မြ၀တီ ညဈေးတွင် ဗုံးပေါက်ကွဲ လူသုံးဦးသေ၊ ၁၇ ဦးဒဏ်ရာရ

Updated ဗုံးပေါက်ကွဲမှု ကြောင့် မြ၀တီ အခြေစိုက် တပ်ရင်းများ မှ မြို့ လယ်လမ်းမတလျှောက်
ညတွင်းချင်း နေရာ ယူထားသလို  ၉၉၉ ဂိတ်မှ တာဝန်ခံ အဆင့်ရှိ DKBA ဗိုလ် အောင်ကျော်နှင့်
တပ်သား နှစ်ဦး အပါအ၀င် မြ၀တီ မြို့ ပေါ်နေ DKBA အရာရှိ အချို့ ကိုလည်းဖမ်းဆီးထားသည်
ဟု သိရသည်။

ယနေ့ ည ကိုးနာရီဆယ့်ငါးမိနစ် အချိန် ခန့် တွင်  ထိုင်း-မြန်မာ နယ်စပ် မြ၀တီ မြို့ ဉ် ဗုံးပေါက်ကွဲရာ
လူနှစ် ဦးသေဆုံး ခဲ့သည်။ဗုံးပေါက်ကွဲ မှုမှာ ညဈေး ရှိ ပန်းသီးဆိုင် ရှေ့ တွင်ဖြစ်ပွားခြင်း ဖြစ်ပြီး
ဆိုင်ကယ် စီးလာသည့် ပြောက်ကျား အကျီင်္ ၀တ်ထားသည့် လူတစ်ဦး ထိုဆိုင် ရှေ့ တွင် ဆိုင်ကယ်
ရပ်ပြီး မကြာခင် ဗုံးပေါက်သွားခြင်း ဖြစ်သည်။

ပေါက်ကွဲမှု အရှိန်ကြောင့် ထိုသူ၏ ခန္တာ ကိုယ်မှာ နှစ်ပိုင်း ပြတ်သွားပြီး တစ်ပိုင်းမှာ ဓာတ်ကြိုးတန်း
တွင် သွားချိတ်နေ သည် ဟု မျက်မြင် တွေ့ ရှိ သူများက Freedom News Group သို့ ပြောသည်။

မြ၀တီမြို့ ခံများကမူ ဗုံးပေါက်ကွဲမှု မှာ DKBA ၏ လက်ချက် ဟု ပြောဆိုနေကြပြီး ယမန်နေ့ က စ၍
မြန်မာ စစ်တပ်က DKBA တပ်များ အခြေစိုက်သည့်  နယ်စပ်ဂိတ်များ ဖြစ်သည့် ၉၉၉ ဂိတ်အပါအ၀င်
အခြားဂိတ်များ ကို သိမ်းပိုက်လိုက်ခြင်း ကြောင့် DKBA အဖွဲ့ ဝင်များ မကျေမနပ် ဖြစ်နေကြသည်
ဟု ဆိုသည်။

ဗုံးပေါက်ကွဲမှုကြောင့် လူသုံးဦးသေဆုံး ပြီး ၁၇ ဦးဒဏ်ရာရရှိသည် ဟု မြ၀တီ ဆေးရုံမှ တာဝန်ရှိ
သူတစ်ဦးက ပြောသည်။

ယမန်နေ့ က လည်း မြန်မာ စစ်ဗိုလ်ချုပ် အချို့ စီးလာသည့် ယာဉ်တန်းအား ကော့ကရိတ် မြို့ အနီးတွင်
ချောင်းမြောင်းပစ်ခတ်မှု ဖြစ်ခဲ့သည်။