Thai troops shoot dead Myanmar migrants

မြန်မာ နိုင်ငံ ကော့သောင်းမြို့ နှင့် နီးကပ်စွာတည်ရှိသည့် ထိုင်းနိုင်ငံ ရနောင်းမြို့ တွင်ပြီးခဲ့သည့်
ကြာသပတေးနေ့ က မြန်မာလူမျိုး များအား တင်ဆောင်လာသည့် ပစ်ကပ် ကားတစ်စီးအား
ရနောင်း စစ်ဆေးရေးဂိတ်မှ စစ်ဆေးနေစဉ် ရပ်တန့် မပေးမှုကြောင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ ဝင်
များက မော်တော်ကား အား ပစ်ခတ်ခဲ့သည်။
ထိုင်းလုံခြုံရေးတပ်ဖွဲ့ ဝင်များသည် ထိုမော်တော်ကားကို ရပ်တန့် ရန် အတွက် ပစ်
ခတ်ရာတွင် သတိပေးပစ်ခတ် မှု ထက် ပိုမိုသည် ဟုထိုင်းအခြေစိုက်
နိုင်ငံတကာ အဖွဲ့ အစည်းများကသုံးသပ်ကြသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် ကားပေါ်တွင် ပါလာသည့် သူများ အနက် သုံးဦးသေဆုံးကာ နှစ်ဦးမှာ
ကလေးငယ်များ ဖြစ်သည် ဟု ဘန်ကောက်ပိုစ် သတင်းစာတွင် ဖော်ပြထားသည်။သေနတ်
ဒဏ်ရာ ထိမှန် ခဲ့သော ငါးဦးကို ဆေးကုသမှုပေးနေပြီး ကျန်ခုနှစ်ဦးကို ထိန်းသိမ်းထားကြောင်း
ရနောင်း ခရိုင် ရဲမှုးကြီးက ဘန်ကောက် ပိုစ် သတင်းစာ ကိုပြောသည်။
၂၀၀၇ ခုနှစ် ဧပြီလက ထိုင်းနိုင်ငံတွင်း သို့ တရားမ၀င် ၀င်ရောက် အလုပ်လုပ်ကိုင်သည့်
မြန်မာ များအားတင်ဆောင်လာသည့် လော်ရီကား တစ်စီးသည် လေပိတ်ဆို့ မှုကြောင့်
ကားပေါ်ပါသူ မြန်မာ ၅၄ ဦး အသက်ရှုကျပ်၍ သေဆုံးခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ထိုင်းစစ်တပ် အပါ အ၀င် ထိုင်းလုံခြုံရေးတပ်ဖွဲ့ ဝင်များက ပစ်ခတ်
မှု အတွက် နိုင်ငံတကာ လူ့ အခွင့်အရေးအဖွဲ့ များက ဖိအားပေးမှုကြောင့်
ရနောင်းခရိုင် ရဲတပ်ဖွဲ့ က စတင် စစ်ဆေးနေပြီ ဖြစ်သည်။
ရနောင်း ရုပ်သံမှ ထုတ်လွှင့်ပြခဲ့သည့်ထိုမော်တော်ကားတွင် ကျဉ်ဆန်ဗရပွဖြင့်သွေးများ
ပေကျံစွန်းထင်းနေသည်။
ရနောင်း မြို့ တွင် ဆယ်စုနှစ် တစ်စု နီးပါးကြလာရောက် အလုပ်လုပ်ကိုင် နေသည့်
ကော့သောင်း မြို့ မှ မြန်မာ လူမျိုး ကိုလှမြင့်က မူ ‘ ဒီလိုပဲ စစ်ဆေးတယ် နောက်တော့
ပြီးသွားတာ ပဲ ဂိတ်ပြောင်း လိုက်တာ လောက်ပဲ ရှိတယ်။ဘယ်သူမှ အရေးယူမခံရဘူး
အခုလဲ ရနောင်းရဲ မှုးကြီးက တာဝန်အရ ပစ်ရင်း အခုလို ဖြစ်သွားတာ လို့ ပဲ ရနောင်း
တီဗွီ လိုင်းမှာ ပြောတယ်” ဟု Freedom News Group သို့ ပြောသည်။
မြန်မာများ အားတင်ဆောင်လာသည့် ကားမှာ ထိုနေ့ က ရနောင်းမြို့ မြောက်ဘက် ချုံဖော်
မြို့ သို့  သွားမည့် မြန်မာများကို တင်ဆောင်လာခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံတွင်း သို့ လာရောက် အလုပ်လုပ်ကိုင်သည့် မြန်မာများ အတွက် ထိုင်းအလုပ်သမား
ရေးရာဌာန နှင့် လူဝန်မှုကြီးကြပ်ရေး တို့ မှ နိုင်ငံကူးလက်မှတ်များ စတင် ထုတ်ပေးနေပြီ ဖြစ်
သည်။
ဖမ်းဆီးထားသည့် မြန်မာ လူမျိုး ခုနှစ်ဦးကို မြန်မာ ဘက်သို့ ပြန်လည်လွှဲပြောင်းပေးမည်
မဟုတ်ပဲ ထိုင်း လူဝင်မှုကြီးကြပ်ရေး ဥပေဒေများ ဖြင့် အရေးယူမည် ဟု ဆိုသည်။

It is a tragedy especially kids become innocent victims of the system. Thai authority should have sympathy to these people as the victims of economy mismanagement of current Myanmar Junta’s arrogant generals.