၁၀ စက်တင်ဘာ လောစ်ဇင်ဂျလိစ် ၊ ၊Freedom News Group
Thxa Soe Kick Off Bay Area Tour Next Month

ရောသမည ဟု အမည်ပေးထားသည့် မြန်မာ့ရိုးရာအက နှင့် အီလက်ထရောနစ် ဂီတ ဖျော်ဖြေပွဲတစ်ရပ်ကို ဆန်ဖရန်စစ္စကို ရှိ မြန်မာလူမျိုးအများစုနေထိုင်သော ဘေဧရိယာ တွင်ကျင်းပမည် ဖြစ်ကြောင်းသိရသည်။
ထိုပွဲကို သားစိုးက ဦးဆောင်ဖျော်ဖြေမည် ဖြစ်ပြီး မြန်မာရိုးရာ အက နှင့် ဂီတပညာရှင်များ အပါအ၀င်ရက်(ပ)အဆိုတော် တစ်ဦးဖြစ်သည့် K -CA$H လည်းပါဝင်မည် ဟု သိရသည်။ရိုးရာနှင့် အီလက်ထရောနစ် ဂီတ ကို ပထမ ဦးဆုံးအကြိမ်ဘေးဧရိယာ၌ကျင်းပမည့်သားစိုးကထိုရောသမည အစီ
အစဉ်တွင် “အပျိုတော်ယိမ်း ၊ကိုကြီးကျော် ဒီဂျေ အက နှင့် အတူ စိတ်ကူးဆန်းများဖြင့်ဖျော်ဖြေရေး
အစီအစဉ်များပါဝင် မည်”ဟု Freedom News Group သို့ ပြောသည်။
ရေသမည အစီအစဉ်ကို အောက်တိုဘာလ ၃ ရက်တွင် ညနေ ခြောက်နာရီခွဲမှ ၉ နာရီထိ စင်တာဗီလီ
ကွန်မြူနတီ စင်တာတွင် ကျင်းပမည် ဖြစ်သည်။ပွဲဝင်ကြေးမှ ဒေါ်လာ ၂၀ ဖြစ်ပြီး ကြိုတင်လက်မှတ်
၁၅ ဒေါ်လာဖြစ်သည်။ထိုပွဲကို ဂလက်စီ အင်တာတိန်မန့် အုပ်စု မှကျင်းပခြင်းဖြစ်သည်။
၂၀၀၆ ခုနှစ်က ထွက်ရှိခဲ့သော သားစိုး၏ ရောသမမွှေ အယ်(လ)ဘမ်မှာ မြန်မာနိုင်ငံတွင်ထိုနှစ် အတွင်း လူကြိုက်အများဆုံးအယ်(လ)ဘမ်ဖြစ်ခဲ့သည်။ထိုအယ်(လ)ဘမ် ထွက်ရှိပြီးနောက်ပိုင်းတွင်
သားစိုး၏ ပြည်တွင်းပွဲစဉ်များသာမက နိုင်ငံရပ်ခြားပွဲစဉ် များပါ သွားရောက်ဖျော်ဖြေခဲ့ရသည်။
