လစ်ဗျား နိုင်ငံ ရဲ့  တောင်ဘက် က အိမ်နီးချင်း နိုင်ငံ နိုင်ငံ ထဲ ကို လစ်ဗျား ခေါင်းဆောင် ဟောင်း
ကဒါဖီ ထွက်ပြေး ခိုလှုံ တယ် ဆိုတဲ့ သတင်း တွေ နဲ့  ပတ် သက်ပြီး ကဒါဖီ က သူ့ ရဲ့  အသံသွင်း
တိပ်ခွေ နဲ့  ငြင်းဆို လိုက် ပါတယ်။
ကဒါဖီ ရဲ့  အသံသွင်း တိပ်ခွေ ကို ဆီးရီးယား နိုင်ငံ က ကဒါဖီ လိုလား တဲ့ ရုပ်သံ က ထုတ် လွှင့်
သွား ခဲ့ တာ ဖြစ်ပါတယ်။
အရင် ကဒါဖီ ရဲ့  အစိုးရ အဖွဲ့  ထဲ က နဲ့  လက်နက် ကိုင် တပ် တွေ က ထိပ်တန်း အရာ ရှိ တွေ က
တော့ ရွှေ ငွေ အပြည့် တင်ထားတဲ့ ကားတန်း တွေ နဲ့  နိုင်ဂျာ နိုင်ငံ ထဲ ကို ၀င်ရောက် ခဲ့တယ်လို့ 
နိုင်ဂျာ မှာ ရှိ နေတဲ့ နိုင်ငံခြား သံတမန် တွေ က အတည် ပြု ပြောပါတယ်။
ကဒါဖီ ဟာ ဘယ်မှာ ပုန်းနေလဲ ဆိုတာ လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီ (NTC) က အခု ထိ မသိ
ရသေး ပေမယ့် အမေရိန်ကန် ကာကွယ်ရေး ၀န်ကြီးက တော့ ကဒါဖီ ဟာ လစ်ဗျား နိုင်ငံ ထဲ မှာ ပဲ
ရှိမယ် လို့  ဆို ပါတယ်။
ထရီပိုလီ မြို့  ကနေ အရှေ့ တောင် ဘက် ကီလိုမီတာ ၁၄၀ အကွာမှာ ရှိ တဲ့ ဘန်နီ ၀လစ် မြို့ မှာတော့
ကဒါဖီ ကို သစ္စာ ခံတဲ့ တပ် တွေ ဟာ အခိုင် အမာ တပ် ဆွဲ ထား ပါတယ်။ NTC က မြို့  ထဲ က လက်
နက် ကိုင် တွေ အညံ့ ခံ ပြီး တော်လှန်ရေး တပ် ဖွဲ့ ဝင် တွေ ကို မြို့ ထဲ ကို ၀င် ခွင့် ပေး ဖို့  ညှိုနှိုင်း ထား
ပေမယ့် ဒီ ဆွေးနွေး ချကို ကဒါဖီ ရဲ့  တပ် ဖွဲ့  တွေ က ငြင်းပယ် လိုက် ပါတယ်။
လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီ (NTC) ဟာ ထရီပိုလီ ကို ပြောင်းရွေ့  အခြေစိုက် ပြီး လစ်
ဗျား ကြား ဖြတ် အစိုးရ အဖွဲ့  ခေါင်းဆောင် မာမွတ် ဂျီဘရေး က လည်း ဒီနေ့ ထရီ ပိုလီ မှာ စပြီး ရုံး
ထိုင် နေ ပြီ ဖြစ်ပါတယ်။
နိုင်ဂျာ နိုင်ငံ က ကဒါဖီ သူ့  နိုင်ငံ ထဲ မှာ မရှိ ဘူး လို့  ငြင်းဆို ခဲ့ ပြီး ဘာကီနီဖာ ဆို နိုင်ငံ ကတော့
ကဒါဖီ နဲ့  သူ့  ရဲ့  တပ်တွေ ကို လက်ခံ မှာ မဟုတ်ဘူး လို့  သတင်း ထုတ် ပြန်ထား ပါတယ်။
