FNGယမန်နေ့ က လက်နက် ကိုင် ဒီမိုကရေစီလိုလား သည့် ငြိမ်းချမ်းစွာ ဆန္ဒပြသူ တို့  သမ္မတ နန်း
တော် ကို ၀င်ရောက် စီးနင်း မှု ဖြစ်စဉ် အတွင်း ဒဏ်ရာ ပြင်းထန် စွာ ရရှိခဲ့သည့် ယီမင် သမ္မတ
အလီ အဗ္ဗဒူလ် လာဆာလေး သည် ယနေ့  စနေ နေ့ ည သန်းခေါင်ယံ အချိန် တွင် ဆော်ဒီအာ
ရေးဗီးယား နိုင်ငံ ရီယာဒ် မြို့ သို့ ဆေးကုန် ရန် ရောက် ရှိ သွား ပြီး သူ၏ လက်ရှိ ရာထူး ကို ဒု သမ္မတစ်ဦး ဖြစ်သည့် အဘက် ရာဘို မန်ဆန် ဟာဒီ ကို လွှဲပြောင်း ပေးလိုက် ပြီ ဟု
ယီမင် အစိုးရ အဖွဲ့ ၏ ပြောရေး ဆိုခွင့် ရှိသူ အဗ္ဗဒူ ဂါနာဒီ က CNN သတင်း ဌာ န ကို ပြောသည်။
သောကြောနေ့ က ဟာရှစ် မျိုး နွယ်စု ၀င်များ ၊ ယီမင် စစ်တပ် မှာ အရာရှိ များ နှင့် ဆန္ဒပြသူများက
သမ္မတ နန်းတော် ကို ၀င်ရောက် စီးနင်းမှု ဖြစ်စဉ် အတွင်း အလီ အဗ္ဗဒူလ်လာ ဆာလေး သည် ပြင်း
ထန် စွာ ဒဏ်ရာ ရရှိ ခဲ့ခြင်း ဖြစ်သည်။

သမ္မတ အိမ်တော် တိုက် ခိုက်ခံရမှု တွင် ဆန္ဒပြသူများ ဘက်မှ ရပ်ခဲ့ သည် ဆာနား တပ်မ ၂၀၂ က
လက်နက် ကြီးများ ဖြင့် တိုက် ခိုက် ခဲ့သဖြင့် သမ္မတ နန်းတော် အတွင်း လူ ၁၁ ဦးသေဆုံး ခဲ့ပြီး ၀န်
ကြီးချုပ်၊ ဒုဝန်ကြီးချုပ် နှစ်ဦး နှင့် လွှတ်တော် ရုံး အရာ ရှိ များ ပြင်းထန် စွာ ဒဏ်ရာ ရရှိ ခဲ့သည်။
စနေနေ့ အစောပိုင်း က ယီမင် အစိုးရ ထိန်းချုပ် ထားသည့် ရုပ်သံမှ နေ၍ ဒုတိယ ပြန်ကြားရေး ၀န်ကြီးက
ယီမင် သမ္မတ ပြည်ပ ထွက် ခွာပြီး ဆေးကု မည့် အစီအစဉ် မှာ ကောလ ဟာလ သာ ဖြစ်သည် ဟု သတင်း
ထုတ်ပြန် ခဲ့ပြီး နောက်ပိုင်း တွင် မူ ဆာလေး ကို သယ်ဆောင် လာသည့် ဆော်ဒီ အာရေးဗီးယား စစ်တပ်
ပိုင် အရပ် ဘက် သုံး လေ ယာဉ် မှာ ရီယာဒ် မြို့ သို့ ရောက် ရှိ ကြောင်း ကြေငြာ ခဲ့သည်။
အဘက် ရာဘို မန်ဆန် ဟာဒီ သည် အစိုးရ အဖွဲ့ တွင် အမြင့် ဆုံး နေရာရရှိ ထားသည့် အတိုက်အခံ
ပါတီ မှ ခေါင်းဆောင်တစ်ဦး ဖြစ်ကာ တနင်္ဂနွေ နေ့ မနက် အစောပိုင်း တွင် နိုင်ငံပိုင် ရုပ်သံမှ နေ၍
သမ္မတ ရာထူးကို ပါလွှဲပြောင်းယူကြောင်း ကြေငြာခဲ့ပြီး လက်နက်ကိုင်တပ် များ ၏ သေနာပတိ တာ
ဝန် ကို လည်း ရယူကာ နိုင်ငံတွင်း လက်နက် ကိုင် ပဋိပက္ခများ ချုပ် ငြိမ်း အောင် လုပ်ဆောင် မည် ဟု
ပြောကြားခဲ့သည်။
ယီမင် သမ္မတ ထောက်ခံသူများ က ဆေးကုသမှု ခံပြီး လျှင် နိုင်ငံတွင်း သို့  ပြန်လာပြီး တာဝန်ပြန် လည်
ထမ်းဆောင် မည် ဟု ဆိုပြီး ယီမင် အတိုက် အခံ ခေါင်းဆောင် များ ကတော့ ဆာလေး ၏ ၃၃ နှစ်ကျော်
ကြာ ယီမင် နိုင်ငံရေး အာဏာ ကို ချုပ်ကိုင် ထားမှု အဆုံးသတ် သွား ပြီ ဟု ဆိုသည်။
ဘက်ပြောင်း သွားသည့် ယီမင် တပ် များ တွင် ရာထူး အကြီး ဆုံး ဖြစ်သည့် ဗိုလ်ချုပ် အလီ မိုဆန် က
ယီမင် နိုင်ငံရေး ခေါင်းဆောင် များ တွေ့ ဆုံ ဆွေးနွေးရန် တိုက် တွန်း ထား သော် လည်း မြို့ တွင်း ပစ်
ခတ်မှု များ ဆက်လက် ရှိနေဆဲ ဖြစ်သည်။
ဆော်ဒီ အာရေး ဗီးယား ဘုရင် က ယီမင် နိုင်ငံ အတွင်း ပြိုင်ဘက် လက် နက်ကိုင် များ အချင်းချင်း အပစ်
အခတ် သီတင်း တစ်ပတ် ရပ် စဲ ထားရန် တောင်း ဆိုထားသည်။
ali abdullah saleh, Yemen.
