ဒေါ်အောင်ဆန်းစုကြည် ပုဂံခရီးစဉ် ဒေသခံများ လာရောက် ကြိုဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ခေါင်းဆောင် တွေ ထဲ က တစ်ဦး ဖြစ်တဲ့ နိုဘဲလ် ငြိမ်းချမ်းရေး
ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ရဲ့  ပုဂံ-ညောင်ဦး ဒေသ က ရှေးဟောင်း ပုထိုး များ သွားရောက်
ဖူးမျှော် ကြည်ညိုမှု အစီအစဉ် မှာ အနီးအပါး က ဒေသခံ တွေ တင် မဟုတ် ဘဲ အဲဒီ ဒေသ တစ်
ဝိုက် က လူတွေ လဲ လာရောက်ကြို ဆို နှုတ် ဆက် ကြတယ် လို့  ဒေါ်အောင်ဆန်းစုကြည် ရဲ့  ပုဂံ
ခရီးစဉ် မှာ လိုက် ပါသွား ခဲ့ တဲ့ သတင်းထောက် တစ်ဦး က FNG ကို ပြောပါတယ်။

ဒီခရီးစဉ် ဟာ ခုနှစ် ခွဲ ကျော်ကြာ နေအိမ် အကျယ်ချုပ် ကျခံရပြီး နောက် ပြီးခဲ့ တဲ့ နှစ် နိုဝင်ဘာ
လက ပြန်လည် လွတ် မြောက် လာပြီး ပထမ ဦး ဆုံး အကြိမ် ခရီး ထွက် ခွာ မှု ဖြစ်ပါတယ်။ ဒီခရီး
စဉ် မှာ သူ့ ရဲ့  သား ဖြစ်သူ လည်း လိုက်ပါ လာပြီး အမျိုး သား ဒီမို ကရေစီ အဖွဲ့ ချုပ် က ခေါင်း
ဆောင် တွေ လည်း လိုက်ပါလာ ခဲ့ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့  လေးရက်တာ ပုဂံ ဘုရားဖူး ခရီးစဉ် အတွင်း အာနန္ဓာ ဘုရား၊ သဗေ
ညုဘုရား၊ မနူဟာ ဘုရား စတဲ့ ပုံဂံ ခောတ် က ထင်ရှား တဲ့ ဘုရား စေတီ တွေ ကို ဖူးမြော်ခဲ့တယ်
လို့  အာနန္ဓာ ဘုရား က တာဝန် ရှိ သူ တစ်ဦး က ပြော ပါတယ်။

ဒေါ်အောင်ဆန်း စုကြည် နဲ့  သား ဖြစ်သူ ရဲ့  မိသားစု ဘုရား ဖူး ခရီးစဉ် ကို ပုဂံ ညောင်ဦး  ဒေသ က
ပြည်သူတွေ သာ မက အနီးအပါ ကျေးရွာ ရပ် ကွက် မြို့ နယ် က ပြည်သူ တွေ ပါ လာရောက် ကြို
ဆို နှုတ် ကြတယ် လို့ လဲ သတင်း သမား တစ်ဦး က FNG ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ ဆုံ နိုင် ဖို့  အတွက် ကျောက်ပန်းတောင်း မြို့ နယ် က နေ ရောက်
ရှိ လာ တဲ့ ပညာရေး ၀န်ထမ်း မိသားစု ကတော့ ကျွန်မတို့  ဒေါ်အောင်ဆန်းစုကြည် လာမယ် ဆို
လို့  ညောင် ဦး ကို ဒီ နေ့  အမှီ ရောက် လာတာ ပုဂံ ကို ဆက်သွားမယ်။ ဒေါ်စု ကို အမေကရော တစ်
မိသား စု လုံး တွေ့ ချင် လို့ ရောက် အောင် လာခဲ့ တာ လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့  ခရီးစဉ် မှာ အာဏာ ပိုင် တွေ ဘက် က ထင် သာ မြင် သာ ရှိ တဲ့ အနှောင့် အယှက် ပေးတာ
မျိုး မရှိပေမယ့် ဘုရား ဂေါကနဲ့  အောက်ခြေ အာဏာ ပိုင် တွေ ကို ဖိအား ပေးထား မှု တွေ ပြုလုပ် ပြီး ဒေါ်
အောင်ဆန်းစုကြည် ကို ခရီးဦးကြို မပြုဖို့ ၊ ငွေ အလှု မခံ ဖို့  လှုဒါန်းမှု ပြု ရင် လည်း ဆုမတောင်း ပေးဖို့ 
နောက် ကမ္ဗည်း ကျောက် စာ သဖွယ်ထာဝရ  နာမည် ရေးထိုး မှတ်တမ်းတင် အလှု မျိုး တွေ မလုပ်
ဖို့  ကို ဖိအားပေး ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့  မြန်မာ နိုင်ငံ အလယ် ပိုင်း ခရီး စဉ် ကို မြန်မာ နိုင်ငံသား တွေ နဲ့  ကမ္ဘာ့ ခေါင်းဆောင်
တွေ ကပါ စောင့် ကြည့် နေကြပါတယ်။

5 thoughts on “ဒေါ်အောင်ဆန်းစုကြည် ပုဂံခရီးစဉ် ဒေသခံများ လာရောက် ကြိုဆို

  1. သူလာလို့ အဲနေရာမှာ ကျန်းစစ်သားတို့ အနော်ရထာတို့ များ ရှိရင် တခါတည်းများ ပြေးရိုက်မလားမသိဘူး တိုင်းတစ်ပါးသားသွားယူတာဆိုတော့ အဲက ပုဂံကနေ စတင်ပေါက်ဖွားလာတဲ့ မြန်မာတို့ ရဲ့ စိတ်ဓာတ်ကို သူ က အလေးမထားဘူး အဲမှာ သေလို့ ကျန်နေသေးတဲ့ မကျွတ်သေးတဲ့ ဝိညာဉ်တွေ ကတော့ နှားခေါင်းရှုံ့ နေကြမှာပဲ….

  2. မေစု မကွေး ကိုလာမယ်လို့ ပြောနေသံကြားတယ် ။အမေစုကိုမျှော်နေကြပါတယ် ။အမေ ကျန်းမာပါစေ ။စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပြည်သူတွေနဲ့ အတူ မြန်မာနိုင်ငံ အတွက် ထာဝရ ကြိုးစားသွား နိုင်ပါစေ။

  3. ကျက်သရေရှိသော အမေစု၊ စိတ်ဓာတ်ကြံ့ခိုင်လှသော အမေစု၊
    အမေ့မျက်နှာပေါ်တွင် ငြိမ်းချမ်းမှုနှင့် တည်ကြည်ခိုင်မာမှုကို တွေ့နေရဆဲ။ မပြိုလဲနိုင်သော အမေပါ။
    နိုင်ငံရေးကို ကျနော်တို့ နက်နက်နဲနဲ နားမလည်ပါ။ ဒါပေမယ့် အမေ့ကို ကြည်ညိုသည်။ လေးစားသည်။ အမေသည် အနစ်နာခံခြင်းဖြင့် မြန်မာပြည်သူတို့နှင့်အတူ တစ်သားတည်းရှိနေခဲ့သည်။ အမေ့ နာကျင်မှုများနှင့် ကျနော်တို့၏ လက်ရှိ ဆင်းရဲ ပင်ပန်းမှုများသည် နောက်တစ်ခေတ်တွင် နောက်မျိုးဆက်တို့အတွက် မြေသြဇာသဖွယ် ဖြစ်ပါရစေအမေ။

  4. တခြားလူမျိုး မတူတဲ့သူကိုယူရင်ပြောင်းလဲမယ်ဆိုရင် ကျုပ်ကိုယ်ပေါ်မှာ
    (ဖြူ၊ မဲ၊ညို ) အရောင်စုံနေလောက်ပြီ ကျုပ်ဦးနှောက်ကောပြောင်းနိုင်ပါ့မလား လူမျိုးကောပြောင်းနိုင်ပါ့မလား ဒီအဖေ ဒီအမေကမွေးလာရင်သေတဲ့အထိ ဘာမှပြောင်းလဲလို့မရဘူး….

  5. ဒေါ် အောင်ဆန်းစုကြည် ကို ခရီးဦးကြို မပြုဖို့ ၊ ငွေ အလှု မခံ ဖို့  လှုဒါန်းမှု ပြု ရင် လည်း ဆုမတောင်း ပေးဖို့ 
    နောက် ကမ္ဗည်း ကျောက် စာ သဖွယ်ထာဝရ နာမည် ရေးထိုး မှတ်တမ်းတင် အလှု မျိုး တွေ မလုပ်
    ဖို့  ကို ဖိအားပေး တဲအမိန်.ပေးတဲ.သူတွေပာာဘယ်လိုမျိုးရိုးဘယ်လိုအဆင့်အတန်းကပေါက်ဖွားလာသလဲဆိုတာစဉ်းစားလို့ကိုမရတော့ဘူး။ လူတွေလှူတာကမ္ဗည်းမထိုးရဘူးပေါ့

Comments are closed.