြို့ရှိ တရုတ်
ကုန်သည်ကြီး များအသင်းမှ အသင်းဝင်တစ်ဦးကပြောသော် လည်း လျှောင်ဇူး တရုတ် ဗုဒ္ဓဘာသာ
ဘုရားကျောင်းမှ တာဝန်ရှိသူ တစ်ဦးကမူ ၀ နှင့် ကိုးကန့် အရေး နှင့် ပတ်သက်၍ တရုတ်နှင့် ဆက်ဆံ
ရေး အေးစက်နေခြင်းကြောင့် ဖြစ်နိုင်သည် ဟု သုံးသပ်ပြောကြားသည်။
၂၀၀၇ နှင့် ရွှေဝါရောင်တော်လှန်ရေးကာလ အတွင်း စစ်အစိုးရ ဆန့် ကျင်ရေးဆန္ဒပြသူများသည်
ရန်ကုန်မြို့ ရှိ တရုတ်သံရုံးအနီး သွားရောက် စုဝေးဆန္ဒပြခဲ့ကြသည်။
ရန်ကုန်မြို့ရှိ တရုတ်ကုန်သည် ကြီးတစ်ဦးကမူ “အထက်မြန်မာ နိုင်ငံ မန္တလေး နှင့် လားရှိုးမြို့များတွင်
တရုတ် နွယ်ဖွား ၀ နှင့် ကိုးကန့် နှင့် ၀ ဆန့် ကျင်ရေး စိတ်ဓာတ်များ ပြည်သူများကြားတွင် ဖြစ်ပေါ်နေ
သဖြင့် ဟုသိရသည်။
ရန်ကုန်မြို့ တွင်ရှိသော တရုတ် သံရုံးသည် ၂၀၁၀ခုနှစ် တွင် နေပြည်တော် ရှိ တည်ဆောက်နေသော
သံရုံးသစ်သို့ ပြောင်းရွှေ့တော့မည် ဟု သိရသည်။