

ဟိန်းခိုင်ထွန်း၊ ၊အောက်တို ဘလ ၇ ရက်နေ့ မှ စပြီး မန္တလေးမြို့ တွင် မိုးသည်းထန်စွာ
ရွာသွန်းပြီးနောက် ဆည်ရေဖောက်ချမှု များ ဖြစ်ပွားရာ မန္တလေး အနီး တ၀ိုက် ရှိ ရပ်ကွက် နှင့် ကျေးရွာ
များ ရေအောက်ရောက်ကာ ထိုဖြစ်စဉ်ကြောင့် သေဆုံး သူ ခြောက်ဦး နှင့် နှစ်ဆယ်ကျော်ပျောက်ဆုံးနေ
သည် ဟု ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ပေးနေသည့် မန္တလေး မြို့ ခံ ကိုအောင်မြင့်
က Freedom News Groupသို့ ပြောသည်။
လူနေအိမ်ခြေများ ရေကြီး နစ်မြုပ်မှု မှာ မန္တလေးမြို့ နယ်တွင် အဆိုးဆုံး ဖြစ်ပြီး မတ္တရာ နှင့် မေမြို့ -မန္တလေး
ကားလမ်း မှာ လည်း ရေနစ်မြုပ်နေ၍ သွားလာ ရေး များ စနေ နေ့ ည ကတည်းက ရပ်တန့် သွားသည်ဟု သတင်းရရှိသည်။

မန္တလေး တိုင်းမှာ ရေကြီး လို့ လူသေပျောက်မှု တွေ ရှိသလို စစ်ကိုင်းတိုင်း မုံရွာ၊ဧရာဝတီတိုင်း ဘိုကလေး နှင့်
လပွတ္တာ ၊ ရခိုင်ပြည်နယ် ဘူးသီးတောင် နဲ့ စစ်တွေ ၊ မွန်ပြည်နယ် မော်လမြိုင်၊ ရန်ကုန် တိုင်း သုံးခွ၊ ထောက်ကြံ့ နှင့် တောင်ဒဂုံ မြို့ နယ် တွေ မှာ လည်း ရေကြီး နစ်မြုပ်မှု တွေ ရှိတာကြောင့် ပြည်သူလူထု အနေနဲ့ အခက်အခဲ
ကြုံနေရပါတယ်လို့ ရန်ကုန် မြို့ မှ စာရေးဆရာ တစ်ဦးက ပြောသည်။
မန္တလေးတိုင်းမှာ တော့ ဆည်တော်လေး ဆည်ရေ ကို ဖောက်ချမှု ကြောင့် ပုသိမ်ကြီး မြို့ နယ်တွင်းက ဂဏန်း
ကုန်း ရွာ ဟာ ရွာ လုံးကျွတ် ရေနစ်မြုပ်ပြီး ကလေးနှစ်ဦး ရေထဲ မျော ပါ သေဆုံးရတယ် လို့ သံဃာတော်
တစ်ဦး မှ အမိန့် ရှိသည်။
ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ဘင်္ဂလား ပင်လယ်အော် မှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းက မြန်မာ နိုင်ငံ မြောက်ပိုင်း
ကို ကုန်းတွင်း ဖြတ်ကျော် ၀င်ရောက် ခဲ့တာ ကြောင့် အခုလို မိုးသည်းထန်စွာ ရွာသွန်းမှု ၊ရေကြီး မြေပြို နစ်
မြုပ်မှု တွေ ရှိခဲ့တာ လို့ ကြိုတင် သတိပေး ကြေညာခဲ့တဲ့ Freedom Weather Forecast က ပြောသည်။
မြန်မာ နိုင်ငံ မြောက်ပိုင်း က ကချင် ပြည်နယ် ဖားကန့် မြို့ နဲ့  မြစ်ကြီးနား မြို့ တွေ မှာ လည်း ရေကြီး နစ်မြုပ်
မှု တွေ ရှိနေသည် ဟု သတင်းရရှိသည်။
အခု လို ရေကြီး နစ်မြုပ်ပြီး ပြည်သူတွေ ဒုက္ခရောက်နေတဲ့ သတင်းတွေ ကို စစ်အစိုးရ သတင်းစာ တွေ က
ဖော်ပြခြင်း မရှိသလို ၊ ဒုက္ခရောက်နေ တဲ့ ပြည်သူတွေ ကို လည်း ဘာ အကူအညီမှ မပေးပါဘူး ။

နည်းနည်း နော်နော် ပေါင်ကြီး မဟုတ်ဘူး
ကိုက်စားချင်စရာကြီး
ဒါပေမယ့် အဲဒီကြီးကို ဘယ်နှယောက်လောက်စားပြီးပြီးလဲမသိဘူးနော်
ိဝင်ရေးကြတဲ့လူတွေမမိုက်ရိုင်းဘို.တော.ကောင်းပါတယ်။
ကျွန်တော်လည်း FNG ကို အမြဲဖတ်ဖြစ်ပါတယ်… ပညာသားပါတဲ့ cmd တွေဖတ်ရတာသဘောကျသလောက် ဆဲနည်းပေါင်းစုံနဲ့ cmd တွေကတော့တော်တော်စိတ် အနှောင့်အရှက်ဖြစ်တယ်ဗျာ
်fng.ကနောက်နေတာတော့မဟုတ်ပါဘူး..ဘာကြောင့်ဆိုတော့အက်ဖန်ဂျီကသတင်းအဖွဲ့လေ…လူတယောက်မှမသေလဲရေ
ကြီးတာကဖြစ်နေကျမဟုတ်တဲ့အတွက်ဒါဟာသတင်းမီဒီယာနှင့်သတင်းသမားအဖို့တော့သတင်းပါပဲ..
သတင်းဌာနတွေနဲ့သတင်းသမားတွေကြောင့်နိုင်ငံတကာအစိုးရတွေဟာမလုပ်ဘဲပစ်ထားတဲ့အခြေအနေ
ကနေထလုပ်ပေးလိုက်ရတဲ့ဖြစ်ရပ်ဖြစ်စဉ်တွေအများကြီးပါ…ဟားတိုက်နေလဲသတင်းဌာနနဲ့သတင်း
သမားတွေကဂရုစိုက်နေမှာမဟုတ်ပါဘူး..သူ့အလုပ်ကိုသူလုပ်နေမှာသေချာပါတယ်..fngဟာသတင်း
နဲ့ဓါတ်ပုံတွေတင်ပြတာတွေမှာကောင်းပါတယ်.ကျနော်ကတော့ fngကိုအားပေးပါတယ်.အမြဲတမ်း
သူ့သတင်းတွေကိုဖတ်ပါတယ်.
မင်းသာ အစိုးရက ကူညီနေတာမသိတာ အမေရိကန် ဗွီအိုအေ(အာကြီး)တောင်သိတယ်ကွာ။
အောက်မှာဖတ်ကွာ…VOA သတင်းမိတ္တူ…..
အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) က ဦးတင်အောင်အောင်က ဗွီအိုအေကို ပြောပါတယ်။
“ဟုတ်ကဲ့။ ကျနော်တို့ NDF ပါတီကနေပြီးတော့ ကျနော်တို့ ဆည်တော်ပေါ့လေ။ ဆယ်တော်လေးမှာ တောင်ကျရေတွေ ကျလို့ဗျ။ မနေ့က ကျနော်တို့ စားစရာပစ္စည်းတွေ သွားပို့ရပါတယ်ခင်ဗျ။ ဒီနေ့လည်း ကျနော်တို့ ထမင်းထုပ်တွေ ကျနော်တို့ သွားပို့ပါတယ်။”
တခြား ဘယ်နေရာတွေမှာရော ရေကြီးလဲ။ –
“တခြားက အခု မန္တလေးမှာ မြို့သစ်ပိုင်းမှာလည်း ဖြစ်နေတယ်ဗျ။ မြို့သစ်နေရာမှာ ရေတွေ တော်တော်လေးတက်နေတယ်။ တစ်ထပ်အိမ်ဆိုရင် ရေတ၀က်လောက် ရောက်နေတယ်ပေါ့လေ။ နှစ်ထပ်အိမ်ဆိုရင် ကြမ်းခင်းလောက် ရောက်နေတယ်ပေါ့။ အဲဒီမှာလည်း အခု ထမင်းထုပ်တွေ ပေးနေရတဲ့အနေအထားမှာ ရှိပါတယ်။”
တခြား မန္တလေး ပတ်ဝန်းကျင်က အခြေအနေရော ဘယ်လိုရှိလဲခင်ဗျ။
အဲဒါ ဘယ်နှစ်ရက်လောက် ရှိပြီလဲခင်ဗျ။
“မိုးရွာတာက တမြန်မနေ့လောက်က ရွာတာခင်ဗျ။”
ခုနက ထမင်းထုပ်တွေဘာတွေ ဝေနေရတယ်ဆိုတော့ ရေဘေးကယ်ဆယ်ရေးအတွက် စခန်းတွေဘာတွေ ဆောက်တာရော ရှိလား အာဏာပိုင်တွေဘက်ကပေါ့။
“ဟုတ်ကဲ့။ ရှိနေပါတယ်။ ပုံမှန် ဆယ်တော်ဆိုလို့ရှိရင် ဆယ်တော်ဘူတာမှာ စခန်းတွေ ချထားတယ်ပေါ့လေ။
ဦးတင်အောင်တို့က အခုဟာက NDF အနေနဲ့ လိုက်ပြီး အကူအညီပေးနေတာလား။
“ဟုတ်တယ်ခင်ဗျ။ NDF အနေနဲ့ လိုက် အကူအညီပေးတာပါ။ ကျနော်တို့ သီရိတံခွန်တို့ ဘာတို့ကတော့ NDF ကပဲ အဲဒီက လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ခိုင်က ထမင်းတွေချက်ပြီး ထမင်းတွေပို့နေပါတယ်ခင်ဗျ။”
တခြား အကူအညီပေးတဲ့အဖွဲ့အစည်းတွေရော ရှိလားခင်ဗျ။ –
“ရှိပါတယ်ခင်ဗျ။ မနေ့ကလည်း ကျနော်တို့ သိရသလောက်ကတော့ ၀ံသာနု တို့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့တွေကလည်း ပေးနေတာ ကျနော်တို့ တွေ့ပါတယ်။”
အစိုးရ အာဏာပိုင်တွေဘက်ကရော လုပ်ပေးတာရှိလားခင်ဗျ။ –
“အစိုးရ အာဏာပိုင်အဖွဲ့တွေကတော့ ရယက တို့က မန္တလေးမြို့ပေါ်မှာ ထမင်းထုပ်တွေ ဆင်းပြီးတော့ ဈေးချိုတို့ဘာတို့က ထမင်းထုပ်တွေ ဆင်းပို့နေတာ ကျနော်တို့ တွေ့ခဲ့ပါတယ်။”
ကဲကဲ….ဒါတောင် ဆန့်ကျင်ဘက် အသံလွှင့်ဌာနက ဖော်ပြပေးတာနော်…သူတို့က တို့အစိုးရများများလုပ်ပြရင်တောင် နဲနဲပဲဖော်ပြတာဆိုတော့ ဒီလောက်ဖော်ပြထားရင် ပြင်ပမှာ ဘယ်လောက်အကူညီတွေပေးနေလဲ သဘောပေါက်..။
ခုချိန်မှာ သူတို့လဲ သိပ်အရေးကြီးတာတွေ အလုပ်ရှုပ်နေကြလို့ပါ။ တချို့တဝက်က အာဏာပိုင်အဖွဲ့မှာ ပြန်လည်ပါဝင်ရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေ ပေါပေါများများသုံးစွဲရင်း မဲဆွယ်စည်းရုံးနေကြပါတယ်။ ပါခွင့်မရတဲ့သူတွေကတော့ နောက်ဆုံးကျန်တဲ့ မိနစ်အထိ ရနိုင်သမျှ ယူသွားရေးအတွက် အလုပ်များနေကြပါတယ်။ Simple တို့လို နောက်လိုက်ခွေးတွေကတော့ ဘာဖြစ်မယ်မှန်း မရေရာတော့တဲ့ ဘဝမှာ ခပ်ချောင်ချောင် ဆက်လက်နေထိုင် အရိုးကိုက်ရေးအတွက် လုံးပန်းနေကြရပါတယ်။ လူပေါင်းများစွာ သေကြေခဲ့တဲ့ နာဂစ်တောင် အရေးမလုပ်တာ ဆယ့်လေးငါးယောက်လောက်သေတဲ့ ရေကြီးတာကို သတင်းလုပ်ဖော်ပြတဲ့ FNG ကို သူတို့တွေ ဟားတိုက်ရယ်နေမလားပဲ.. ! နောက်နေတာလား FNG ? တခြားနည်းနဲ့ နောက်ပါဗျာ..