စနေ နေ့ က လန်ဒန် မြို့ တော်တင်ဟမ် အရပ်မှာ ဖြစ်ပွား ခဲ့တဲ့ လူထု အုံကြွမှု တွေ ဟာ ဒီနေ့ 
တတိယမြောက် ည အဖြစ် ဆက်အားကောင်းလာ ခဲ့ ပြီး ရဲတပ်ဖွဲ့  ၀င်တွေ ကလည်း လူ ၁၀၀ ကျော် ကို
ဆက် လက် ဖမ်းဆီး ထား ကာ မြောက်ပိုင်း နဲ့  အနောက် ပိုင်း လန်ဒန် တွေ မှာ လူထု အုံကြွမှု
တွေ ဆက်လက် အားကောင်း နေပါတယ်။ ဒီနေ့ မနက် ဖြစ်ပွား တဲ့ လူထု အုံကြွမှု တွေ မှာ ရပ်တပ် ဖွဲ့  ၀င် နှစ်ဦး ပြင်းထန်စွာ ထိခိုက် ဒဏ်ရာ
ရရှိ ပြီး လှုပ်ရှား သူ ငါးဦး ထက် မနည်း လည်း ဒဏ်ရာ ရရှိ သွား ပါတယ်။ တစ်ချို့  သတင်း တွေ
မှာ တော့ အဓိကရုဏ်း နှိမ်နှင်း တဲ့ ရဲ တွေ ဟာ သတင်းထောက် နဲ့  ဗီဒီယို၊ ဓာတ်ပုံ ရိုက် ကူးသူ
တွေ ကို ပါ နှိပ် ကွပ် တယ် လို့  ဆိုပါတယ်။
လန်ဒန် လူထု အုံကြွမှု ဖေ့ဘွတ်၊ တွစ်တာ တို့ ထက် Blackberry Messenger က လူတွေ အများ
ကြီး စုရုံးအောင် လုပ် ဆောင် နိုင် တယ်လို့  အင်ဒီပင့်ဒက် သတင်းစာ မှာ ဖော်ပြထား ပါတယ်။
လန်ဒန် လူထု အုံကြွမှု ဟာ ဘာမင်ဂမ်၊ ဆိုင်ရိုဒမ် နဲ့  လီဗာပူး မြို့  တွေ ထိ ကူးဆက်သွား ပြီး
ပစ္စည်းလူယက် မှု တွေ ၊ အဆင့် မြင့် ကုန်တိုက် တွေ နဲ့ လျှပ်စစ် ပစ္စည်း ဆိုင် တွေ ကို ဖောက်
ထွင်း မှု တွေ ထိ ပါ ဖြစ်လာခဲ့ ပါတယ်။
စနေ့ နေ့  ညက မီးရှို့ ဖျက်ဆီးမှု တွေ စကတည်း က စပြီး ရဲတပ်ဖွဲ့ က လူပေါင်း ၂၅၀ နီးပါး
လောက် ကိုဖမ်းဆီးထား ပြီး ဒီအထဲ မှာ ဆယ်ကျော်သက်တွေ နဲ့  တက္ကသိုလ်ကျောင်းသား
တွေ ပါဝင်ပါတယ်။
နွေရာသီ အားလပ်ရက် အီတလီ နိုင်ငံ မှာ သွားရောက် အပန်း ဖြေဖို့  စီစဉ် ထား တဲ ဗြိတိသျှ
ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် က နိုင်ငံ ကို ပြန်လာ ပြီး အခြေအနေ တွေ ပြန်တည် ငြိမ်အောင်
သူကိုယ်တိုင် ကိုင် တွယ် မယ် လို့  ဆိုပါတယ်။
နိုင်ငံ တ၀ှမ်း ထိ ဆက်လက် ပြန့် သွား မယ် လို့ ယူဆရ တဲ့ ဒီ အရေး အခင်း ကို စကော့တလန်
ယာဒ် ရဲ တပ်ဖွဲ့  ကိုယ်တိုင် ကိုင် တွယ် ဖို့  ခက်ခဲ နေတယ် လို့ ဆိုပါတယ်။
ဒီလူထု အုံကြွမှု တွေ ဟာ တွစ်တာ နဲ့  ဖေ့ဘွတ် တို့  ကြောင့် ပိုမို အားကောင်းလာ ပြီး လန်ဒန်
မြို့ လယ် နဲ့  အန်ဖီး အရပ် မှာ ဆို ရင် ဆယ် ကျော် သက် တွေ က အကျီ်အနက်ရောင် တွေ
ဝတ် လက်နက် တွေ ကိုင် ဆောင် ပြီး အင်အား ပြကြတယ် လို့  ဆိုပါတယ်။




