ကိုင်ရို၊လစ်ဗျား နိုင်ငံ ရဲ့ အာဏာရှင် တစ်ဦး ဖြစ်တဲ့ ကဒါဖီ ကို ဖြုတ်ချ ဖို့ စီစဉ် နေကြတဲ့ ဆန္ဒပြ
လှုပ်ရှား မှု တွေ ဟာ အခုတော့ ပြည်တွင်း စစ်အသွင်း ပြောင်း သွားပါပြီ လို့ လစ်ဗျား နိုင်ငံ
ရဲ့ မြို့ တော် ထရီ ပိုလီ မှာ ရှိနေ နဲ့ မြန်မာ လူမျိုး ကိုမောင် မောင် က Freedom News
Group ကိုပြောပါတယ်။
“အခု ကျွန်တော် နေတာ ထရီပိုလီ ရဲ့  အရှေ့ ဘက် ဇ၀ါယာ မှာ ရော ထရီ ပိုလီ ဘက် မှာ
ဆန္ဒပြတာ မရှိတော့ ဘူး ၊ နှစ် ဘက် လုံး သေနတ် တွေ နဲ့  ဆန္ဒပြ လိုက်ရင် ဘယ်ဘက်
က သေနတ် နဲ့ ပစ် လိုက် မှန်း မသိလို့ သေသွား မယ်။ ဇ၀ါယာ ကတော့ ဒီမိုကရေစီ တွေ
နဲ့ ဘက်ပြောင်းလာတဲ့ စစ်တပ် ထိန်းထားတယ်။ ကဒါဖီ တို့ ဆီ က လေယာဉ် နဲ့ လာပြီး
ဗုံးကြဲ တယ် ။ ရေနံ တွင်း တွေ ရှိ တဲ့ ဘာဂါ တို့ ဘန် ဂါဇီ တို့ မှာ လည်း ကြဲတယ် လို့ 
Freedom News Groupကို ပြောပါတယ်။
လစ်ဗျား နိုင်ငံမှာ ဖြစ်နေ တဲ့ အကျပ် အတည်းတွေ ကို ၀င်ရောက် ဖြေရှင်းဖို့  ဗင်နီဇွဲလား
သမ္မတ ဟူ ဂို ချာဗက်စ် က ကမ်းလှမ်းထားတာ ကို ကဒါဖီ က လက်ခံ ထားပါတယ်။
လစ်ဗျား နိုင်ငံ ကို စစ်ရေး အရ ၀င်ရောက် စွက် ဖက် မှု လုပ်မယ်ဆို ရင် တော့ သူ့ ကို
ထောက်ခံတဲ့ သူတွေ ကို လက်နက် တွေ ထုတ်ပေး လိုက် မယ် လို့ ကဒါဖီ က အနောက်
နိုင် ငံတွေ ကို ခြိမ်းခြောက်ထား ပါတယ်။
လစ်ဗျား နိုင်ငံ မှာ အတိုက် အခံ တွေ ထိန်းချုပ်ထားတဲ့ မြို့ တော် ဘန်ဂါဇီမှာ တော့
ယခင် လစ်ဗျား အစိုးရ အဖွဲ့ က ပြန်ကြားရေး ၀န်ကြီး က ဦးဆောင် ပြီး ကြားဖြတ် အစိုး
ရ အဖွဲ့ ကို ဖွဲ့ စည်းထား ပါတယ်။
ဘန်ဂါဇီ မှာ ရှိ တဲ့ စစ်သားတွေ နဲ့ ဆန္ဒပြ တဲ့ အပျော်တမ်း တပ် တွေ က ရက် တို လေ့
ကျင်မှု ပြီးရင် မြို့ တော် ထရီပိုလီ ကို ချီတက် သိမ်းယူမယ်လို့ သိရပါတယ်။
နောက် ဆုံး ရရှိ တဲ့ သတင်း တွေ အရ တော့ လစ်ဗျား လက်နက် ကိုင် သူပူန်တွေဟာ
အရေး ပါတဲ့ ရေနံ သန့် စင် စက်ရုံ တွေ နဲ့ ရေနံတွင်း တွေ ကို သိမ်းဆည်း ထားတယ်
လို့ ဆိုပါတယ်။
လစ်ဗျား ခေါင်းဆောင် ကဒါဖီ နဲ့ သူ့ ရဲ့ သား နှစ်ဦး အပါအ၀င် ထိပ်တန်း အစိုးရ အဖွဲ့ 
ဝင် အချို့ ကို လူသားမျိုးနွယ် အား ကျူးလွန် တဲ့ ရာဇ၀တ်မှု နဲ့  နိုင်ငံတကာ ရာဇ၀တ်
မဥ ဆိုင်ရာ ခုံရုံး က တရားစွဲ ဆိုထား သည် ဟု သတင်း ရရှိသည်။

what is ,, VETO or dictatorship of UN ?
we don’t need civil war & wherever