ဂျွန်မက်ကိန်း ၏ ခရီးစဉ် နှင့် မြန်မာ့ နိုင်ငံရေး

တင်ကျော်ကျော်စိုး၊      ၊၁၉၉၅ ခုနှစ်က မြန်မာ နိုင်ငံ ရန်ကုန် မြို့ သို့ ရောက်ရှိ လာခဲ့ဖူးပြီး ထိုအချိန်
က ဘုန်းမီးနေလ တောက်
ပခဲ့သည့် စစ်ခေါင်းဆောင် များ နှင့် တွေ့ ဆုံ ခဲ့ပြီး ၁၆ နှစ်ကျော်တွင် ပြန်
လည် ရောက်ရှိ လာသည့် အ
မေရိကန် ပြည်ထောင်စု အရီဇိုးနား ပြည်နယ် လွှတ်တော် အမတ် ဂျွန်
မက်ကိန်း ၏ မြန်မာ နိုင်ငံ ခရီးစဉ်
သည် မြန်မာ နိုင်ငံ ရေးအတွက် တစ်စုံ တစ်ရာ အကျိုး ဖြစ်ထွန်း
နိုင်မှု ရှိ၊ မရှိ ရလာဒ်မှာ သူ့ အရင် သံတ
မန် များ ကဲ့ သို့ ပင် စောင့်ကြည့် ရအုံးမည် ဖြစ်သည်။

အထက်လွှတ်တော် တွင် လူလေးစား ခံရသည့် ၁၉၆၇ ဗီယက်နမ် စစ်ပြန်ဟောင်းကြီး သည် မြန်မာ့ ဒီမို
ကရေစီ ပြောင်း လဲရေး ကို စိတ်ဝင်စားသူ တစ်ဦး ဖြစ်ပြီး မြန်မာ့ နိုင်ငံရေး ကို အမြဲဆိုသလို ကက်ပီတိုလ်
စကျင်ကျောက်ဖြူ နံရံများ တွင် ပဲ့တင်ထပ် စေခဲ့သူ တစ်ဦး ဖြစ်သည်။

၂၀၀၈ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ပြိုင်ဘက် သမ္မတလောင်းကို ရှုံးနိမ့် ခဲ့သည့် ဂျွန်မက်
ကိန်းသည် မြန်မာ နိုင်ငံ သို့ လာရောက် သည့် အမေရိကန် နိုင်ငံရေး သမား များ တွင် အဆင့် မြင့် ဆုံး သူ
တစ်ဦး ဖြစ်သည်။

အမေရိကန် လွှတ်တော် အမတ် သည် ဒီမိုကရေစီ ရေး ကြိုးပမ်း နေသည့်  ကမ္ဘာ တစ်လွှား မှ အင်အား စု
များ ကို အမြဲ တမ်း အားပေး ထောက်ခံ ခဲ့သူ တစ်ဦး ဖြစ်ပြီး  မကြာသေး ခင် က လစ်ဗျား မှာ ကဒါဖီ ဆန့် 
ကျင်ရေး အင်အားစု များ ကို သွားရောက် တွေ့ ဆုံ အား ပေး ခဲ့သူ တစ်ဦး ဖြစ်သည်။

ငွေကြေး ပြတ်လပ်မှု ဖြစ်ပေါ် နေသည့် မြန်မာ စစ်အစိုးရသည် တရုတ် နိုင်ငံ သို့ သွား ရောက် ငွေချေးပြီး
နောက် အမေရိကန် ထိပ်တန်း ပုဂ္ဂိုလ် တစ်ဦး ကို ပြည်ဝင် ခွင့် ဗီဇာ ပေးပြီး တွေ့ ဆုံမှု ပြု ခဲ့သည် မှာ ထူး
ဆန်း သော ကိစ္စ တစ်ခု ပင် ဖြစ်သည်။ အထူး သဖြင့် မက်ကိန်း လို ၎င်း တို့ ကို အမြဲတစ်စေ ပြစ်တင် ဝေဖန်
နေသူ တစ်ဦး ကို လက်ခံ ရန် မှာ အထူးပင် မလွယ်ကူ လှ ကြောင်း ကို ဗြိတိသျှ ၀န်ကြီး ချုပ် ဂေါ်ဒွန် ဘရောင်း
၏ ဗီဇာ လျှောက် ထား မှု ကို မကြာသေးခင်က  ပယ်ချ ခဲ့ ခြင်း က သက်သေ ပင် ဖြစ်သည်။

အသက်အရွယ် ကြီး ရင့် လှပြီ ဖြစ်သည့် ၀ါရင့် လွှတ်တော် အမတ် ကြီး သည် မြန်မာ နိုင်ငံ ခရီးစဉ် ဉ် လက်ရှိ
အစိုးရ ၏ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲ မှု များ ကို အကဲ ဖြတ် ရန် အတွက် ရောက် ရှိ ခြင်း ဟု ဘန်ကောက်
တွင် သတင်း ထောက် များ နှင့် တွေ့ ဆုံ ရာ ဉ် ပြောကြား ခဲ့သည်။

သို့ ဆိုလျှင် နိုင်ငံရေး သမား နှင့် ဒီမိုကရေစီ ရေး တက်ကြွသူ ၂၀၀၀ ကျော်လောက် ကို ဆက် လက် ဖမ်းဆီးထိမ်း
သိမ်းထား သည့် မြန်မာ အစိုးရ အတွက် မက်ကိန်း ၏ အကဲဖြတ် ချက် သည် ချောင် မည် မထင်။ အမေရိကန်
လွှတ်တော်၏ မြန်မာ နိုင်ငံ အပေါ်  ဥပဒေ ပြုမှု များ တွင် အရေးပါ အရာ ရောက် ဆုံး သူ တစ်ဦး ဖြစ်သည့် မက်
ကိန်း သည် မြန်မာ စစ်အစိုးရ အတွက် လည်း အထူး အရေး ပါသည့် အခွင့် အရေး တစ်ရပ်ဖြစ်သည်။

အမြဲတစ်စေ သဘောထား တင်းမာ ပြီး ကြောက်တတ် ပုံ ရသည့် စစ်အစိုးရ သည် မြန်မာ နိုင်ငံ ၏ ဒီမိုကရေစီ ပြု
ပြင်ပြောင်း လဲမှု အတွက် သတ္တိ ရှိ စွာ လုပ်ဆောင် ရဲ ခြင်း မရှိ သေးသည် ကို မြန်မာ အတိုက်အခံ ခေါင်းဆောင်
က မကြာ သေး ခင် က ပင် ဝေဖန် ခဲ့သေးသည်။

မက်ကိန်း သည် မြန်မာ့ ဒီမိုကရေစီ ရေး တွင် ပိုမို အားပေး ထောက်ခံ မှု ပြု နိုင်ပြီး၊ အမေရိကန် အစိုးရက စစ်အစိုး
ရကို ယခု ထက် ပို၍ တင်းကျပ်မှု များ ၊ ဖြေလျှော့ မှု များ လုပ်သည့် အခါ တွင် အလေးသာ မှု နှင့် ပိုမိုထိရောက်မှု
ကို ပေး နိုင်သည့် တစ်ဦး တည်း သော ပုဂ္ဂိုလ် တစ်ဦး လည်း ဖြစ်သည်။

မက်ကိန်း သည် လည်း တန်ခိုးရှင် မဟုတ်သောကြောင့် မြန်မာ နိုင်ငံရေး ပြောင်း လဲ မှု ကို ဆေးကြိမ်လုံး ဖြင့် တစ်
ချက် မွှေ့ လိုက် သလို မလုပ် နိုင်သည် မှာ အသေအချာ ပင် ဖြစ်သည်။ မြန်မာ ဒီမိုကရေစီ ရေး အတွက် ကား မက်
ကိန်း လူမျိုး ရှိသည် မှာ တော့ ကောင်း သည်။ သို့ ပေ သော် လည်း မိမိ ကိုယ်တိုင် အား ထုတ် မှု က တော့ ဖြင့် ဆက်
လက် လို အပ် နေ  အုံး မည် ဖြစ်သည်။

မက်ကိန်း မြန်မာ နိုင်ငံသို့ ရောက် ရှိ ချိန် တွင် ဒေါ်အောင်ဆန်းစုကြည် ၏ ဦးဆောင်မှု ဖြင့် ဒီမိုကရေစီ အင်အား စုများ
က အင်အား ပြန်တည်ဆောက် ချိန် ဖြစ်ပြီး စစ်အစိုးရ က ၎င်း တို့ ကို ကမ္ဘာက တရား ၀င် အစိုးရ အဖြစ် သတ်မှတ်
ခြင်း ကို ခံယူ လို ချိန် ဖြစ်ကာ တရား ၀င် အာဏာရှင် စနစ် ကို ပုံဖော် နေချိန် ဖြစ်သည်။

လာခြင်း ကောင်း သော မက်ကိန်း ၏ ခရီးစဉ် သည်နှစ် ဖက်လုံး ကို အဖြေ ထွက် နိုင်သော် လည်း ဒီမိုကရေစီ အင်
အား စု များ က နဲနဲ ပိုကြိုးစား ဖို့ တော့ လို အုံးမည် ဖြစ်သည်။

One thought on “ဂျွန်မက်ကိန်း ၏ ခရီးစဉ် နှင့် မြန်မာ့ နိုင်ငံရေး

  1. သြော်…တင်ပေးသားပဲနော်….ဟဲဟဲဟဲ…။စိတ်မကောက်တတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်။

Comments are closed.