အောင်မြင်၊ ၊ဖေဖေါ်ဝါရီလ၁ရက်နေ့ညပိုင်းတွင်DKBAတပ်ဖွဲ့ဝင်များသည်နအဖစစ်တပ် တပ်စွဲထားသော ကော့ကရိတ်မြို့အနီးတောင်သုံးလုံး စခန်းကို ထိုးစစ်ဆင်တိုက်ခဲ့သည်။
တိုက်ပွဲများဖြစ်ပွားပြီး ယနေ့မနက်စောစောအချိန်ခန့်တွင် တောင်ကလေးစခန်းအနီးတ၀ိုက်တွင် နအဖစစ်သားများက မြွေပွေးများထည့်ထားသောသေတ္တာ ၅၀ခန့်ကို တီအီး ဟီနိုးဖြင့် သယ်ဆောင်
လာပြီး လွှတ်ပစ်ခဲ့ကြောင်း ဒေသခံတဦးကပြောပြပါသည်။
နအဖတပ်စခန်းများကို အနီးကပ်ဝင်ရောက်စီးနှင်းတိုက်မှုကို ကာကွယ်ရန် ထိုအဆိပ်ပြင်းသော မြွေပွေးကောင်ရေများစွာ လွှတ်ခဲ့ကြောင်း သိရှိရသည့်အတွက် ဒီကေဘီအေ တပ်များမှ ဆက်လက်
စုံစမ်းလျှက်ရှိသည်။
နအဖစစ်တပ်ရင်များစွာသည်DKBAအခြေစိုက်ရာဝေါ်လေဒေသကိုအပြုတ်တိုက်ရေးစီမံချက်
ဖြင့်အပြင်းအထန်ထိုးစစ်ဆင်နေချိန်တွင် DKBA တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအင်အားစုများက နအဖရဲ့နောက်ကျောစခန်းများကို ၀င်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ကြောင်းကို DKBA စစ်ရေး
တာဝန်ခံနှင့် နီးစပ်သူတဦးက FNG သို့ပြောသည်။
ည ၁၁နာရီခွဲအချိန်ခန့်တွင် တိုက်ပွဲစဖြစ်ပွားခဲ့ပြီး ယ္ခုအချိန်ထိ နှစ်ဖက်ထိခိုက်ဒါဏ်ရာရစာရင်းကို မသိရသေးကြောင်းပြောပြပါသည်။
ခိုက်ခဲ့ကြောင်း ကော့ကရိတ်မြို့ခံတဦးကပြောပြပါသည်။
ဆက်သွယ်ရေးစခန်းကို လှုံခြုံရေးယူထားသော ရဲအုပ်ဦးသောင်းငွေနှင့် ရဲသား၆ဦး လက်နက်ချထွက်ပြေးသွားကြောင်းသတင်းရရှိပါသည်။
ပိုင်းထိ ကော့ကရိတ်ဝန်းကျင်တွင် သေနတ်သံများကြားနေရကြောင်း သိရှိရသည်။

ဘာမှမဟုတ်ပါဘူးသူငယ်ချင်းရာ ကိုယ့်ကိုကိုယ်ပြန်သတ်တယ်ဆိုတာ ဒီ နအဖ ခွေးမသားတွေပေါ့ဟားးးးးးးးးးးးးးးး
ဟုတ်တယ်ဗျို့…ဟားဟားဟားဟား…ကရင်ကိုမြွေနဲ့လာခြောက်တာ..ဟာသပဲ
ကရင်ကမြွေဆိုဘာမြွေပဲဖြစ်ဖြစ်ချက်စားဖို့အဆင်သင့်ပဲ…မြွေသားကလည်းလွှတ်ကောင်း
ကိုးဗျ။ ဒါပေမဲ့မြွေပွေးက အချိုဆုံးပဲ…နအဖတပ်တွေကိုကျေးဇူးတင်ရမှာပါ။ ဟင်းစား
လာပေးလို့…။ နအဖတပ်တွေ..ကြံမိကြံရာလျှောက်လုပ်ကုန်ပြီ..သနားပါတယ်။