ဟတ်ထိတယ် ရုပ်ရှင်ကား ဘာကြောင့် လူကြိုက်များ

ယခု ရုံတင်ပြသနေသည့် ဟတ်ထိတယ်အမည်ရှိ ရုပ်ရှင်ကားမှာ လွန်ခဲ့သည့် ၂၂ က အာဏာရှင်ဦးနေ၀င်းမှ ဆန္ဒပြ ကျောင်းသား၊ပြည်သူများအား ခြိမ်းခြောက်ပြောကြားခဲ့သည့် စစ်တပ်ဆိုတာ ပြစ်ရင်မှန်အောင်ပစ်တယ် ဆိုသည့် စကားအား ရုပ်ရှင်အဖွဲ့ သားများက စိတ်ကူးဆန်းကြယ်စွာဖြင့် ဟတ်ထိတယ် အမည်ဖြင့် သရုပ်ဖော်ထားသောကြောင့် လူကြိုက်များနေသည်

ဟတ်ထိတယ် ဇာတ်ကားတွင် မင်းသမီး အိန္ဒြာကျော်ဇင်  ယောင်္ကျား လေးတစ်ဦးသဖွယ်သရုပ်ဆောင်ထားသည်။
ဟတ်ထိတယ် ဆိုသည့် စကားလုံးမှာ ၂၀၀၀ ပြည့်နှစ်နှောင်းပိုင်းမှ စ၍ မြန်မာ လူငယ်များ၏ ဘန်းစကားတွင်ရေပန်း
စားခဲ့သော်လည်း ယခု ဇာတ်ကား ရုံတင်ပြီး နောက်ပိုင်းတွင် လက်နက်ကိုင် အဖွဲ့ အစည်းမှ တာဝန်ရှိသူများကို မြင်တိုင်း
ဟတ်ထိတယ် ဟု ပြောင်လှောင်ခေါ်ကြခြင်းဖြင့် ပို၍ နာမည် ကြီးနေသည်ဟု သိရသည်။

‘ဟတ်ထိတယ်’ ဇာတ်ကားတွင် ရန်အောင်၊ ရဲအောင်၊ သူထူးစံ၊
မိုးအောင်ရင်၊ မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်နှင့်
သင်ဇာဝင့်ကျော် ၊ပွင့် တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြောင်း
သိရသည်။ အကြည်တော်၏ ၀တ္ထူကို စိုးကျော်ဆန်းမှ ဇာတ်ညွှန်း
ရေးသားထားကာ ဒါရိုက်တာညွန့်မြန်မာညီညီအောင်က ဟာသရုပ်ရှင်
ဇာတ်ကားတစ်ကားအဖြစ် ရိုက်ကူးထားခြင်းဖြစ်သည်။

ဟတ်ထိတယ် အမည်ရှိ ဇာတ်ကားသည် ၂၀၁၀ ခုနှစ် အတွင်း
ရုံတင်မည့် ဇာတ်ကား ၁၃ ကားဉ် တစ်ကားအပါအ၀င်ဖြစ်သည်
ဟု နာမည်ကျော် ဒါရိုက်တာ တစ်ဦးက Freedom News Group သို့ ပြောသည်။

လွန်ခဲ့သည့် ၂၂ က ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်စဉ်
သမ္မတရုပ်ရှင်ရုံဉ် ရုံတင်ပြသသည့်ကားမှာ မင်းသား ဖရန်ကို
နီရိုး ပါဝင်သရုပ်ဆောင်ထားသည့် Django Strikes Again ဖြစ်သည်။

ဟတ်ထိတယ်ဇာတ်ကားမှ ဇာတ်ဝင်ခန်းများကြည့်ရန် ဤနေရာတွင်နှိပ်ပါ

Django Strikes Again ‘s Trailer