အောင်မြင်၊ ၊မန္တလေးမြို့မှာ ဆိုးရွားတဲ့ ရာသီဥတု ကြောင့် ကုန်ဈေးနှုန်း အချို့ တက်
ခဲ့ရသလို ဆားဈေးနှုန်း တွေ အလွန်မြင့် တက်ခဲ့ ပြီး ဆားပြတ်လပ်မှု တွေ ဖြစ်ပေါ် နေတယ်
လို့ Freedom News Group မှ သတင်းရရှိသည်။
ဆားပြတ်လပ်မှု နဲ့ ပတ်သက်ပြီး မန္တလေး ဈေးချိုမှာ ကုန်ခြောက် လက်လီ လက်ကား
ရောင်းချ သူ တစ်ဦး ကတော့ ဆားက၀ယ်မရတော့သလောက်ဖြစ်နေပြီ။ ဧရာဝတီ
ကလည်းဆားအထွက်လျော့ပြီးကုန်ပြတ်နေပြီမန္တလေးမှာစားသောက်ကုန်တွေ အလုအယက်ဝယ်လို့ဈေးတွေဒီနေ့တော်တော်တက်တယ်။ ဆားဈေးက တနင်္လာနေ့ က
တပိသာ၃၀၀ကျပ်က နေပြီးမနေ့ က ကျပ် ၅၀၀၀ ၊ ဒီနေ့ ၈၀၀၀ ကျော်သွားပြီလို့ 
Freedom News Group ကိုပြောသည်။
ဆားပြတ်ရတဲ့အကြောင်းရင်းက ဂျပန်ကိုဆားအိတ်စပို့ပို့မယ့်သတင်းထွက်ပြီး
အလုအယက်ဝယ်ကြတယ်။ခုဆားပြတ်နေပြီး မိုးတောက်လျှောက်ရွာလို့ ဧရာ
ဝတီ တိုင်းက ဆားကွင်း တွေ လဲ ပျက်တယ် ဟု ပြောသည်။
မန္တလေး တွင် ကုန်ဈေးနှုန်းများ အဓိက တက်ရသည့် အကြောင်းမှ စက်သုံးဆီ
များ ပြတ်လပ်မှု ကြောင့် ဖြစ်သည် ဟု မန္တလေး အခြေစိုက် ကုန်သည် တစ်ဦးက
ပြောသည်။
ဒီဇယ်ဆီ လဲ ပြတ်နေတယ်။ရှမ်းပြည်က ဆွဲ တယ်။သင်္ကြန် နားနီးတာ လဲပါမယ်။
အခု တစ်ဂါ လံ ငါးထောင် မြို့ ထဲ မှာ ပဲ ရတယ် ဟု ပြောသည်။
မြန်မာနိုင်ငံရဲ့အဓိကဆားထုတ်လုပ် ပေးသောဧရာဝတီတိုင်းမှာလည်းယ္ခုနှစ်တွင် ဆားထုတ်လုပ်မှုများစွာလျော့ကျခဲ့သည်။ မန္တလေးမြို့တွင်ထွက်ပေါ်နေသောသတင်း
များမှာဆားကို ဆူနာမီသဘာဝဘေးဒါဏ်ခံခဲ့ရသောဂျပန်နိုင်ငံသို့ ပို့ကုန်အဖြစ်တင်ပို့ရန်
ကုန်သည်များက ဝယ်ယူသိုလှောင်နေကြခြင်း ကြောင့် ဖြစ်သည် ဟု ဆိုသည်။
တရုတ် နိုင်ငံဘက်မှာဆားများဝယ်ယူနေမှုကြောင့်ကုန်သည်များကဆားရှားပါးမှုအပေါ်
ဈေးကစားရန်အတွက်ကုန်လှောင်မှုများဖြစ်နိုင်ကြောင်းမန္တလေးဒေသခံတဦးက
ပြော သည်။
ယနေ့မနက်တွင်မန္တလေးမြို့ပေါ်တွင် ဆားများကိုမည်သည့်ဆိုင်တွင်မှဝယ်ယူလို့မရတော့
ဘဲတပိသာလျင်ကျပ် ၆၀၀၀ဈေးသို့လည်းကောင်း၊ အချို့နေရာ များတွင် ကျပ်၈၀၀၀
ဈေးသို့ရောက်ရှိသွားကြောင်း ကိုမန္တလေးမြို့ မှ စားသောက်ဆိုင် ပိုင်ရှင် တဦးကပြောသည်။
Freedom News Group ဘန်ကောက် သတင်းဌာန ခွဲမှ တည်းဖြတ်သည်။

gnua ပြောလို့ ကြည့်လိုက်တော့ ဒီလိုရေးထားတာ တွေ့ရပါလား ….
People were under the false impression that consuming enough iodized salt would protect against radiation and that China’s sea salt supplies would be contaminated as a result of the unfolding Japanese crisis.
ဆားချက်တာ အနုမြူမသင့် တဲ့ နေရာမှာချက်မှရတာလေကွာ….ဒီတော့  တော်တော်ဝေးတဲ့ မြန်မာနိုင်ငံကဆား ဈေးကြီးပေးဝယ်ရတာပေါ့ ….အနည်းဆုံး၅ နှစ်လောက် ရေဒီယိုဓါတ်ကြွနေဦးမှာဘဲ
ဆားသမားတွေတော့ ရွှေဘဲဟေ့ 
no need salt in japan.who joke,japanese goverment can supply japanese.
yes. Japan need the salt for protecting from radiation.
Now, Tokyo is effecting the radiation and some embassy start moving out from Tokyo now. Tokyo is very heavy populated city.
ငါး မင်းဆွေက နိုင်ငံခြားကို သူတို့ဆားမပို့ရလို့ထိခိုက်တယ်ဆိုခဲ့တယ်။ အခုပို့ခွင့်ရလို့ပျော်တဲ့ဆောင်းပါးရေးပါဦး။
ဆားဈေးက တက်လဲသုံးတဲ့သူက နဲနဲဘဲသုံးမှာပါ။နိုင်ငံခြားကိုပို့လို့ရတယ်ဆိုရင်ပိုက်ဆံရတာပေါ့။
ဒီအချိန်မှာ စုထားတဲ့ဆားကုန်သည်တွေလည်း ဂျပန်နိုင်ငံကိုလှူကြပါ။
ဂျပန်တွေရဲ့ စိတ်ဓာတ်က ပြာပုံကနေရုန်းထလာနိုင်တယ်။အခြားနိုင်ငံတွေမှာလည်းရင်းနှီးမြုပ်နှံထားတာရှိတယ်။
သူဌေးသင်္ဘောမှောက်တာပါ။
ဆားကအနုမြူဓါတ်သဘာဝကိုကာကွယ်နိုင်မှတော့ ဂျပန်အစိုါ်ရကဒီလောက်ပူလောင်နေပါမလားငတုံးရ မင်းမြန်မာပြည်ထက်နီးတဲ့ဆားထွက်တဲ့ နေရာတွေဒီလောက်များတာမင်းမြန်မာပြည်မှာဘဲဆားထွက်တယ်ထင်နေလို့လား
ဂျပန်ပြည်မှာတောင်ဆားဈေးတက်သွားတယ်လို့အစိုးရကဆားလိုက်စုနေတယ်လို့ဘယ်သတင်းဌာနကမှကြော်ငြာတာမတွေပါလား မှားပါတယ်နော်။
ငတုံး….ရဲ့… အနုမြူပညာရှင်တွေ အပူခံတာက… ဓာတ်ပေါင်းဖို ထပ်မပေါက်ကွဲအောင် သူတို့ တာဝန်ရှိတဲ့အတိုင်း လုပ်ဆောင်တာ ငတုံးရဲ့….။ အဲဒီ ပျံ့ထွက်လာတဲ့ radiation-ကို ကာကွယ်ဖို့ လူထုက ဆားကို အသုံးပြုနေတာ ငတုံးရဲ့။
——————————————————————————–
ဆာနဲ့ ဓာတ်ရောင်ခြည်အကြောင်း ဘယ်လို ဆက်စပ်သလဲ… မသိလို့ ဖတ်ချင်ရင်….
http://www.latimes.com/news/nationworld/world/la-fg-china-iodine-salt-20110318,0,5821296.story
——————————————————————————-
ဆား… မြန်မာပြည်တခုတည်းက ထွက်တာ မဟုတ်ဘူးဆိုတာ.. မင်းပြောမှလား ငတုံးရဲ့။
မင်း အစိုးရက ဘယ်တုန်းက အမှန်ကြော်ငြာခဲ့လို့လဲ…. ငတုံးရဲ့။
မရေးချင်ပေမဲ့ လုံးဝ ယုတ်တိမရှိတဲ့အထက်ကသတင်းကိုတွေ့ တော့ ရေးရဥိးမယ်
ှဆားက မိုးရွာလို့လဲမဆိုင် ကျွန်းနိုင်ငံကိုပို့ ဖို့ အတွက်လဲမဆီ တရုတ်က ကောလပာလ တွေနဲ့ အ၀ယ်လိုက်ုပီး ဈေးတက်တာ မူဆယ် လားရှိး အားလုံးပါခင်ဗျား
မှတ်ချက်ပေးဖို့ ကျော်ရခွရတာလည်း တစ်ဒုက္ခဗျာ… စိတ်ပျက်ဖို့ တော်တော်ကောင်းတယ်…
ကျွန်တော်ကြားတာတော့ တရုတ်ပြည်ဘက်က ဆားတွေအကုန်လုံးလိုက်ဝယ်နေတယ်လို့ ကြားရတယ်… မှန် မမှန်တော့ အသေအချာမသိဘူး… ကြားတာပါ…
ဆား ကမြန်မာပြည်တောင်ပိုင်းကထွက်တာ ဒီအချိန် ဆားထွက်တဲ့အချိန် အခု အဲ့ဒီနေရာတွေမျာမိုးတွေရွာတာကြောင့်ဆားကွင်းတွေပျက်တယ် အဲ့ဒီလိုအခြေအနေမှာ ဆားကုန်သည်တွေထက် အခွင့်အရေး
စောင့်နေတဲ့ကုန်သည်တွေဆားဝယ်လျော်ငတယ်ကွ ဒါကြောင့် ဆားဈေးတက်သွားတာ မတန်တဆတက်သွားတာလည်းကောင်းပါတယ် ၀ယ်လှောင်မဲ့ကောင်တွေလည်း မလှောင်နိုင်ါတော့ဘူးပေါ့ကွာ တစ်ပါတ်လောက်နေကောင်းကောင်းပူလိုက်လျင်ဆားတွေအောလပုံပါကွာ ကြောက်မနေကြပါနဲ့။
ရူး ပါကွာ ကျွန်းနိုင်ငံကို ဆားတင်ပို့မယ်လို့ပြောတာယုံကြတယ် ဒီလိုအသိအမြင်ကြွယ်ကြတယ် စိတ်ကုန်လိုက်တာကွာ ငါမပြောချင်တော့ပါဘူးနော်။
ကျွန်းနိုင်ငံကို ဆားတင်ပို့ဖို့ ဖြစ်ရတာက…..
ဆားနဲ့ အနူမြူဓာတ်သဘာဝ ဘယ်လို ဆက်စပ်တယ်၊ ကာကွယ်နိုင်တယ်ဆိုတာ လေ့လာလိုက်အုန်းနော်…….
မျက်တောင်မွှေးတဆုံး ဉာဏ်လေးနဲ့ မပြောနဲ့လေ…….