Burma to release 11,000 inmates before polls
အောင်မြင်၊ ၊မြန်မာအာဏာပိုင်တွေက အကျဉ်းသား၁၁၀၀၀ကို နိုဝင်္ဘာ ( ၇ ) ရက်နေ့မ
တိုင်ခင်လွှတ်ပေးမည်ဟု ယနေ့တရားဝင်ပြောဆိုလိုက်သော်လည်း ထိုလွှတ်ပေးမည့် ထဲတွင်
နိုင်ငံရေးအကျဉ်းသားများ ပါဝင်မည်၊မပါဝင်မည်ကို ရှင်းရှင်းလင်းလင်းပြောကြားခြင်းမရှိခဲ့ကြောင်း
သတင်းရရှိသည်။
အကျဉ်းသား ( ၃၀၀၀ )ကျော်အား ကျခံနေရသော ပြစ်ဒါဏ်မှလျော့ပေါ့ပေးပြီး၊ အကျဉ်းသား(၈၀၀၀) ကျော်ကိုလည်းရွေးကောက်ပွဲမတိုင်ခင်ပြန်လွတ်ပေးရန် အကျဉ်းဦးစီးဌာနမှ စီစဉ်နေကြောင်းကို မြန်မာတိုင်းမ်ဂျာနယ်အားပြောဆိုခဲ့သည်။ ထိုသို့ပြန်လွှတ်ပေးမည့်သူများအားလုံး နိုဝင်င်္ဘာံရွေးကောက်
ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ စာရင်းတင်ပြ အကြောင်းကြားထားပြီးဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ အမည်မဖေါ်လိုသူတဦးက အဆိုပါဂျာနယ်သို့ပြော
ကြားခဲ့သည်။
နိုင်ငံရေးအကျဉ်းသား ၂၁၃၉ ဦး (AAPP-မှထုတ်ပြန်သော စက်တင်္ဘာံလအထိ နိုင်ငံရေးအကျဉ်းသား
စာရင်းမှ) မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးတွင်အကျဉ်းကျခံလျက်ရှိသည်။ ရွေးကောက်ပွဲအကြို
လွတ်ပေးမည့် အကျသ်းသား ၁၁၀၀၀ ထဲတွင် နိုင်ငံရေးအကျဉ်းသားများပါဝင်မည်ဟု အကျဉ်းဦးစီးမှထုတ်ဖေါ်ပြောဆိုခြင်းမရှိကြောင်းသိရသည်။
မြန်မာနိုင်ငံတွင်း အကျဉ်းထောင် ၄၃ထောင်နှင့် ရဲဘက်စခန်း (အလုပ်ကြမ်းစခန်း)၁၀၀ တွင် အကျဉ်းသား
စုစုပေါင်း ၆၀၀၀၀ ကျော် အကျဉ်းကျခံနေကြရသည်။
နှစ် ၂၀အတွင်း ပထမဆုံးအကြိမ်ကျင်းပတော့မယ် ရွေးကောက်ပွဲတွင် အဓိကအတိုက်ခံNLD ပါဝင်နိုင်
ခြင်းမရှိရန်ရွေးကောက်ကော်မရှင်ဥပဒေများဖြင့်တားဆီးခဲ့သည်။NLDခေါင်းဆောင်ဒေါ်အောင်ဆန်းစ
ကည်သည်လည်း နေအိမ်အကျယ်ချုပ် ၁၈လကြာပြစ်ဒါဏ်ကျခံနေရပြီး၊ လာမယ့် နိုင်ဝင်္ဘာ ၁၃ ရက်နေ့တွင်
ပြစ်ဒါဏ်ကုန်ဆုံးမည်ဖြစ်သည်။
