This page is updating every 20 minutes. Check back for more details.
Scroll Down For Vote UNSC meeting Video and LIVE updates in Libya


Updated—
မြန်မာ စံတော်ချိန် ၁၃း၃၀ : နေတိုး လေယာဉ် များ လေကြောင်းတိုက် ခိုက်မှု စတင်ရန်
အသင့်ဖြစ်နေကာ နာရီ အနည်းငယ် အတွင်း လေကြောင်းတိုက်ခိုက်မှု စတင်တော့မည်
ဟု ဟု ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး ပြော
ကဒါ ဖီ တို့ သား အဖက ကုလ ဆုံးဖြတ် ချက် ကို မကြောက် လစ်ဗျား မြေသည် ကျူးကျော်
သူတွေ အတွက် သချိုင်း ဟု သွားလေ သူ ဆက်ဒမ် ဟူစိန် စတိုင်ဖမ်းပြီး ပြော
မြန်မာ စံတော်ချိန် ၁၃း၀၀ : နော်ဝေ နိုင်ငံ က စစ်ရေး ပူးပေါင်းဆောင် ရွက် ရန် လေတပ် နှင့်
ရေတပ် များ ကို မော်(လ)တာ နှင့် အီဂျစ် သို့ စေလွှတ်
မြန်မာ စံတော်ချိန် နံနက် ၉း၀၀ : နေတိုး စစ်ဌာနချုပ် နှင့် ပင်တဂွန် လစ်ဗျား ပြည်သူများ အကာအကွယ်
ပေး ရေး စစ်ရေး စီမံ ချက် ကို အတည် ပြု
မြန်မာ စံတော် ချိန် နံနက် ၈း၃၀ : လစ်ဗျား ပြည်သူ များ ကို နယ်ချဲ့ ဝါဒီ များ ရန် မှ အကာအကွယ်ပေးရန်
အတွက် လာသည့် လစ်ဗျား တပ် များ ကို အနမ်းပေးပြီး ကြိုပါ ဟု ဘန်ဂါဇီ မြို့ မှ ပြည်သူများ ကို ကဒါဖီပြော
မြန်မာ စံတော်ချိန် နံနက် ၈:၀၀ : ကုလ ရာဇသံ ကို လစ်ဗျား က လိုက် နာခြင်း မရှိလျှင် နောက် နာရီ
အနည်း ငယ် အတွင်း ၀င် တိုက် မည် ဟု နေ တိုး အတွင်း ရေးမှုး ချုပ် ပြော
ရေနံစိမ်း ဈေးနှုန်း မိုး ပေါ် ကို ၀ုန်း ခနဲ ခုန် တက်
မြန်မာ စံတော်ချိန် နံနက် ၇း၃၀ : နောက် နှစ် နာရီ အတွင်း လေကြောင်းတိုက် ခိုက်မှု စတင် တော့မည်
ဖြစ် ကြောင်း ကုလ လုံခြံရေး ကောင် စီ က လစ်ဗျား ကို ရာဇ သံ ပေး
မြန်မာ စံတော်ချိန် နံနက် ၇း၃၀ : ကနဦး စစ်ရေး ကုန် ကျ စရိတ် ဒေါ်လာ သန်း ၅၀၀ ကို ဆော်ဒီ အာရေး
ဗီးယား ၊ ကူဝိတ် နှင့် ယူအေးအီ တို့ က မတည်
မြန်မာ စံတော်ချိန် နံနက် ၇း၃၀: ကုလ လုံခြုံ ရေး ကောင်စီ ကို လစ်ဗျား ပြည်သူများ က မီးရှုးမီးပန်း
ဖောက်ပြီး သောင်းသောင်း ဖျ ဖျ ကြို ဆို
မြန်မာစံတော်ချိန် နံနက် ၆း၃၀ :အီဂျစ် က သူပုန် တပ်ဖွဲ့ များ အား ခောတ်မှီ လက်နက်များ သင်္ဘော နှစ်စီးစာ
ဘန်ဂါ ဇီ သို့ ပို့ ဆောင် , the Wall Street Journal is reporting, citing U.S. and rebel officials.
The shipments, mostly assault rifles and ammunition, are apparently the first known instances of an outside government arming the rebels, who have been losing ground to Moammar Gadhafi’s forces.
မြန်မာစံတော်ချိန် နံနက် ၆း၀၀: ဗြိတိသျှ၊ ပြင်သစ် နှင့် ယူအေအီး တိုက်လေယာဉ် အချို့ သည် လစ်ဗျား စံတော်ချိန် သောကြာနေ့ နံနက် အာရုဏ် တက်ချိန် (မြန်မာ စံတော်ချိန် နေ့ လည် ၁၁ နာရီ ခန့် တွင် ထရီပိုလီ နှင့်
ဘန်ဂါဇီ မြို့ အနီး ရှိ ကဒါဖီ၏ စစ်လေယာဉ် ကွင်းများ ကို ဗုံးကြဲမည် ဖြစ်သည်။ , the BBC reports, citing senior
မြန်မာစံတော်ချိန် နံနက် ၄း၃၀: ဆော်ဒီ အာ ရေး ဗီယား နှင့် အာရပ် စော်ဘွား များ နိုင်ငံ မှာ တိုက်လေယာဉ်များ
နေတိုး စစ်အုပ် စု နှင့် ပူးပေါင်း ရန် မော်လတာ နိုင်ငံ သို့ ထွက်ခွာ —-***—–
လစ်ဗျား နိုင်ငံ ကို စစ်ရေး အရ အရေးယူ နိုင်မည့် Operation Libyans Freedom အတွက်
နေတိုး နှင့် အာရပ် နိုင်ငံ များ ပြင်ဆင် —-***—-
________________________________________________________________
လစ်ဗျား ခေါင်း ဆောင် က ရေနံ တွင်းများ ကို မီးရှို့ မည့် သတင်း ကြောင့် ရေနံစိမ်း ဈေးများတက်
________________________________________________________________
U.N. to Vote on Libya Airstrikes; U.S. Readies Forces
ဤနေရာ မှ တစ် ဆင့် အယ်ဂျာဇီယား သတင်းဌာန ၏ တိုက်ရိုက် တင်ဆက်မှု ကို ကြည့်ပါ
Original post:———- ————
FNG၊ ၊နယူးယောက် စံတော်ချိန် နေ့ လည် ၁ နာရီ ၁၈ မိနစ် 2200 GMT ကြာသပတေး နှင့်
မြန်မာ စံတော်ချိန် နံနက် ၁၂ နာရီ ၁၅ (12:15 am) တွင် ကုလ သမဂ္ဂလုံခြုံရေး ကောင်စီက လစ်ဗျား
နိုင်ငံ အပေါ်ဒဏ်ခတ် အရေးယူမည့် လေယာဉ် မပျံသန်း ရ ဇုန် ဥပဒေ ကို အတည် ပြုလိုက် သည် ဟု
သတင်းရရှိသည်။
______________________________________________________________
လစ်ဗျား ကို စစ်ရေးအရ မြန်မြန် အရေး ယူ နိုင်အောင် စီ စဉ် ဖို့ လိုတယ်။
လီဘာတောင် — ကုသမဂ္ဂဆိုင် ရာ တရုတ် ပြည့်သူ သံအမတ်ကြီး နှင့် လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌ
______________________________________________________________
တူနီရှား နိုင်ငံ မှာ ရောက် ရှိ နေ တဲ့ အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီး ဟီလာရီ ကလင်တန် က
လစ်ဗျား ခေါင်းဆောင်မွမ်မာ ကဒါဖီ ကို ဆက်ထား မယ် ဆိုရင် အခြား အိမ်နီးချင်း နိုင်ငံ တွေ
ပါ ဒုက္ခရောက် မယ်လို့  မြို့ တော် တူနစ် မှာ ယနေ့ ည ကုလ လုံခြုံရေး ကောင်စီ က ဆုံးဖြတ်ချက်
ချအပြီး ပြောကြား ခဲ့ပါတယ်။” လစ်ဗျား နိုင်ငံ ရဲ့ စစ်ရေး ပစ်မှတ် တွေ ကို တိုက် ခိုက်ဖို့ လုပ်ရမယ်
ကဒါဖီ ကပြည်သူ တွေ ကို ထပ်ပြီး တော့ မသတ် နိုင်အောင် သူ့ ရဲ့  ယန္တယား တွေ ကို လေကြောင်း
ကေ န ဗုံးကြဲပြီး ဖျက်ဆီး နိုင်ရမယ် “ဟု ပြောကြားခဲ့သည်။
_____________________________________________________________
လစ်ဗျား ကို အခု ၀င်တိုက် မယ် ဆိုရင် ကျွန်တော်တို့ နောက်မကျသေးဘူး
မြောက် အတ္တလန္တတစ် စစ်စာ ချုပ် အဖွဲ့ အထွေထွေ အတွင်း ရေးမှုး
_____________________________________________________________
ကုလ လုံခြုံရေး ကောင်စီက အတည်ပြုနေ တဲ့ အချိန်မှာ ပဲ ကဒါဖီ ရဲ့ သစ္စာခံ တပ် တွေ က လစ်ဗျား
ဒီမိုကရေစီ လိုလားသူတွေ ရဲ့ နောက် ဆုံးခံတပ် မြို့ ဖြစ်တဲ့ ဘန်ဂါဇီ မြို့ ကို သိမ်းပိုက် နိုင် ဖို့ အပြင်းအ
ထန် ထိုးစစ်ဆင်နေ ပါတယ်။
လစ်ဗျား ခေါင်းဆောင် ကဒါဖီ က လက်နက် ချသူတွေ ကို လွတ်ငြိမ်းချမ်းသာ ခွင့် ပြုမယ်လို့ ဆိုပြီး
ခုခံ သူတွေဟာ ရူးမိုက်သူတွေ ပဲ။ အခု လစ်ဗျား ရဲ့ ခေါဘဏီတပ်ကြီး ချီလာ ပြီ လို့  တီဗီက နေ မိန့် 
ခွန်းပြောကြား ခဲ့ပါတယ်။
______________________________________________________________
ဒီသတင်း ကြားရတာ အရမ်း ၀မ်းသာ တယ်ဗျာ။ ကျွန်တော် တို့ အား တက်တယ်။
မန္တလေး မြို့ မှ စာရေးဆရာ တစ်ဦး
______________________________________________________________
လစ်ဗျား နိုင်ငံ ကို နိုင်ငံ စုံတပ် ဖွဲ့ တွေက ၀င်ရောက် အရေးယူတဲ့ အခါ အနည်း ဆုံး အာရပ် နိုင်ငံ
လေးခု က စစ်တပ် တွေ လည်း ပါဝင် မယ်လို့  သူ က ဆက်ပြောပါတယ်။
ဒီမိုကရေစီ လိုလား တဲ့ လစ်ဗျား ပြည်သူတွေ ဟာ အမေရိကန် နဲ့ ကုလ လုံခြုံရေး ကောင်စီက ဒီ
ပြဌာန်းချက် ကို ဆုံးဖြတ် အပြီး အတိုင်း မသိဝမ်း သာ နေကြတယ် လို့ သတင်းတွေ မှာ ဖော်ပြထား
သည်။
အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဌ ဂျွန်ကယ်ရီက လစ်ဗျား
နိုင်ငံ ကို စစ်ရေး အရ ၀င်ရောက် စွက် ဖက် ဖို့ နဲ့ လစ်ဗျား ခေါင်းဆောင် ကဒါဖီကို တိုက်
ခိုက်နေတဲ့ လွတ်မြောက်ရေး ကြိုးပမ်းသူတွေ ကို စစ်ရေး အကူအညီ နဲ့ သင်တန်း တွေ ပေး
ဖို့ တိုက် တွန်း ပြောကြားပါတယ်။
အခုဆိုရင် လစ်ဗျား နိုင်ငံ ရဲ့ ကောင်းကင်ယံမှာ နေတိုး ကင်းထောက် လေယာဉ် တွေ ရဲ့ လှို့ 
ဝှက် ပျံသန်း မှုတွေ ရှိနေပြီး ကုလ သမဂ္ဂက လုံခြုံရေး ကောင်စီက နေ ထုတ်ပြန်ထားတဲ့
No Fly Zone သတ်မှတ်ချက် ကို မလိုက်နာ တဲ့ လစ်ဗျား အစိုးရ ရဲ့ လေယာဉ် ကွင်းတွေ
ကို လေကြောင်း ကနေ ဖျက် ဆီးမှာ ဖြစ်ပါတယ်။
လစ်ဗျား ခေါင်းဆောင် ကဒါဖီ ဟာ သူ့ ကို ဆန့် ကျင်နေတဲ့ သူပုန် တွေ ကို လေကြောင်း ကနေ
တိုက်ခိုက်ရာ မှာ ရဟတ်ယာဉ်တွေ ၊ ဂျက် လေယာဉ် တွေ အသုံး ပြုကြပါတယ်။လူ ဦး ရေ တစ်
သန်းကျော် နေထိုင်သည့် ဘန်ဂါ ဇီ မြို့ ကို ပြန်လည် သိမ်းပိုက် နိုင်ဖို့ အတွက် လစ်ဗျား စစ်လေ
ယာဉ်တွေ က လည်း အပြင်းအထန်ထိုး စစ်ဆင် နေကြပါတယ်။
တရုတ် ၊ ရုရှား၊ ဂျာမဏီ၊ အိန္ဒိယ နှင့် ဘရာဇီး တို့ ကမူ မဲ မပေး ဘဲ နေသည်။ ကျန် အဖွဲ့ ဝင်
၁၀ နိုင်ငံ က တညီ တညွတ် တည်း မဲ ပေးကြသည်။
မြန်မာစံတော်ချိန် နံနက် ၁၂း၀၀ : U.N. sources. Arab allies might provide logistical support.
: The vote was 10-0 with five abstentions, including Russia and China.
The U.N. Security Council has approved a no-fly zone over Libya and authorized “all necessary measures” to protect civilians.
The resolution also calls for an immediate cease-fire and an end to all violence.
Military action against Libya promised ‘within hours’ of UN vote


အိန္ဒိယ၊ရုရှားနဲ့တရုပ်တို့က မဲမပေးဘဲနေမှာလေ….ကဒါဖီကပြီးခဲ့တဲ့ရက်ကသူတို့ခေါ်ပြီးရေနံပေးမယ်ပြောထားလို့။ ခု နိုင်ငံတကာတပ်တွေဝင်ပြီးရင် အဲဒီနိုင်ငံတွေမပေးတာကောင်းတယ်။ မြန်မာနိုင်ငံဆီကလည်း သဘာဝဓါတ်ငွေ့လိုချင်လွန်းလို့ အာဏာရှင်ကို မြှောက်ပေးနေတာ။ အဲဒီနိုင်ငံတွေကျဆုံးပါစေ။
ဒီသတင်းကြားရတာလစ်ဗျားပြည်သူတွေအတွက်ဝမ်းသာစရာပါ
တိုင်းရင်းသားလက်နက်ကိုင်တွေကိုအင်းအားသုံပြီးအကြီးအကျယ်ထိုးစစ်
စင်နေတဲ့နအဖကိုလည်းသွယ်ဝိုက်တဲ့နည်းနဲ.သတိပေးရာရောက်ပါတယ်၊
အပြောလွယ်သလောက် အမှန်တကယ်လုပ်ဖို့ ခက်လွန်းလှ၏ … အပြုခက်သလောက် အဖျက်လွယ်လှ၏
အမှန်ပါပဲ…
“ချိန်တန်ပြီ” ပြောကျွန်တော်ထောက်ခံတယ်။နိုင်ငံချြားမှာနေတဲံ သူတွေအများစုက အဲလို ပဲပြောနေကြတယ်
ကျွန်တော် စိတ်မကောင်းဘူး အဲဒါတွေကြားရတာ။အခု ထိ မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားမှုတွေမစသေးဘူးလား။အဲဒါကို ကျွန်တော် သိချင်ပါတယ်၊ကျွန်တော် တို့ လူငယ်တွေ များများကို စည်းရုံးထားပြီးပါပြီ။အဲလုံးအဆင်သင့်ပဲ။မြန်မာနိုင် ငံသားအားလုံး ဒီစစ်အာဏာရှင်တော် လှန်ရေးမှာ ပါဝင်ကြမယ်လို့ မျှော်လင့် ပါတယ်။
ချိန်တန်ပြီရေ…(ကိုယ်နဲ့ဆိုင်လာတဲ့အခါကျရင် ခံနိုင်ရည်ရှိအောင်ကြိုးစားထားပါ။)ဘာဓိပ္ပယ်လဲ။
စစ်အစိုးရပြုတ်ြပီး ဒီမိုကရေစီနိုင်ငံဖြစ်လာရင် မင်းတို့နိုင်ငံခြားရောက်နေတဲ့ကောင်တွေ ငါတို့မြန်မာပြည်အကြောင်း
ကောင်းကောင်းသိစေရမယ် ဆိုပြီးကျိန်းနေတာလား။အင်း..ငါတို့ဗမာလူမျိုးတွေက တယ်ခက်ပါလားနော်။
အာဏာတောင်မရသေးဘူး။ကြိုပြီးခြိမ်းခြောက်နေပြန်ပြီ။အာဏာများရလို့ကတော့ နအဖသန်းရွှေထက်တောင်
ပိုရက်စက်မလား။မတွေးဝံ့တော့ပါ။လူမှာအမျိုး၊ကြက်မှာအရိုး စကားအတိုင်း တမျိုးလုံးယုတ်နေကြပြီလား။
ပုပ်လို့ပေါ်..ဟုတ်လို့ကျော်နေကြတာလား။??????????????????..??????????????????????
ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတာလား။အာဏာအတွက် တိုက်ပွဲဝင်နေတာလား။???????????????
တယ်ခက်ပြီကိုး… ကျွန်တော်ဆိုလိုချင်တာကို သေချာဖတ်ကြည့်ပါ… ထင်ချင်ရာထင်ပြီး မရေးပါနဲ့ဗျာ…
နောက်တချက်က မိတ်ဆွေက ပြန်လှန်ချေပထားတဲ့ မှတ်ချက်ကို ကြည့်ရတာ ကျွန်တော် ဥပမာပေးထားတဲ့ပုံပြင်ကို ဖတ်ဖူးပုံမရဘူးထင်ပါတယ်… အဲဒါကြောင့် ကျွန်တော် ဘာကိုဆိုလိုချင်တယ်ဆိုတာ သဘောမပေါက်တာဖြစ်ပါမယ်…
အဲဒါဆိုရင်တော့ မိတ်ဆွေ ရှာဖတ်ကြည့်ပါ… ဖတ်ပြီးတဲ့ အခါကျမှ ကျွန်တော့်ကို လာစွပ်စွဲပါ… အမြဲတမ်းကြိုဆိုပါတယ်… ဝေဖန်နိုင်ပါတယ်… ပွင့်ပွင့်လင်းလင်း ဝေဖန်ပါ… လူတိုင်းဟာ ကိုယ့်အမှားကို မမြင်ပါဘူး… ကိုယ်မှန်တယ်ပဲ ထင်တာသဘာဝပါ… ဘေးလူက ကြည့်ရင်တော့ ဒီလူဘာမှားတယ်ဆိုတာ သိပါတယ်… မိတ်ဆွေ ဝေဖန်တဲ့အပေါ်မှာ ငါဟာ သူပြောသလိုဟုတ်လား မဟုတ်လားဆိုပြီး ပြန်လှန်ဆန်းစစ်နိုင်မှာပါ…
ချိန်တန်ပြီပြောတာ နဲနဲလွဲနေပါတယ်။နိုင်ငံခြားရောက်တဲ့သူအားလုံးဟာဒဏ်ရာကိုယ်စီနဲ့ပါ။
ကိုယ်ပါဝင်နိုင်တဲ့ကဏ္ဍအသီးသီးကနေ အမိမြန်မာနိုင်ငံတော်အတွက် တိုက်ပွဲဝင်နေတဲ့
သူတွေအများကြီးပါ။နအဖရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ အချင်းချင်းသွေးခွဲ၊အထင်လြွဲပီးမုန်းတီးစေတဲ့
စာသားတွေကို internet စာမျက်နှာမှာ မတင်ပါနဲ့။ဒီ FNG internet စာမျက်နှာဟာ
နအဖရဲ့ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးအတွက်အဓိကရည်ရွယ်တာပါ။
(အဝေးရောက်) ပြောတာ …ဟုတ်ပါတယ်… တကယ်တိုက်ပွဲဝင်နေတဲ့သူတွေရှိတယ်ဆိုတာ ကျွန်တော်လက်ခံပြီးသားပါ… မရှိဘူးလို့လဲ မပြောပါဘူး… အဲဒီလိုတိုက်ပွဲဝင်နေတဲ့သူတွေရှိသလို ကျွန်တော်ပြောခဲ့သလို လူမျိုးတွေလဲ ရှိတယ်လို့ ဆိုလိုချင်တာပါ… ကျွန်တော်ပြောတာ မဟုတ်ဘူးနိုင်ဘူးဆိုရင်တော့ ကျွန်တော် အငြင်းမပွားချင်ပါဘူး… ကျွန်တော့် ကိုယ်တွေ့ပါ…
နောက်တခုက ကျွန်တော်တို့တွေဟာ တခုခုဆိုရင် ဘာဖြစ်လို့ နအဖ လက်ကိုင်တုတ်ဆိုတာကြီးနဲ့ ကိုင်ပေါက်ချင်ရတာပါလဲ… အဲဒီတခုတော့ ကျွန်တော် သံသယဖြစ်မိတယ်… ကျွန်တော်လဲ နိုင်ငံခြားမှာ အဖွဲ့အစည်း အတော်များများနဲ့ ဆုံဖူးပါတယ်… အဲဒီမှာလဲ အဲဒီလိုပါပဲ… တခုခုထောက်ပြတာတို့ ဘာတို့လုပ်လို့ သူတို့စိတ်နဲ့ မကိုက်ညီရင် နအဖ လူဆိုပြီးတော့ စွပ်စွဲပါတယ်… ကျွန်တော်တို့တွေ စစ်အစိုးရကို အသွေးထဲ အသားထဲကနေကြောက်နေတာလား… ဒါမှမဟုတ် ငါနဲ့မတူ ငါ့ရန်သူဆိုချင်တာလားတော့ မသိဘူး… တခုခုတော့ တခုခုပဲဗျာ… စစ်အစိုးရဟာ အကောက်ကြံပြီးတော့ သူ့လူတွေ လွှတ်ထားချင်လဲ လွှတ်ထားမယ်… အဲဒီလို သွေးထိုးချင်ရင်လဲ သွေးထိုးပေးမယ်ပေါ့ဗျာ… ဒါပေမယ့် ဘယ်လိုလူမျိုးလဲ ဆိုတာတော့ သေချာစဉ်းစားစေ့ချင်တယ်…
အဲဒီအကြောင်းနဲ့ဆက်စပ်ပြီး (၈၈) တုန်းကကိစ္စလေးတစ်ခုကို ပြန်သတိရတယ်… ဆန္ဒတွေ တနိုင်ငံလုံးပြလို့ကောင်းတုန်းပေါ့… အဲဒီအချိန်မှာ ခေါင်းဖြတ်တာတွေ ဖြစ်လာတာပေါ့… အဲဒီတုန်းက ခေါင်းဖြတ်အသတ်ခံရတဲ့ အထဲမှာ ရန်ညှိုးကြောင့် အသတ်ခံရတဲ့သူတွေလဲရှိပါတယ်… အရင်တုန်းက ပြဿနာလေး နည်းနည်းတက်ထားတာလေးကို အခြေခံပြီးတော့ နအဖသူလျှိုဆိုပြီး တို့လိုက်လို့ ခေါင်းဖြတ်ခံရတဲ့သူတွေရှိပါတယ်… လူတွေကလည်း သွေးကြွနေတဲ့အချိန်ဆိုတော့ လက်တို့ပေးလိုက်တာနဲ့ ကိုင်ပလိုက်တော့တာပါပဲ… မှားသည် မှန်သည် မစစ်ဆေးတော့ဘူး… ( တကယ်လုပ်တဲ့သူတွေလဲ ရှိတယ်ဆိုတာတော့ လက်ခံပါတယ်)…
ကျွန်တော် မလေးသျှားကို တခေါက်ရောက်သွားတုန်းက နိုင်ငံရေးအဖွဲ့အစည်းတခုဆီကို သွားလည်တော့ လူတယောက်လာတယ်… အသင်းဝင်ချင်တယ်ပေါ့… အဓိကကတော့ နေရေးထိုင်ရေးအဆင်ပြေအောင်ဆိုပါတော့…
ဒါပေမယ့် သူမေးလိုက်တာက ” ဒီအသင်းအဖွဲ့အထဲဝင်ရင် မြန်မာစစ်အစိုးရဆီ သူ့နာမည်ပါသွားမှာလား၊ ပါသွားမယ်ဆိုရင်တော့ မလုပ်ဖူးပေါ့” အဲဒီလိုမေးနေတယ်…အဲဒါနဲ့ အဖွဲ့အစည်းက တာဝန်ရှိသူတယောက်က သေချာရှင်းပြပါတယ်… အဲဒါဆို လုပ်ပေါ့… ဒါပေမယ့် နာမည်ရင်းနဲ့ မိဘနာမည်အမှန် ရှင်းရှင်းပြောရရင် ဘာတစ်ခုမှ မမှန်တာတွေ နဲ့လုပ်တယ်ဗျာ…
ကျွန်တော်ဆိုလိုချင်တာက ကျွန်တော်တို့ပြည်သူတွေ နိုင်ငံခြားရောက်တဲ့အထိ ဒီစစ်အစိုးရအပေါ်ကြောက်လန့်တာတွေ အသွေးထဲ အသားထဲအထိ စိမ့်ဝင်နေတုန်းပါပဲလားဆိုတာပါပဲ…
ဒါကကျွန်တော့်အတွေးပါ… ကျန်တဲ့သူတွေက ဘယ်လို စဉ်းစားလဲဆိုတာလဲ သိပါရစေ…
good comment bro!
ဒီမိုကရေစီအတွက် လက်နက်ကိုင်ပြီး တိုက်ပွဲဝင်သင့်ရင်လဲ ၀င်ရမယ်… ပါးစပ်ကပြောလို့မရရင် လက်ကပြောရမယ်… အဲဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့မူဝါဒကို အကြိုက်ဆုံးပဲ… ကိုယ့်ရဲ့ ပစ္စည်းကို မတရားယူထားတဲ့သူကို တောင်းယူလို့မရရင် ပြန်လုသင့်ရင် ပြန်လုရမယ်…
ငြိမ်းချမ်းခြင်းအတွက်လဲ စစ်ပွဲတွေ ဆင်နွှဲသင့်ရင် ဆင်နွှဲရမယ်… ဘယ်သူမှတော့ ဒီအနိဋ္ဌာရုံတွေကို ခံစားချင်မှာမဟုတ်ဘူး… လိုအပ်လာရင်တော့ လုပ်ရလိမ့်မယ်…
အာဏာရှင်စနစ်ကို ဆန့်ကျင်ရမယ်… တော်လှန်ရမယ်… ကိုယ်တတ်စွမ်းတဲ့ နေရာက ပါဝင်အားဖြည့်ရမယ်… ကိုယ်က နိုင်ငံခြားမှာ ရောက်ရင် ရောက်နေလိမ့်မယ်… ဒါပေမယ့် မြန်မာနိုင်ငံမှာနေခဲ့တဲ့ ကိုယ်မိသားစုတွေ၊ တခြားသူတွေရဲ့ ဒုက္ခတွေကို လျစ်လျူရှုမထားပါနဲ့… မြန်မာပြည်သူတွေ စစ်အာဏာရှင်ရဲ့ မတရား ဖိနှိပ်ချုပ်ချယ်မှုတွေကို အမြဲသတိရပါ…
နိုင်ငံခြားမှာ အလုပ်သွားလုပ်တာလဲ ကိုယ့်တိုင်းပြည်မကောင်းလို့… တိုင်းပြည်မကောင်းအောင် အစိုးရက လုပ်ထားတာ… တိုင်းပြည်ကောင်းစားရင် ဘယ်သူမှ နိုင်ငံခြားမှာ သူများအောက်ကျနောက်ကျ ခံပြီး သွားလုပ်နေစရာမလိုဘူး… ကိုယ့်တိုင်းပြည်မှာ မိသားစုနဲ့ အိုးမကွာ အိမ်မကွာနေပြီး အလုပ်လုပ်ချင်ကြမှာချည်းပဲ…
နိုင်ငံခြားမှာ ရောက်နေတဲ့ အတော်များများနဲ့စကားပြောဖြစ်တော့ တချို့တွေက နိုင်ငံရေးမလုပ်ချင်ဘူး… စိတ်မ၀င်စားဘူး… ပိုက်ဆံရဖို့ပဲ အရေးကြီးတယ်… နိုင်ငံရေးလုပ်လို့ ထမင်းငတ်ရင် ဘယ်သူလာကျွေးထားမှာလဲ မေးတယ်… နိုင်ငံရေးနဲ့ ပတ်သက်ရင် ဒုက္ခတွေပဲရှိတယ်ဆိုပြီးတော့ ပြောတယ်… အဲဒီလို လူတွေလဲ တော်တော်များများတွေ့ရတယ်… အထူးသဖြင့် နိုင်ငံခြားမှာ ရောက်ရှိနေတဲ့သူတွေ ပြောတာများပါတယ်…
ကျွန်တော်တို့ တိုင်းပြည်ဟာ တခြားတိုင်းပြည်တွေလို စီးပွားရေးတခုတည်းပဲ စိတ်ဝင်စားနေလို့ မရပါဘူး… တခြားတိုင်းပြည်တွေက နိုင်ငံရေးကောင်းမွန်တဲ့အတွက် စီးပွားရေးတစ်ခုတည်းပဲ ဇောက်ချလုပ်နေကြတာပါ… ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံရေးဆိုတာကလည်း သုံးမရအောင်ပျက်စီးနေတာ… ဥပဒေဆိုတာ စစ်အစိုးရရဲ့ ပါးစပ်ထဲမှာ ရှိတယ်… အဲဒါကြောင့် နိုင်ငံပြုပြင်ပြောင်းလဲနိုင်ဖို့အရေး ကျွန်တော်တို့ ပြည်သူတွေ နိုင်ငံရေးကို စိတ်ဝင်စားစွာ လုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်…….
ပုံပြင်လေးတစ်ခုထဲကလို ဥသျှစ်သီးကြွေတာ ကိုယ်နဲ့မဆိုင်ဘူးလို့ထင်နေကြရင် ကိုယ်နဲ့ဆိုင်လာတဲ့အခါကျရင် ခံနိုင်ရည် ရှိအောင်ကြိုးစားထားပါ……….