ဖိုင်ဆယ်ရှာဇဒ် အား အကြမ်းဖက် ရန် စီစဉ်မှု ဖြင့် တရားစွဲ

ပါကစ္စတန် တွင် မွေးဖွားခဲ့ပြီး အမေရိကန် နိုင်ငံသား အဖြစ်ခံယူထားသူ   ဖိုင်ဆယ်ရှာဇဒ် အား
ဖမ်းဆီးရမိပြီး နောက် တစ်ရက်အကြာ တွင် မက်ဟတ်တန် ပြည်ထောင်စု တရားရုံးချုပ် တွင်
အကြမ်းဖက်ရန် ၊ လူအမြောက်အမြားသေစေရန် ၊ နိုင်ငံသားကျင့်ဝတ် ဖောက်ဖျက်မှု စသည့်
အမှု ငါးခုဖြင့် တရားစွဲဆိုခဲ့သည်။ရှာဇဒ် ၏ ဖခင်သည် ပါကစ္စတန် လေတပ် ဒုကာကွယ်ရေး ဦး
စီးချုပ် ဟောင်း တစ်ဦးဖြစ်ပြီး ပါကစ္စတန် ပက်ရှဝါ မြို့ တွင် နေထိုင်သည်။

၁၉၉၈ ခုနှစ် ၊           ၊F-1 အဆင့် ကျောင်းသား ဗီဇာ ဖြင့် ၀ါရှင်တန် ရှိ South Eastern  University
တွင် တက်ရောက်ပညာ သင်ကြားခဲ့သည်။နောက်တစ် နှစ်တွင် ကွန်နက်တီကတ်
ပြည်နယ်ရှိ Bridgeport တက္ကသိုလ် သို့ ပြောင်းရွှေ့ ခဲ့သည်။ထိုတက္ကသိုလ် မှ Computer
application and Information System ဖြင့် ဘွဲ့ ရရှိခဲ့သည်။

၂၀၀၄ခုနှစ်၊             ၊ချေစ် မန်ဟန်တန် အိမ်ယာရင်းနှီးမြုပ်နှံမှု ဘဏ် မှနေ၍ ဒေါ်လာ နှစ်သိန်းကျော်ချီး၍ ကွန်နက်တီကတ်
ဇူလိုင် ၇ ရက်            ပြည်နယ်၊ရှယ်(လ)တန် ရှိ Long Hill Avenue တွင် အိမ်ဝယ်ယူခဲ့သည်။

၂၀၀၅ခုနှစ်၊              ၊့University of Bridgeport မှ နေ၍ စီးပွားစီမံခန့် ခွဲမှု မဟာဝိဇ္ဇာဘွဲ့ ထပ်မံ ရရှိခဲ့သည်။
ဇန်န၀ါရီလ ၁ ရက်

၂၀၀၈ ခုနှစ် ၊           ၊အမေရိကန် နိုင်ငံသား ခံယူထားသည့် ဟူမာအာဆဖ် မီယန် နှင့် လက်ထပ်ခဲ့သည်။
အောက်တိုဘာလ    ကွန်နက်တီကတ် ပြည်နယ် ငွေကြေး ကုမ္ပဏီ တစ်ခုတွင် ငွေကြေး စီမံခန့် ခွဲသူ အဖြစ်တာဝန်ထမ်း
၂၀ရက်                     ဆောင်သည်။

၂၀၀၉ ခုနှစ်၊           ၊အမေရိကန် နိုင်ငံသား အဖြစ် ခံယူပြီး ၎င်း၏ ကိုယ်ရေး ရာဇ၀င်ထဲ မှ Neutralizing Act
ဧပြီ ၁၉                     အရ အပြောင်းအလဲ လုပ်၍ ရသည့် အချက်များကို ပြောင်းလဲခဲ့သည်။

၂၀၀၉ ခုနှစ် ၊          ၊ဒူဘိုင်း သို့ ထွက်ခွာပြီး ဒူဘိုင်းမှ တစ်ဆင့် ပါကစ္စတန် နိုင်ငံ သို့ ဆက်လက်ထွက်ခွာသည်။
ဇွန်လ                      ပါကစ္စတန် နိုင်ငံ ၀ါဇီရစ္စတန် တွင် ကားဗုံး ထောင်ခြင်းနည်းပညာ များသင်ယူခဲ့သည်။

၂၀၁၀ခုနှစ်၊            ၊အမေရိကန် သို့ ပြန်လည်ရောက်ရှိလာသည်။
ဖေဖေါ်ဝါရီလ

၂၀၁၀ ခုနှစ်၊           ၊ပရိုပိန်း နှင့် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ပါသည့် နစ်ဆန်း ပတ်ဖိုင်ဒါ မော်တော်ကား
မေလ ၁ ရက်          အားနယူးယောက် တိုင်းစကွဲ တွင် လာရောက်ထားရှိပြီး ထွက်ခွာသွားသည်။

မေလ ၂ရက် ၊        ၊ဒူဘိုင်း နိုင်ငံ သို့ ထွက်ခွာရန် Emirates လေကြောင်းလိုင်းမှ အထက်တန်းလက်မှတ် တစ်
စောင်ဝယ်ယူခဲ့သည်။(လေယာဉ်ခရီး စဉ် အတွက် Final Passenger အဖြစ်ဝယ်ယူခြင်းဖြစ်သည်)

မေလ ၄ ရက်၊        ၊Isuzu Trooper အဖြူရောင်ဖြင့် JFK လေဆိပ်သို့ ထွက်ခွာပြီး၊လေယာဉ်ထွက်ခွာရန် အချိန်
နီးကပ်စဉ် FBI အဖွဲ့ ၏ ဖမ်းဆီးခြင်း ကို ခံရသည်။