အောင်မြင်၊ ၊၁၇ကြိမ်မြောက်ကမ္ဘာလုံးဆိုင်ရာ ကျောင်းသားလူငယ်များစုံညီပွဲတော်ကို
ယနေ့မြန်မာစံတော်ချိန်ညနေ၆နာရီ တွင်တောင်အာဖရိကနိုင်ငံ မြောက်ပိုင်းပရီတိုးရီယားမြို့မှာ
ကျင်းပကြောင်းသတင်း ရရှိသည်။
ကမ္ဘာလူငယ်ကျောင်းသားပွဲတော်ကို ဒီဇင်ဘာ ၁၃ရက်နေ့ကနေ ၂၁ရက်နေ့အထိကျင်းပမှာဖြစ်ပြီး ပွဲတော်ရဲ့ဖွင့်ပွဲအခမ်းအနားကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က
အဖွင့်အမှာစကားကို ဗီဒီယိုဖိုင်ဖြင့်ပြောကြားဖွင့်လှစ်ကြောင်းသတင်းရရှိပါသည်။ လူငယ်စုံညီပွဲတော်
အခမ်းအနားသို့ နိုင်ငံပေါင်း ၁၂၀ကျော်ကကျောင်းသားလူငယ် ၂၀၀၀၀ကျော်တက်ရောက်ပြီး
မြန်မာနိုင်ငံ ဆိုင်ရာ ကျောင်းသားကိုယ်စားလှယ်အဖြစ် အိန္ဒိယနိုင်ငံအခြေစိုက်မြန်မာ
နိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်ဥက္ကဌ ရဲဘော်ကျော်သန်းတက်ရောက်ကြောင်းသိရသည်။
အဆိုပါလူငယ်ကျောင်းသားပွဲတော်တွင် အာဏာရှင်နိုင်ငံများဖိနှိပ်မှုအောက်မှလွတ်မြောက်ရေးကိစ္စများနှင့် လူမျိုးစုရေးရာ-ဘာသားရေးဖိနှိပ်မှုများ ကိုဆွေးနွေးသွားမယ်လို့ ရဲဘော်ကျော်သန်းကပြောပြပါသည်။
မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့်ဖမ်းဆီးနှိပ်စက်ခံနေရသော နိုင်ငံရေးအကျဉ်းသား၂၂၀၀ ကျော်အမြန်ဆုံးလွတ်မြောက်နိုင်ရေး၊ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် တက်ရောက်လာ
ကြသော လူငယ်ကျောင်းများကိုယ်စားလှယ်များက နိုင်ငံတကာနှင့် မိမိတို့သက်ဆိုင်ရာအစိုးရများမှ ဖိအားပေးသွားရန်တင်ပြတောင်းဆိုမည်ဖြစ်ကြောင်းသိရပါသည်။
အဆိုပါကျောင်းသားလူငယ်စုံညီပွဲတော် သို့ကမ္ဘာ့ဒီမိုကရက်တစ်လူငယ်များအဖွဲ့ချုပ် ( World Federation of Democratic Youth)မှဒေါ်အောင်ဆန်းကြည်နေအိမ်အကျယ်ချုပ်မှလွတ်မြောက်
လာမှုကိုကြိုဆိုဂုဏ်ပြုပြီး၊နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး၊ဒီမိုကရေစီစနစ်ကူး
ပြောင်းရေးတို့ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့လုပ်ဆောင်မှုကိုထောက်ခံကြောင်းကြေညာချက်
တစောင်ပေးပို့ ဖတ်ကြားကြောင်းသတင်းရရှိသည်။ မြန်မာပြည်သူတွေလိုလားတောင့်တ
နေမှုများကို မြန်မာပြည်သူတွေနဲ့တသားတည်းတောင်းဆိုတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းကို အဆိုပါကြောညာချက်မှာဖေါ်ပြပါရှိ သည်။
ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့် ခွန်း
ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရက်တစ်လူငယ်များအတွက် မိန့် ခွန်းပြောကြားရတာဟာ ကြီးမားတဲ့အခွင့် အရေးတခုဘဲဖြစ်ပါတယ်။အာဖရိက မှာရှိတဲ့ လူငယ်တွေတင်မကဘဲ တစ်ကမ္ဘာလုံးကလူငယ်များအားလုံးပါ ပါဝင်ပါတယ်။ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်မှု၊ လူမှုရေးပြောင်းလဲမှုဖြစ်စဉ်များ အားလုံးဟာကမ္ဘာကြီးကိုပြောင်း
လဲမယ့် သွင်ပြင်လက္ခဏာတွေဘဲ ဖြစ်တယ်။ ကျွန်မ တို့ တွေဟာ ငါတို့ ကမ္ဘာကြီးကို ပြောင်းလဲချင်ကြသလိုလူငယ်
တွေကလည်းသူတို့ ကမ္ဘာကြီးကိုပြောင်းလဲချင်ကြတယ်။ဟုတ်တယ်….သူတို့ ကမ္ဘာကြီးနဲ့ ငါတို့ ကမ္ဘာကြီးဆိုတာ
လဲ အတူတူပါဘဲ။အဲဒါကြောင့်လဲ ငါတို့ ရဲ့ဆက်ဆံရေး ကိုပိုပြီးတော့ရင်းနှီးချင်ကြတာပေါ့။
အဖိုးမဖြတ်နိုင်တဲ့ ငြိမ်းချမ်းရေးအတွက် အားလုံးအတူတူလက်တွဲကြတဲ့ အခါအဲဒီလူငယ် တွေမှာလဲ တွေမှာ
မျိုးဆက်ကွာဟမှုတွေမ ရှိကြတော့ပါဘူး။
ဒါကြောင့် လူငယ်တွေဟာလည်း ကျွန်တို့ လိုလူကြီးတွေနဲ တရင်းတနှီးမိတ်ဆွေတွေဖြစ်လာဖို့ 
စဉ်းစားလာကြလိမ့်မယ်လို ငါမျှော်လင့်ပါတယ်။ကျွန်မတိုတွေမှာ တယောက်ထံကတယောက်
လေ့လာမှတ်သားစရာတွေအများကြီးပါဘဲ။တကမ္ဘာလုံးကလူငယ်တွေရဲ့အား၊
အကူအညီတွေကိုလဲ ငါတို့ ဗမာပြည်ကြီး ဒီမိုကရေစီပြောင်းလဲရေးအတွက် အများကြီးလိုအပ်ပါတယ်။
နင်တို့ အားလုံးလဲ ကျွန်မ တို့ ကိုဝိုင်းဝန်းကူညီနိုင်လိမ့်မယ်လို့  ငါမျှော်လင့်ပါတယ်။ ကျွန်မ တို့ နဲ့ 
အတူပူးပေါင်းပါဝင်ဖို ကိုဆက်သွယ်လာကြ လိမ့်မယ်၊နည်းလမ်းတွေရှာပြီးဝိုင်းဝန်းပံ့ပိုးပေးလိမ့်မယ်လို့ လဲ မျှော်လင့်ပါတယ်။ဒါဟာ ပထမခြေလှမ်းဖြစ်ပြီး နောက်အနာဂတ် အတွက်အများကြီးရှိပါသေးတယ်။
ကျွန်မ တို့ ပြောလာမှာ၊အကူအညီတောင်းလာမှာတွေကို့ အားလုံးရဲ့မျက်လုံးတွေဖွင့်၊နားတွေစွင့်ပြီး
အဆင့်သင့်စောင့်နေမယ်လို့ လဲ မျှော်လင့်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

And would like to consult to solve new- brainly the old world of unable solving by the old brains.
Yoth is higher more one head than Man and also Man is more enrich on experiences than youth and so,need to add the higher head & the more enrichs to do your countries & world.
best regards;
GSC.KoThiHa8888.
(U Thi Ha Tint Swe)
Patron for B.D.C,U.S.A.