လစ်ဗျား နိုင်ငံ အနောက် ပိုင်း က ဒီမိုကရေစီ လိုလား တဲ လက်နက် ကိုင် တွေ ဟာ ကြာသပတေး
နေ့  မနက် အစောပိုင်းမှာ ထရီပိုလီ မြို့  တော် နဲ့  မိုင် ၃၀ လောက် သာ ကွာ တဲ့ နေရာ မြို့  ငယ်
တွေ မှာ တပ် ဆွဲ ထားတဲ့ ကဒါဖီ ရဲ့  တပ် တွေ ကို တိုက်ခိုက်မောင်း ထုတ် နိုင်ခဲ့ ပြီး ထရီပိုလီ မြို့ 
ကို ၀င်ဖို့  အတွက် အဓိက ကျတဲ့ မြို့ ကြီး နှစ်ခု ဖြစ်တဲ့ ကာဝါလိရှ် နဲ့ ကစ်ကလာ မြို့  တွေ ကို ခြော
က်နာ ကျော်ကြာ တိုက် ပွဲ ဖြစ်ပွား ခဲ့ ပြီး နောက် သိမ်း ယူ နိုင် ခဲ့ ပါတယ်။
ဒီနေ့ မနက် အစော ပိုင်းမှာ ဖြစ်ပွား ခဲ့ တဲ့ တိုက်ပွဲ တွေ နဲ့  ပတ် သက်ပြီး နိုင်ငံ အနောက် ပိုင်း က
ဇင်တန် မြို့  မှာ တပ်စွဲ ထား တဲ့ လစ်ဗျား သူပုန် ခေါင်းဆောင် က” သူတို့  က ခံ မတိုက်တော့ ဘူး
ချက်ခြင်း ဆုတ် သွားတာ ကဒါဖီ ရဲ့  တပ်သား တွေ ငါးဆယ် ကျော် သေတယ် ၊ ၁၁ ယောက် ဖမ်း
မိတယ်၊ ၁၀၀ ကျော် ကျွန်တော် တို့  နဲ့  ပူးပေါင်း တယ် ” လို့  France 24 သတင်း ဌာန ကို ပြောပါ
တယ်။
မြောက် အတ္တလန္တတိတ် (နေတိုး) စစ်စာ ချုပ် အဖွဲ့  ရဲ့  အထွေ ထွေ အတွင်း ရေးမှုး အန်ဒါ ဖော်ဂ်
ရပ် မူဆန် ကတော့ ကဒါဖီ ရဲ့  အချိန် တွေ ဟာ ပြီး ဆုံး သွား ပြီ သူ အတွက် အခန်း ကဏ္ဍ မရှိတော့
ဘူး လို့  ပြောကြား ခဲ့ ပြီး နေတိုး တိုက်လေယာဉ် တွေ ဟာ ကဒါဖီ ရဲ့  စစ်ရေး ပစ်မှတ် ၂၄၀၀ ကျော်
ကို လေးလ အတွင်း တိုက်ခိုက် ခဲ့ တယ် လို့  ပြောကြား ခဲ့ ပါတယ်။ နေတိုး အဖွဲ့ ရဲ့  ထိပ်တန်း ကိုယ်
စား လှယ်တွေ ဟာ လစ်ဗျား သူပုန် တွေ နဲ့  တရား ၀င် တွေ့ ဆုံ မှာ ဖြစ်ပြီး ကဒါဖီ ကို ဆန့် ကျင် နေ
တဲ့ လစ်ဗျား အသွင် ကူးပြောင်း ရေး ကောင်စီ ကို လည်း လစ်ဗျား နိုင်ငံ ရဲ့  တရား ၀င် အစိုး ရ အဖြစ်
ကျန် ကမ္ဘာ့ နိုင်ငံ တွေ က အသိအမှတ် ပြု လာပြီ ဖြစ်ပါတယ်။
မနေ့ က ဗုဒ္ဓဟူး နေ့ မှာ တော့ နိုင်ငံ အနောက် ပိုင်း ဘန်ဂါဇီ မြို့ က ပြည်သူတွေ က ကဒါဖီ နှုတ်ထွက်
ပေး ဖို့ တောင်း ဆို ဆန္ဒပြမှု တွေ ကျင်းပခဲ့ ကြပါတယ်။
