ကြိုတင် ခွင့်တောင်းခြင်း မရှိဘဲ သီဆိုသွားဟု တေးရေးဆရာ များမှ ပြောဆို

လျှပ်တစ်ပျက်ဂျာနယ် မှ ကူးယူဖော်ပြပါသည်
ကြိုတင် ခွင့်တောင်းခြင်း မရှိဘဲ သီဆိုသွားဟု တေးရေးဆရာ များမှ ပြောဆို ၂ဝ၁ဝ မတ်လ ၁၉ ရက်နေ့ ညနေ ၆း၃ဝ မိနစ်က ရန်ကုန်မြို့ မျှော်စင်ကျွန်းတွင် ကျင်းပခဲ့သော Iron Cross ဂီတ ဖျော်ဖြေပွဲတွင် MCLC ဝင် တေးရေးဆရာများ၏ တေးသီချင်းများကို အဆိုတော်လေးဖြူ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဟန်ထွန်း တို့မှ ကြိုတင် ညှိနှိုင်း ခွင့်တောင်းခြင်းမရှိဘဲ သီဆိုသွားကြကြောင်း MCLC ဝင် တေးရေးဆရာများ ဖြစ်သော မောင်သစ်မင်း၊ ဝင်းမင်းထွေး၊ ညီညီသွင်နှင့် ကေအေတီတို့မှ ပြောဆိုကြသည်။ MCLC ဝင် တေးရေးဆရာများသည် ပွဲစီစဉ်သူများနှင့် အဆိုတော်များကို နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ(၁၂)ရက်နေ့နှင့် ဒီဇင်ဘာ (၁၈)ရက်နေ့တွင် ”(ပြည်တွင်း/ပြည်ပ) မည်သည့်နေရာတွင်မဆို စီးပွားရေး အသွင်ဆောင်သော ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်မည်ဆိုလျှင် တာဝန်ခံ စီစဉ်သူများသည် အထက်ပါ သီချင်းရေးဆရာများ၏ သဘောတူခွင့်ပြုချက်ကို ယနေ့မှစ၍ ၁-၁-၂ဝ၁ဝ ရက်မတိုင်မီ (၁)စီစဉ်သူများ ကိုယ်တိုင်သော် လည်းကောင်း၊ (၂)တီးဝိုင်း မန်နေဂျာမှ တစ်ဆင့် သော်လည်းကောင်း၊ (၃)အဆိုတော်များမှ တစ်ဆင့်သော် လည်းကောင်း တရားဝင် ရယူထားကြပါရန် အလေးအနက် အသိပေးအပ်ပါသည်” ဟူသော စာသားပါ ကြေညာချက်ကို ထည့်သွင်း ကြေညာခဲ့ကြသည်။ ယင်း ကြေညာချက်ကို နိုင်ငံပိုင် မီဒီယာများတွင် ကြေညာအပြီး ရက်ပေါင်း (၇ဝ)ကျော် အကြာတွင် ဒုတိယကြေညာချက် ဖြစ်သော ”ပွဲစီစဉ် သူများသည် အဆိုပါ သီချင်းရေးဆရာများ၏ တေးသီချင်းများနှင့် ပတ်သက်၍ ကိုယ်တိုင်ဖြစ်စေ၊ သီဆိုမည့် အဆိုတော်များမှ တစ်ဆင့်ဖြစ်စေ MCLC ထံမှ တရားဝင် ခွင့်ပြုချက်ကို ကြိုတင်ရယူရမည် ဖြစ်သည်။ အဆိုတော်များသည်လည်း အဆိုပါ သီချင်းရေးဆရာများ၏ တေးသီချင်းများနှင့် ပတ်သက်၍ MCLC ထံမှ တရားဝင် ခွင့်ပြုချက်ကို ကြိုတင်ရ ယူပြီးမှသာ သီဆိုဖျော်ဖြေမှုများ ပြုလုပ်ကြရမည် ဖြစ်ပါသည်။ သို့ပါ၍ ဤကြေညာချက် ထုတ်ပြန်သောနေ့မှ စ၍ အထက်ပါအတိုင်း လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ပါက ပွဲစီစဉ်သူကိုဖြစ်စေ၊ သီဆိုသူ အဆိုတော်ကိုဖြစ်စေ တည်ဆဲ ဥပဒေများအရ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း လေးနက်စွာ သတိပေး ကြေညာအပ်ပါသည်” ဆိုသော ကြေညာချက်ကို ထပ်မံ ထုတ်ပြန် ကြေညာ ခဲ့သည်။ ယင်းကြေညာချက်နှစ်ရပ်စလုံးကို MCLC ဝင် တေးရေးဆရာများက သုံးလအတွင်း ထုတ်ပြန်ကြေညာခဲ့သော်လည်း ပွဲစီစဉ်သူများနှင့် သက်ဆိုင်ရာ အဆိုတော်များမှ တိကျ လိုက်နာခြင်းမရှိခဲ့၍ ဆက်လက်၍ တရားဥပဒေကြောင်းအရ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း MCLC ဝင် တေးရေးဆရာတစ်ဦးမှ လျှပ်တစ်ပြက်သို့ ပြောဆိုသွားသည်။

အဆိုတော် တေးရေးဆရာ သီချင်း
လေးဖြူ… မောင်သစ်မင်း …လမ်း
လေးဖြူ… ဝင်းမင်းထွေး… မာယာ
လေးဖြူ… ညီညီသွင်…….. ရူးချင်ယောင်ဆောင်မနေနဲ့
လေးဖြူ… နိုင်းနိုင်……….. အိပ်မက်ကဗျာ
လေးဖြူ… ကေအေတီ…… အသုံးမကျတဲ့နှင်းဆီ
လေးဖြူ… ရယ်ဂျီ………… ငါ့ရဲ့လမင်း
ဝိုင်ဝိုင်း… ကေအေတီ…… စည်း
ဝိုင်ဝိုင်း… ကေအေတီ….. လွမ်းနေဦးမယ်
ဝိုင်ဝိုင်း… ကေအေတီ …..မိုးသည်းထဲမှာ
ဟန်ထွန်း.. ကေအေတီ… ရှိနေမယ်
ဟန်ထွန်း.. ကေအေတီ.. တို့ဘဝသစ်နေ့
မျိုးကြီး… ကေအေတီ …ရင်ခုန်သံအရင်းနှီးဆုံး

5 thoughts on “ကြိုတင် ခွင့်တောင်းခြင်း မရှိဘဲ သီဆိုသွားဟု တေးရေးဆရာ များမှ ပြောဆို

  1. ကော်ပီတွေ၊ မူပိုင်ခွင့်တွေ ဘာတွေ၊ညာတွေ
    အကုန်လုံးက ……… ဖါးတစ်ပိုင်း ငါးတစ်ပိုင်း အချိန်မှာဖြစ်ပျက်နေတာတွေလို့ပဲပြောတတ်ပါတယ်ဗျာ။

  2. Why are you now telling about the copyright and the ownership things??? Ok… song writers… you write copied songs and you want to say that it’s your song. funny… no shame. You copied the others’ songs and sold them to the singers. The deal is done. OK? You already made a business without the permission of the original song writer. You should be satisfied. Don’t make problem now. If you don’t want them to sing it, don’t sell it.

  3. If USA Hollywood has the law, the singer and song writer should have follow the law.
    In Burma, I think, until now we don’t have the so called the intellectual law.
    So We should follow the announcement they made or follow the Music council or what??

  4. You are so stupid Min Naing Thu.. Do you really know what is the process go on the background for singing a song in Hollywood?? You need to get permission from the owner before u sing even if it u r going to sing for the charity.It is up to the owner to charge the song or not. This is call intellectual property right. You can’t use without permission.

  5. so what????
    What is the law?
    They don’t get the money from that show, so what???
    Do those writers think they are in hollywood or what?
    Even in Hollywood, A lot of songs are sung by free.

Comments are closed.