ဇူလိုင်လ ၂၈ ရက်နေ့ က ကမ္ဘာဖလားခြေစစ်ပွဲ တွင် မြန်မာနှင့် အိုမန်အသင်းတို့ ရန်ကုန်မြို့ သုဝဏ္ဏ
အားကစားကွင်းတွင် ယှဉ်ပြိုင်ကြစဉ် အဓိကရုဏ် သဘောမျိုး ဖြစ်ပွား ခဲ့ ရာ ထိုဖြစ်ရပ်ဉ် ပါဝင်သည့်
သူများ ဟု ယူဆရသူများ ကို လိုက် လံ ဖမ်းဆီး ပြီး နောက် မသေရုံ တမယ် ညှင်းပန်း နှိပ်စက်ခံရ
သည် ဟု သတင်း ရရှိ သည်။
ဘောပွဲဖမ်းဆီးထား သူ အများ စု မှာ သင်္ဃန်းကျွန်း ရဲစခန်း၊ တာမွေ နှင့် ဗဟန်း ရဲစခန်း များ တွင် ရှိ
ပြီး၊ အချို့  ရဲစခန်းများ မှာ ထို ပွဲ တွင် ကိုယ်ထိလက်ရောက် ကျူးလွန် သည့် မဟုတ် သူများ ကို လည်း
ဖမ်းဆီး ထား သည် ဟု FNG မှ သတင်း ရရှိ သည်။
တာမွေမြို့ နယ် ကျောက်မြောင်း ရပ် မှ ဘောလုံးပွဲ ၀ါသနာ ပါသူ တစ်ဦး က” ကျွန်တော် တို့  သူငယ်ချင်း
ှနှစ်ဦး သွား ကြည့်ကြတယ်။ ဘာမှ ကိုယ်ထိလက်ရောက် မလုပ် ခဲ့ဘူး၊ အခု CCTV မှာ ပါတယ် ဆို ပြီး
ကျွန်တော် သူ ငယ်ချင်း ကို ဖမ်းသွားတယ်။ ထောင်အချုပ် ကို မပို့ စေချင် ရင် ငွေ ၅၀၀၀၀ ပေး ဖို့ 
ပြောတယ်” ဟု ဆိုသည်။
ဘောပွဲ ဖမ်းဆီးထား သူများ ကို ရဲစခန်း အချို့  တွင် နှိပ်စက် ညှင်းပန်း မှု များ ရှိ သကဲ့ သို့  မိသားစု ၀င်
များ အား လည်း နောက်ထပ် ဘောပွဲ ဆူပူသူ ၅ ဦး ကို ထပ်မံ ရှာ ဖွေ ပေး နိုင် ခြင်း မရှိ ပါက တစ်မိသား
စု လုံး ကို ပါဖမ်း မည် ဟု ခြိမ်းခြောက် မှု များ ရှိ သည်။
ကမ္ဘာ့ ဖလား ခြေစစ်ပွဲ အဓိကရုဏ်းတွင် ဖမ်းဆီးထား သူများ အား နှိပ်စက် ညှင်း ပန်းမှု နှင့် ပတ် သက်
ပြီး ရန်ကုန် မြို့  ရှိ အားကာစား ဂျာနယ် အယ်ဒီတာ တစ်ဦးက ” ဟုတ်တယ် … ရဲစခန်း တင် မက ဘူး
ထောက်လှမ်းရေး တပ် နဲ့  အခြား နေရာ တွေ မှာ ဖမ်းထား တာ လည်း ရှိတယ်။ တစ်ချို့ ကို အာမခံ ပေး
တယ် ၊ တစ်ချို့  ကို မပေး ဘူး၊ မဆိုင် သူတွေ လည်း ပါတယ် ” ဟု ပြောသည်။
ရန်ကုန် မြို့ မှ နာမည် ကျော် ဘောလုံးသမား ဟောင်း တစ်ဦး ကမူ ” အာဏာပိုင် တွေ လုပ်ရပ်ကြောင့်
လည်း ဒီလို ဖြစ်သွားတယ် လို့  ထင်တယ်။ ပွဲမစခင် အလကား ပေး ၀င် မယ် ဆို ပြီး တံခါးတွေ ပိတ်ထား
တာ ကြောင့် ဒေါသ ထွက် သွားတာ ရယ် ၊ အကန့် အသတ် နဲ့  မဟုတ်တော့ ပဲ နောက်ပိုင်း အကုန် လုံး
ပေး ၀င်တာ ကြောင့် ဒီလို ဖြစ်ရတာ ” ဟု သုံးသပ် သည်။
ထိုပွဲ တွင် အိုမန် အသင်းက အနိုင် ရရှိ ပြီး ကမ္ဘာ့ ဘောလုံး အဖွဲ ချုပ် က လည်း မြန်မာ ကို အရေးယူရန်
စီစဉ် နေသည်။

အမှန်ကတော့ပရိတ်သတ်တွေနားမလည်တာပါ သိသိကြီးနဲ့အားပေးတာကိုဘဲ ဘောလုံးအဖွဲ့ချုပ်ကကျေးဇူး
တင်သင့်တယ် ရဲတွေကတော့ဒီလိုပါဘဲ ဖက်စစ်ဆန်နေတယ် သူတို့ကလည်းသနားစရာပါ ဘာမှမသိဘူး
၈၈လိုဖြစ်ရင်သူတို့အရင်အသတ်ခံရမှာ အားလုံးကောင်းမှအကုန်လုံးကောင်းမယ်
ဘောလုံးပွဲကိုအစကနေနောက်ဆုံးလူအယောက်100လောက်ပဲကျန်တော့တဲ့အချိန်ကျမှ ပြန်လာတာပါ။ ကိုယ်တိုင်လည်းမမြင်ပဲနဲ့ သူများပြောတာကိုယမ်းပြီးလိုက်ပြောတာကတော့မကောင်းပါဘူး.. အမှန်တကယ်က ပ၇ိတ်သတ်ဘက်ကလိုအပ်တာထက်ပိုပြီး အားပေးလွန်းလို့ဖြစ်ရတာပါ..ကိုယ့်မြေ ကိုယ့်ကွင်မှာ အရှုံးနဲ့ရင်ဆိုင်ရတော့ဒေါသတွေမထိန်းနိုင်တာလည်ပါတယ်..နောက်ပြီး အဆင့်တန်းမရှိတာလည်းပါတယ်..နဂိုကတည်းကမှုးနေတဲ့ကောင်တွေကများတယ်… ဘောလုံးပွဲကိုကြည့်ချင်တာထက် ဖျက်စီးဖို့လာကြတာနဲ့တူနေတယ်..တို့လူမျိုးတွေ ရင့်ကျက်ဖို့လိုပြီ..
ဟုတ်တယ် အပြစ်မရှိတဲ့သူတွေကို ဖမ်းတာကတော့ သူတို့ရဲ့လမ်းစဉ်ပဲလေ
နားမလေပါ
အာဏာပိုင်တွေကိုချည်း အပြစ်ဖို့လို့မရဘူး၊ ဘောလုံးပွဲမှာ အရှုံး အနိုင်ဆိုတာ ရှိတာပဲလေ.. ရှုံးတာကိုလဲ လက်ခံနိုင်ရမယ်၊ နိုင်တာကိုလဲ လက်ခံနိုင်ရမယ်.. ရှုံးတယ်ဆိုပြီး သွားပစ်ပေါက်မှတော့ ပွဲပျက်တာပေါ့… မြန်မာတွေလဲ လွန်ပါတယ် တစ်ချို့တွေပေါ့ အားကစားစိတ်ဓာတ်မရှိတဲ့သူတွေပေါ့
အဲဒါကို သင်ခန်းစာယူရမယ်…
ပြည်သူတွေကို ဘယ်လိုထိန်းရမယ်ဆိုတဲ့ မှန်ကန်တဲ့နည်းလမ်း ရှိဘို့လိုတယ်…
ဒီလိုမလုပ်သင့်ရင် ဒီလိုမလုပ်နဲ့လို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်…
ပြီးမှ ပြန်လုပ်လို့ရတယ်၊ မရဘူးနဲ့ မပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ကတော့…
ဘယ်တော့မှ ပြေပြေလည်လည် ငြိမ်းငြိမ်းချမ်းချမ်း ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူး…
ပြည်သူတွေဘက်ကလည်း အမှန်မြင်ရင် သိရင် ထိန်းသိမ်းဘို့လိုတာပေါ့…
I LIKE POSTS !!
တကယ်အပြစ်ရှိတဲ့သူကိုအရေးယူတာကိုလက်ခံပေမဲ့ ဂွင်ရှာလို့ရအောင်တွေ့ကရာရှောက်ဆွဲပြီးငွေညှစ်တာကို
တော့ ရွံတယ်။ ဒီလိုအကြင့်ဆိုးတွေက ဒီမိုကရှေစီကိုဖေါ်ဆောင်နေပါသတဲ့လား။ မှန်ကန်တဲ့နည်းလမ်းလို့ပြော
တဲ့ပုဂ္ဂိုလ် ဘယ်လိုအသိဥာဏ်နဲ့ ပြောတယ်မသိပါဘူး။ အပြစ်ရှိသူ ၁၀၀၀ လွတ်နေတာထက် အပြစ်မဲ့သူကို မှား
ယွင်းစွာ အပြစ်ပေးခံရတာ ပိုဆိုးတယ်ဆိုတဲ့ ဥပဒေဆောင်ပုဒ်ကို အမှတ်ရစေချင်ပါတယ်။ တည်ငြိမ်ရေးကိုဗန်း
ပြပြီး အပြစ်မဲ့သူတွေကိုပါနိပ်စက်တဲ့ ခြစားတဲ့အဖွဲ့အစည်းမှန်သမျှကို အနုကြမ်းစီး၊ အနိုင်ကျင်းတယ်လို့ဘဲ
ကျွန်တော်ကမြင်တယ်။
သတင်းထဲမှာ ပါးစပ်ကပြောတဲ့သတင်းက အားလုံးထက်အမြန်ဆုံးပဲ.. တယောက်စကားတယောက်နားမှာ ဆိုတဲ့အတိုင်း လေထဲမှာပြောနေကြတာ အတိအကျသိတဲ့သူကဘယ်သူမှန်းမသိဘူး..တကယ်လားဆိုတော့လည်း ဘယ်လိုဖြေရမှန်းမသိဘူး..ဒါကျုပ်တို့နိုင်ငံရဲ့အားနည်းချက်ပဲ..စကားအရမ်းဖေါင်းပွတယ်…အကျင့်ပျက်ခြစားတာကနိုင်ငံတကာမှာယနေ့ထိတိုင်ရှိနေတုန်းပဲ..မြန်မာနိုင်ငံတခုတည်းမှာတင်မဟုတ်ပါဘူး..ပိုတာတော့သူများနိုင်ငံတွေထက်အများကြီးပိုတယ်. ဒါကိုထိုင်ပြီးပြောနေမဲ့အစား ဘယ်လိုခြေဖျက်ရမလဲဆိုတာ တခန်းတရပ်ကပါဝင်ကြည့်စေချင်တယ်.. ဒီစာကြောင်းကိုအကောင်းမြင်နဲ့ကြည့်ပေးပါ