၁၀ နိုဝင်ဘာ ဘော်စတွန် ၊ ၊Freedom News Group
Fort Hood Rampage Memorial Service
နိုဝင်ဘာလ ငါးရက်နေ့ ကတက္ကဆက်ပြည်နယ် ဘဲလ် မြို့  ရှိ အမေရိကန် နိုင်ငံ၏ အကြီး
ဆုံးသော စစ်စခန်း တစ်ခု ဖြစ်သော Fort Hood တွင် အမေရိကန်ဖွား ပါလက်စတိုင်း လူ
မျိုး စိတ်ပညာရှင် တစ်ဦးဖြစ်သူ ဗိုလ်မှုး နီဒယ် မာလစ် ဟန်ဆန် က ပစ်ခတ်မှု ကြောင့်
သေဆုံးသွားသည့် စစ်သား ၁၂ နှစ်ဦး နှင့် အရပ်သား တစ်ဦးအား ဂုဏ်ပြုအောက်မေ့
ဖွယ် အခမ်အနားကို ယနေ့ Fort Hood တွင် ကျင်းပသည်။
ထိုအခမ်းအနား ကို အမေရိကန် သမ္မတ အိုဘားမား နှင့် ဇနီး ဖြစ်သူ တက်ရောက်ခဲ့ပြီး
ကျဆုံးသွားသူ များအတွက် ၀မ်းနည်း စကားဆို ခဲ့သည်။
FBI ၏ စုံစမ်း စစ်ဆေးချက်အရ မာလစ် ဟန်ဆန်သည် အာဖဂန် နိုင်ငံ တွင်းမှ အယ်(လ)ကာယီဒါး အကြမ်းဖက် အဖွဲ့ ဝင်များ နှင့် အဆက်အသွယ်ရှိသူ တစ်ဦး
ဖြစ်ပြီး ယီမင် နိုင်ငံရှိ ဘာသာရေး အစွန်းရောက် များ နှင့် အီးမေး အဆက်အသွယ်ရှိ
သူ တစ်ဦး ဖြစ်ကြောင်း စုံစမ်းသိရှိရသည် ဟု သတင်းထုတ်ပြန်ထားသည်။
အသက် ၃၉ နှစ် ရှိပြီ ဖြစ်သော ဗိုလ်မှုး ဟန်ဆန် သည် ဆန်အိုတိုနီယိုရှိ စစ်ဆေးရုံတွင်
သေနတ်ဒဏ်ရာ ပြင်းထန်စွာရရှိမှု ကြောင့် သတိလစ် မေ့မြောနေ (COMA)ပြီး ယခု အခါ
နှလုံးခုံစက် ဖြင့် အသက်ဆက်ထားရသည် ဟု စီအန်အန် သတင်းတရပ်တွင် ဖေါ်ပြထား
သည်။
