သတင်းစာမျက်နှာ ဖွဲ့ စည်းမှု က ဗိုလ်ချုပ်မှုးကြီးကို လှောင်ရယ် သရော်သလို ဖြစ်နေ

စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် ၅၃ သင်တန်းဆင်းပွဲ ကို တက်ရောက်ခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေကို မြန်မာ့အလင်း သတင်းစာ ရဲ့ စာမျက် နှာ ဖွဲ့ စည်းမှု ကြောင့် က ၀ိုင်းဝန်းဖယ်ရှား နားမယောင်လေနဲ့ သတိထား ဆို တဲ့စာနဲ့ အခု လို တွေ့ ရမှာပါ

ကြေးမုံ သတင်းစာကလည်းတော်တော် ဆိုးပါတယ် အားလုံးထိုင်နေကြတော့မှ ကျန်းမာသက်ရှည်ရေး နေ့ စဉ်လမ်းလျှောက်ပေး ဆိုတာ ပါရှိပြီး ပြည်သူ့ အား ကို ပုဆိန်ရိုး အဆိုးမြင် ၀ါဒီများ ကို ဆန့် ကျင်ကြဆိုတဲ့ ပြည်သူ့ သဘောထား ကို လည်း ကပ်လျှက် ဖော်ပြထားပါတယ်။ဒါကတော့ သတင်းစာထဲ မှာ ပဲ တွေ့ ရမှာပါ
နောက်တစ်ခု ကတော့ ဒီလို တွေ့ ရမှာပါ ၊ခလောက်ဆန်အကြံသမား လေလှိုင်းသံ လူသတ်သမား နားမယောင်လေ နဲ့ ဆိုပြီး တွေ့ ရမှာပါ။ သူ့ ဇနီးအပါအ၀င် သူ့ မိသားစုတွေဟာ ထိုင်းဘုရင် ရဲ့ တော်ဝင်မိသားစု တွေ စတိုင် ဖမ်းထားတယ် လို့  ရန်ကုန် စာနယ်ဇင်း အသိုင်းအ၀ိုင်း က သုံးသပ်ကြပါတယ်။

8 thoughts on “သတင်းစာမျက်နှာ ဖွဲ့ စည်းမှု က ဗိုလ်ချုပ်မှုးကြီးကို လှောင်ရယ် သရော်သလို ဖြစ်နေ

  1. ဘာပဲပြောပြော မကောင်းမှုပြုဥူတွေဟာ တစ်နေ့တော့ ကျ၇ှုံးခန်း
    ဆိုးဆိုး၇ွား၇ွား ၇၇ှိမှာမလွဲပါဘူးဗျာ

  2. ဒီစာကို ကြေးမုံ သတင်း website မှာ ပို့တာ ပို့လို့ မရပါဘူး .. အားလုံး ကို ဝေမျှလိုက်ရပါတယ် .. :P

    အာဏာရူးကြီး ငတက်ပြား သန်းရွှေ နဲ့ မိသားစုတွေ စိန်တွေ ခိုးယူစုဆောင်း နေကြတဲ့ ဇတ်လမ်းကို ပြည်သူတွေ နဲ့ ပြည်ပ ရောက် ဒီမိုကရေစီ အင်အားစုတွေ ပိုသိချင်ကြပါတယ် ။ သန်းရွှေနဲ့ နောက်လိုက် ဗိုလ် ငဖါးတွေ ဘယ်လောက် နိုင်ငံတော်ငွေတွေကို ခိုးပြီး ဘယ်ဘဏ်မှာ စုထားတယ် ဆိုတာကို ပြောပြသင့်ပါတယ် ။ ဒီငွေတွေဟာ ခင်ဗျားတို့ ကျွန်တော်တို့ နဲ့ တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက် သက်ဆိုင်နေပါတယ် ။ သန်းရွှေရဲ့ သေနတ်ပြောင်းဝကို ကြောက်လို့ ယခု comment များကို ဖွင့်ကြည့်လို့ ရတဲ့ I.T တာဝန်ခံတွေဟာ ဒီလိုမျိုး comment များကို ပြည်သူ့ရှေ့မှောက် မတင်ရဲ ရင်တောင် ကူးပြီး ပြည်ပ media သို့ ပြန်လည် ဖြန့်ဖြူးသင့်ပါတယ်။ မိုးလုံးပြည့် မုသာဝါဒ ပြောနေတာ ဒေါ်အောင်ဆန်းစုကြည် မဟုတ်ပါဘူး .. ခင်ဗျားတို့ကို မ၀ရေစာ ပေးပြီး ကျွန်လိုခိုင်းနေတဲ့ သန်းရွှေဖြစ်ပါတယ် ။ ရုပ်ကိုပဲ ကြည့်လိုက်ပါ။ အကြင်နာ တရားဘယ်လောက်ရှိသလဲဆိုတာ မြင်ရတာပဲ ။ သန်းရွှေခိုးယူထားတဲ့ ငွေတွေဟာ ကြောက်ခမန်းလိလိ ပမာဏဖြစ်ပါတယ် ။ နိုင်ငံတော်ကို ဆင်းရဲတွင်းထဲ ထည့်နေတာ ခင်ဗျားတို့ရဲ့ လက်ရှိအစိုးရခေါင်းဆောင် သန်းရွှေဖြစ်ပါတယ် ။

    …..

  3. အားရလိုက်တာဗျာ..။တမင်တကာလုပ်တာပဲဖြစ်ဖြစ်၊မတော်တဆဖြစ်သွားတာပဲဖြစ်ဖြစ်ဒီလိုအစိုးရသတင်းစာထဲဒီလိုပါလာတာကိုကကောင်းလိုက်တာ..။သူတို့ အပေါ်ထားတဲ့ ပြည်သူတွေရဲ့ အမြင်ကိုသိရောပေါ့..။

  4. ကြေးမှုံ သတင်းစာအရ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကိုဝိုင်းဝန်းဖယ်ရှားဖို့ သူ့ စကားတွေကိုနားမယောင်ဘို့ သတိပေးထားတာလို့ 
    မြင်ပါတယ်။ အမှန်တွေကိုကြေးမှုံကရှဒေါင့် တနေရာကနေဖေါက်သယ်ချလိုက်တာပါဘဲ။မှန်လိုက်တာ။

  5. သတင်းစာ အဖွဲ့ ကလည်း မမြင်လို့  တမင်တကာလုပ်လိုက်တာဖြစ်မှာပါ။ ဒီဆောင်ပုဒ်တွေလည်း သူ နဲ့ ပဲ သက်ဆိုင်နေတာပါ။

Comments are closed.