ဗြိတိန် အာဏာရ ပါတီ ဌာနချုပ် အား ကျောင်းသားများ ၀င်စီး

အခွန်အတုပ် တိုးမြှင့် ကောက်ခံသော ကွန်ဆာဗေးတစ် အစိုးရ၏ ပါတီ ဌာနချုပ်မှ အလံ ကို ကျောင်းသား များ က ဖြုတ်ချပြီး မင်းမလို ၀ါဒ အလံ လွှင့်ထူနေစဉ်

ဗြိတိန် အာဏာရ ကွန်ဆာဗေးတစ် ပါတီ ဌာနချုပ် ကို ချိုးဖောက်ဝင်ရောက် ပြီး ဆန္ဒပြခဲ့သည့်
ကျောင်းသား ၃၂ ဦး ကို  လန်ဒန် ရဲတပ် ဖွဲ့ ကဖမ်းဆီးထားသည် ဟု FNG ကသတင်းရရှိသည်။
ကွန်ဆာဗေးတစ် ပါတီ အာဏာရပြီး နောက် တက္ကသိုလ် ကျောင်းသား များ ၏ ကျောင်းလ ခများ
ကို တိုးမြှင့် ကောက်ခံရာမှ လန်ဒန် နှင့် အခြား မြို့ များ မှ ကျောင်း သားများ စုရုံးပြီး လန်ဒန် မြို့ ရှိ
ကွန် ဆာဗေးတစ် ပါတီ ရုံးစိုက်ရာ မီလီဘန့် တာဝါ ရှေ့ တွင် ဆန္ဒပြကြ ခြင်းဖြစ်သည်။

ထိုဆန္ဒပြပွဲတွင် ကျောင်းသားများက ကွန်ဆာဗေးတစ် ပါတီ ဌာနချုပ် ကို ၀င်ရောက် စီးနင်းပြီး
ပါတီ အလံ ကို ဖြုတ်ချကာ မင်းမလိုဝါး( Anarchist) အလံ ကို လွှင့်တင် ခဲ့သည် ဟု သတင်း
ရရှိသည်။

ဗြိတိန် ဉ် ကျောင်းသားများ ခြိမ့်ခြိမ့် သဲ ဆန္ဒပြနေစဉ် ပါတီ ခေါင်းဆောင် ဒေးဗစ် ကင်မရွန် သည် တရုတ်
ဉ် ရောက်ရှိ နေပြီး ပီကင်း တက္ကသိုယ် ဉ် ဒီမိုကရေစီ တရား ဟောကြားနေသည်။