ယနေ့ ည ဆယ့်နှစ်နာရီ ခန့် က ရဲမွန် တပ်မြို့ တွင် ပစ်ခတ်မှုများ စတင်ဖြစ်ပွားသည် ဟု သတင်းရရှိသည်။
လွန်ခဲ့သည့် သီတင်းတစ်ပတ်ကျော်က ဘဏ်စုငွေများ ထုတ်မပေးခြင်းကြောင့် မကျေမနပ် ဖြစ်နေသည့် ရဲမွန်
တပ်မှ တပ်သားများ ကို လက်ဖြောင့်တပ် အပြင် နေပြည်တော်မှ တပ်များ က လာရောက်ဝိုင်းရံခဲ့သည်။
ထို လာရောက်ဝိုင်းသည့် တပ်များမှာ နေ့ ရက်ကြာလာသည်နှင့် အမျှ ရဲမွန်တပ်တွင်းရှိ ရဲဘော်များ ကို
ဂရုဏာသက်ပြီးတုံ့ ပြန်မှုများ ပြုလုပ်ရန် နှောင့်နှေးရာမှ ထပ်မံလာရောက်သည့် တပ်နှင့် ကနဦး
ဝိုင်းထားသော တပ်များ ပဋိပက္ခဖြစ်ခြင်း ဟု ရန်ကုန် မြို့ ရှိ တပ်မတော် အရာရှိ ဟောင်း တစ်ဦးက
Freedom News Group သို့ ပြောသည်။
ရဲမွန် တပ်မြို့ ၏ နောက်ဆုံး အခြေအနေများ နှင့် ပတ်သက်၍ “ ညက တပ်အပြင်မှာ လို့ ထင်ရတယ်
သေနတ်သံ ဆယ်ချက်လောက် ကြားတယ် သတိပေးသံ မဟုတ်ဘူး တစ်ဖက်နဲ့ တစ်ဖက် ပစ်တဲ့အသံ
မျိုး နောက်ဆုံး ပစ္စတို သံ နှစ်ချက် လောက်ပစ်ပြီးတော့ မှ အသံတိတ်သွားတယ် ဟု ထို တပ်မတော် အရာရှိ
ဟောင်း တစ်ဦးက ပြောသည်။
၁၉၉၈ ခုနှစ် တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ လွှတ်တော် ခေါ် ယူကြိုးပမ်းစဉ်က ရဲမွန်တပ်မြို့ 
တွင် ခေတ္တ အထိန်းသိမ်းခံရသည့် လွှတ်တော်အမတ် တစ်ဦးက “ဒီတပ် က က ဦးတို့ 
အပေါ် အတော်ကောင်းတယ် ၊အဲဒီတုန်း က အပြင်က သတင်းတွေ ကို ပြောတယ် ၊နောက် လိုအပ်တာ
တွေ ကိုစီစဉ် ပေးတယ် ၊ အခု သူတို့ စားဝတ်နေရေး တောင် မပြေလည် ဘူးဆိုတာကြားရတော့ စိတ်မကောင်း
ဘူးဟု ပြောသည်။
ရန်ကုန် အနီးရှိ စစ်တပ်များတွင် တပ်တွင်း ကနဦး အုံကြွှမှု သဘောဖြစ်နေခြင်း ကြောင့် ရှစ်လေးလုံး
အရေးတော်ပုံ ၂၂ ပြည့်မြောက် နှစ်တွင် ရန်ကုန်မြို့ ဉ် လုံခြုံရေး တပ်ဖွဲ့ ဝင် အင်အားများ တိုးမြင့်ချထား
နိုင်ခြင်း မရှိ ဟု သိရသည်။
နေပြည်တော် မှ သတင်းပေးပို့ ချက် အရ စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များသည့် ရန်ကုန် နှင့်
ပဲခူးမြို့ လုံခြုံရေး အတွက် ရဲတပ်ဖွဲ့ ဝင်များ ကို ပိုမို အား ကိုးလာသည် ဟု သိရသည်။
Freedom News Group မှ ရဲမွန် တပ်မြို့ အခြေအနေ ကို ထပ်မံ စုံစမ်းဆဲ ဖြစ်ပါသည်။

ရှင်းပြမယ်ဘာမှမဟုတ်ဘူးမှတ်မိဦးမယ်ဆိုရင်အရင်ကလဲဒီလိုသတင်းမျိုးကိုခနခနဖြန့်ကြတယ်။ရေပြာတပ်ကိစ္စတွေနေပြည်တော်
အာဏာသိမ်းတာမအောင်မြင်တာတွေဦးသိန်းစိန်ပြုတ်သွားတာတွေစသဖြင့်ဖြစ်ချင်တာလေးတွေကိုစိတ်ကူးလေးယဉ်ပြီးဖြန့်ကြတယ်
ပထမဆုံးသတင်းကိုတပ်တွေမကျေမနပ်ဖြစ်နေကြတယ်ဘာကိစ္စညာကိစ္စနဲ့ခွင့်မဲ့တွေပျက်ကွက်နေကြတယ်ဆိုတာမျိုးကိုဖြန့်တယ်
ပြီးရင်အဲ့ဒိတပ်မှုးကိုပြည်သူတွေကဘယ်သူနဲ့နှိုင်းနေပြီဘယ်လိုအားကိုးနေပြီမပါမဖြစ်ကတော့တပ်မှူးကNLD(အပြုတ်)ကဒေါ်စု
လက်အောက်ခံဘယ်အမတ်ကိုဘယ်လိုတွေ့ဆုံခဲ့ပြီဦးတင်ဦး(ကာချုပ်ဟောင်း)ကိုတွေ့ပြီးဘယ်လိုညှိနှိုင်းခဲ့ပြီဆိုတာမျိုးလွှင့်မယ်။နောက်မကြာခင်တပ်တွေစတင်ပစ်ခတ်ကြပြီဆိုတာလွှင့်မယ်။ပြီးရင်တော့ပြည်သူတွေအဲ့ဒိပုန်ကန်တဲ့တပ်နေရာကိုသွားပြီးဝန်းရံပေးပါဘာညာနဲ့တောင်းဆိုတာတွေလုပ်လာမယ်။ကဲရှင်းပလား။
ကိုစင်းပဲတို့ အဖွဲ့တွေ လုပ်ကြပါဦး..ခင်ဗျားတို့ တပ်မတော်ကြီး ဘာတွေဖြစ်နေပြီလဲ ? သေနတ်ပြောင်းတွေ အချင်းချင်းလှည့်ကုန်တာ ပစ်စရာကုန်သွားလို့လား ? ဒါမှမဟုတ် စစ်သားတွေ သဘောထား အစစ်အမှန်ကို နားလည်လာကုန်ကြလို့လား ? ရှင်းပြပါဦး