Who’s Next? လေးလကျော်ကြာ ဆန္ဒပြတောင်းဆို မှု များ လိုက်လျှော မှု မပြုကာ၊ ပြင်းထန်
စွာ ပြန်လည် အကြမ်းဖက်ဖြိုခွဲမှု ပြုခဲ့သည့် ယီမင် သမ္မတ အလီ အဗ္ဗဒူလ် လာ ဆာလား တိုင်း
ပြည်မှ ထွက်ခွာသွား ပြီး နောက် မြို့ တော် ဆာနား၊ အေဒင် နှင့် ဇင်ဂျီဘာ မြို့ များ တွင် ဆန္ဒပြ
သူများ က သီချင်းများ ဖွင့်လှစ်ကာ ကခုန် ပျော်ပါးကြ ပြီး ၊ မီးရှုးမီးပန် များ ကောင်းကင်ယံ သို့ 
ပစ်လွှတ်ကာ အောင်ပွဲ ခံကြသည်။
မြို့ တော် ဆာနား ဉ် ယီမင် သမ္မတ အလီ အဗ္ဗဒူလ် လာ ဆာလား ဖယ်ရှား ရေး အတွက် ပြည်သူ
နှင့် အတူ တိုက်ပွဲ ၀င်ခဲ့သည့် ယီမင် စစ်တပ် မှ တပ်ဖွဲ့ ဝင်များ ကလည်း အောင် ပွဲခံကြသည်။

မြို့ တော် ဆာနား တွင် ယမန့် နေ့  က ဆော်ဒီ အာရေးဗီးယား နိုင်ငံ သို့ ဆေးကုသရန် ထွက် ခွာ
သွားသည့် ယီမင် သမ္မတ အလီ အဗ္ဗဒူလ်လာ ဆာလေး အား ” တိုင်းပြည်တွင်း သို့  မည်သည့် အခါ
မှ ပြန်မလာရန် ” ဆန္ဒပြ သူများ က အော်ဟစ်ကြွေးကျော် ခဲ့ကြသည်။
ယီမင် နိုင်ငံ ၏ ဒုတိယ အကြီးဆုံး မြို့ တော် ဖြစ်သည့် တိုင်ယဇ် တွင် ဆန္ဒပြ သူများ က မီးရှုးမီးပန်း
များ ပစ်ဖောက်ပြီး၊ လက်နက် ကိုင် တပ် ဖွဲ့ များက သေနတ် များ လေထဲ သို့ ပစ်ဖောက် ကာ အောင်
ပွဲခံကြသည်။
ဆာလား အား လက် နက် ဆွဲကိုင် တိုက် ခိုက်မှု တွင် ဦးဆောင် ခဲ့သည့် ဟာရှစ် မျိုးနွယ် စု ၏ ခေါင်း
ဆောင် ဖြစ်သည့် ရှိခ် ဆာဒစ် အယ်(လ) အာမာ ၏ တပ် ဖွဲ့ များ က ဆော်ဒီအာရေးဗီးယား နိုင်ငံက
ကြားဝင်စေ့စပ် ပေးထားသည့် အပစ်အခတ် ရပ်စဲ ရေး ကို လက်ရှိ သမ္မတ အာဘက် ရာဘို မန်ဆာ
ဟာဒီ နှင့် သဘော တူထား သဖြင့် မြို့ တော် နှင့် အခြား မြို့ များ တွင် ပစ်ခတ် မှု များ မရှိ ဟု AFP
သတင်းတွင် ဖော်ပြထားသည်။
ယမန်နေ့ က အတိုက်အခံ အဖွဲ့ များ နှင့် ပါတီ များ တွေ့ ဆုံမှု တွင် ယီမင် သမ္မတ ကို နိုင်ငံ တွင်း ပြန်
လည် ၀င်ရောက်ခွင့် မပေး ရန် ကို သဘောတူ ခဲ့သည်။
ယီမင် သမ္မတ အိမ်တော် နှင့် အိမ်တော် ၀င်း ထဲ ရှိ ဗလီ အား တိုက် ခိုက်မှု တွင် ဦးဆောင် ခဲ့သည်
ဟု ထင်ကြေး ဟာရှစ် မျိုး နွယ်စု ခေါင်းဆောင် ဆာဒစ် အယ်(လ) အာမာ ကို ၁၉၅၆ ခု နှစ် အောက်
တိုဘာလ ၆ ရက်နေ့ တွင် ဟာရှစ် မျိုးနွယ်စု ရွာ တစ်ခု ဖြစ်သည့် အယ်(လ)ခမ်ရီ တွင် မွေးဖွား ခဲ့ပြီး
သူ၏ ဖခင် Sheikh Abdullah bin Husayn bin Nasser al-Ahmar မှာ ထင်ရှားသည့် ဟာရှစ် မျိုး
နွယ်စု ခေါင်း ဆောင် တစ်ဦး ဖြစ် သည်။
၎င်း သည် ယီမင်၊ အီဂျစ် နှင့် အမေရိကန် တို့ တွင် ပညာ သင်ယူခဲ့ပြီး အမေရိကန် နိုင်ငံ မှ နေ၍
လေယာဉ်မောင်း နှင် မှု အတတ် ပညာဖြင့် ဘွဲ့ ရရှိခဲ့သည်။
အယ်(လ) အာမာ ၏ တပ် ဖွဲ့ ဝင်များ ဆာနား မြို့ တွင်း ၀င်ရောက် နိုင်ရေး အတွက် ဟာရှစ် မျိုး နွယ်
စု ၀င် ဗိုလ်ချုပ် တစ်ဦး ဖြစ်သူ အလီ မိုဆန် က အကူ အညီပေး ခဲ့ပြီး ဆာလား အား ဖြုတ် ချ နိုင်ရန်
အတွက် လက်နက် နှင့် ရော့ကတ် လောင် ချာများ ကို ထောက်ပံ့ခဲ့သည်။





