ခောတ်စားလာတဲ့ ကားမောင်းပြိုင်ပွဲများ

၁၃ နိုဝင်ဘာ ရန်ကုန် ၊                   ၊Freedom News Group

Illegal Street Racing In Rangoon

2009-shanghai-car-show-models-43နာမည်ကျော် ကြားလှသည့် Fast and Furious ရုပ်ရှင် ကားထဲကလို တရားမ၀င် လမ်းပေါ်ကားမောင်ပြိုင်ပွဲများမှာ ရန်ကုန် မြို့ ၏ ညများတွင် ပိုမို ခောတ်စားလာသည်
မှာ နှစ်နှစ် နီးပါးခန့် ရှိ ပြီးဖြစ်သော် လည်း ကမ်းနားလမ်း တစ်လျှောက် နှင့် ကန်တော်
ကြီးပတ်လမ်းတစ်လျှောက်မှာ ပိုမို၍ လူသိများသည့် သန်းခေါင်ယံ ရန်ကုန် ၏ ကား
ပြိုင်ပွဲများ ဖြစ်သည်။

 

လူသူတိတ်ဆိတ်သော စနေ သို့ မဟုတ် တနင်္ဂနွေည များတွင် ရန်ကုန် မြို့ ၏ နာမည်ကျော် ကမ်းနားလမ်း မ ကြီးပေါ်တွင် ကားပြိုင်ပွဲများကို တွေ့ ရလေ့ရှိပြီး Route တစ်ခုလျှင် ငါးစီးမှ ဆယ်စီး အထိ ပါဝင်ယှဉ် ပြိုင်သည် ဟု သိရသည်။

 

တရားဝင် ကျင်းပခြင်း မဟုတ်သော ထိုကားပြိုင်ပွဲများမှာ အပျော်တမ်းကားမောင်းပြိုင်ပွဲများ မဟုတ်ပဲ လောင်းကြေးငွေ သိန်းထောင်ချီ ပမာဏ ရှိသည့် ကားပြိုင်ပွဲများဖြစ်ကြ
သည်။ပြိုင်ပွဲ တွင် အနိုင်ရသည့် ကားမှာ ဆုကြေး သိန်း တစ်ရာ နီးပါးခန့် ပင်ရရှိသည်။

 

ပြန်လည်ပြုပြင်နေသည့် MR2 တစ်စီးအား စမ်းချောင်းရှိ နာမည်ကြီး ကား ဒီကို တစ်ခုတွင်တွေ့ ရစဉ်
ပြန်လည်ပြုပြင်နေသည့် MR2 တစ်စီးအား စမ်းချောင်းရှိ နာမည်ကြီး ကား ဒီကို တစ်ခုတွင်တွေ့ ရစဉ်

ထိုကားပြိုင်ပွဲများကို ကမကထ ပြုကျင်းပသူများမှာ အာဏာရ အသိုင်းအ၀ိုင်းမှ စစ်
ဗိုလ်ချုပ်များ၏ သားသမီးများဖြစ်ပြီး ပိုက်ဆံချမ်းသာသည့် ရန်ကုန် ကြေးရတတ်လူငယ်
များလည်း ပါဝင်သည်။

 

၂၀၀၆ ခုနှစ် ကလ ကတည်းက သန္ဓေတည် ခဲ့သည့် ထိုကားပြိုင်ပွဲများမှာ နှစ်နှစ်တာကာလအတွင်း အပျော်သဘောမှ နေ ၍ ကြေးစားအဆင့် သို့ လှမ်းတက်
နိုင်ခဲ့ပြီဖြစ်ကြောင်း ရံဖန် ရံခါ ကားပြိုင်ပွဲများ သို့ သွားရောက်လေ့ရှိသူ နာမည်ကျော်လူ
ငယ် အဆိုတော် တစ်ဦးက Freedom News Group သို့ ပြောသည်။

 

ရန်ကုန် ည၏ ကားပြိုင်ပွဲများမှာ နှစ်မျိုးနှစ်စားရှိပြီး နှစ်ဦးချင်း စိန်ခေါ်၍ အမောင်းပြိုင်ခြင်း
နှင့် အဖွဲ့ လိုက်ကားမောင်းပြိုင်ခြင်းများ ဖြစ်သည်။ နာမည်ကြီး အနုပညာရှင် အချို့ ၏ စိန်ခေါ်ကားမောင်း ပြိုင်ခြင်းများ မှာလည်း စနေ နေ့ ညတိုင်း ကမ်းနားလမ်း ရှိ Singapore
Kitchen မှ တာထွက်သည်။

 

Supra ကားတစ်စီးအား အတွင်းပိုင်းပြန်လည်ပြင်ဆင်ထားစဉ်
Supra ကားတစ်စီးအား အတွင်းပိုင်းပြန်လည်ပြင်ဆင်ထားစဉ်

ကားမောင်းပြိုင်ပွဲများတွင် စည်းကမ်းသတ်မှတ် ချက်များ ရှိပြီး အများစု ကမူ ပြန်လည်ပြင်ဆင် ထားသော တိုယို တာ MR2 ,Skyline , Acura ,Covertte စသည့်ကားများဖြင့် ပြိုင်ပွဲဝင် ကြသည် ။

 

စစ်ဗိုလ် ချုပ်များ ၏ သားသမီးများမှာ ကိုယ်တိုင် ကားမောင်း ပြိုင်ဆိုင် ခြင်းမရှိပဲ
၎င်း တို့ ၏ ကိုယ်စား ကြေးစား ကားမောင်းသူ များ က ကိုယ်စားဝင်ရောက်ယှဉ်ပြိုင်
ကြသည် ။ စိန် ခေါ်၍ ပြိုင်သည့် ကားမောင်းပြိုင်ပွဲများတွင် မူ ယခု မြန်မာ စစ်ခေါင်းဆောင်
ဗိုလ်ချုပ်မှုး ကြီးသန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့် ပါ ပါဝင်ယှဉ် ပြိုင်လေ့ ရှိသည်။သူ နှင့် ကားမောင်း ပြိုင်မည့် သူမှာ မြန်မာ နိုင်ငံသား ဖြစ်ပါက မည်သို့ ပင် ဆို စေကာမူ အရှုံးးပေး
ရသည် ချဉ်း ဖြစ်သည်။

 

One thought on “ခောတ်စားလာတဲ့ ကားမောင်းပြိုင်ပွဲများ

Comments are closed.