ထိုင်းဘုရင် နန်းတက်ပွဲ နှစ်ပတ်လည် အခမ်းအနား ကျင်းပ (ဗီဒီယို)

Thai King Avoids Talk of Unrest in Address

ထိုင်းဘုရင် ၊မိဘုရား သီရိခောတ် နှင့် အိမ်ရှေ့မင်းသား ချူလာလောင်ကွန် တို့ အားတွေ့ရစဉ် (AP Photo)

အသက် ၈၂ နှစ် အရွယ်ရှိ ထိုင်းဘုရင် ဘူမိဘော အဒူလျှာဒက် ၏ နန်းသက်
နှစ် ၅၀ ပြည့်မြောက်သည့် မေလ ငါးရက် နေ့ တွင် ဆီရီရပ် ဆေးရုံမှ နေ၍ ဂရန်း ပဲလေစ် ဋ္ဌတွင် တော်ဝင် ထိုင်းဘုရင့်တပ်မတော်၏ အလေးပြုခြင်း ကိုခံယူပြီးနောက် ပြည်သူ သို့ မိန့် ခွန်းပြောကြားသည်။

ထိုင်းဘုရင် သည် ၁၉၄၆ ခုနှစ် ဇွန်လ ၉ ရက်နေ့ တွင် ဘုရင် အနန္ဒဒါ မဟီဒေါလ်
ဆီမှ အာဏာလွှဲပြောင်းရယူခဲ့ပြီး ၁၉၅၀ မေလ ၅ ရက်နေ့ 
တွင် နန်းတက်ပွဲ အဖြစ် ဘိတ်သိက် သွန်းလောင်းခဲ့သည်။၁၉၅၀ ဧပြီလငါးရက်
နေ့ တွင် လက်ရှိ မိဘုရားကြီးသီရိခောတ် နှင့် လက်ထပ်ထိမ်းမြားခဲ့သည်။

ဘူမိဘောအဒူလျှာဒက်အား ၁၉၂၇ ဧပြီ လ ၅ ရက်နေ့ တွင် မွေးဖွားခဲ့သည်။
သူသည် ၁၇၈၂ ခုနှစ် တွင် တည်ထောင် ခဲ့သည် ချာကရီ မင်းဆက် မှ ဘုရင်တစ်ပါးဖြစ်သည်။

အမေရိကန် နိုင်ငံတွင် မွေးဖွားခဲ့သည့် ထိုင်း ဘုရင်က တနင်္လာ နေ့ ည က တီဗီမှ တစ်ဆင့် ပြည်သူ သို့ ပြောကြား
ခဲ့သည့် မိန့် ခွန်းတွင် လက်ရှိ ထိုင်း နိုင်ငံရေး ပြဿနာ များ ကို ဝေဖန်ပြောကြားခြင်း မရှိ ချေ။ထိုင်း ဘုရင် သည်
သီတင်း  ရှစ်ပတ် ကျော်ကြာဆန္ဒပြပွဲ များ အတွင်း လူ ၂၈ ယောက် ကျော် သေဆုံးပြီး နောက် ပိုင်း တွင် တိုင်းပြည်
သို့ ပထမ ဦးဆုံးအကြိမ် မိန့် ခွန်း ပြောဆိုခြင်း ဖြစ်သည်။

တနင်္လာနေ့ က ညွှန့် ပေါင်းအစိုးရ ၀န်ကြီးချုပ် အဘီဆစ် က နိုဝင်ဘာ လတွင် ရွေးကောက်ပွဲကျင်းပပေးရန် သတင်း
ထုတ်ပြန် ချက် ကို အနီဝတ် အချို့ က သဘောတူခဲ့သည်။

ဂုဏ်ပြုတပ်ဖွဲ့ ရှိရာ သို့ သွားသည့် ထိုင်းတော်ဝင် မိသားစု ၏ မော်တော်ကားတန်း (AP Photo/David Longstreath)