မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် နှင့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီ ဖြစ်သည့် အမျိုးသား
ဒီမိုကရေစီ အဖွဲ့ ချုပ် ၏ အထွေထွေ အတွင်း ရေး မှုး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ၏ ဘဝ
ဇာတ် ကြောင်း ကို ရိုက် ကူး ထား သည့် The lady အမည် ရှိ ဇာတ်ကား ကို မြန်မာ နိုင်ငံတွင်း
ဉ် တရား ၀င် ရုံတင်ပြသခွင့် ပြု မည် မဟုတ် ဟု သိရသည်။
ပြင်သစ်လူမျိုး နာမည် ကျော် ဒါရိုက်တာ လခ် ဘက်ဆွန် ရိုက်ကူးသည့် The Lady ဇာတ်ကား
တွင် ဒေါ်အောင်ဆန်းစုကြည် အဖြစ် မစ်ရှလ်ယိုး ၊ သူမ ၏ ခင်ပွန်း ဒေါက်တာ မိုက်ကယ် အဲရစ်
အဖြစ် ဒေးဗစ် သူလစ် တို့  က ပါဝင် သရုပ်ဆောင် ထား သည်။
The Lady ဇာတ် ကား ကို မြန်မာ နိုင်ငံ တွင်း ပြသခွင့် ပြု မည် မဟုတ် ခြင်း နှင့် ပတ် သက် ပြီး
မြန်မာ နိုင်ငံ ရုပ်ရှင် အစည်း အရုံး မှ တာဝန် ရှိ သူ တစ်ဦးက ” ရှေ့ မှာ လည်း ” Beyond Rangoon,
Burma VJ, Rambo ဇာတ်ကား တွေ ကို ပြသခွင့် ပြု ခဲ့ တာ မဟုတ် ဘူး အခု လည်း ပြခွင့် ပေးမှာ
မဟုတ် ဘူး လို့  ထင် တယ် ဟု FNG သို့  ပြောသည်။
ယခင် က မြန်မာ နိုင်ငံ တွင်း ရှိ ရုပ်ရှင် ရုံ များ နှာ ဒါရိုက်တာ လခ် ဘက်ဆွန် ရိုက် ကူး ခဲ့ သည့် Nikita,
The Hitman, Transporter, Taken , Taxi စသည့် ဇာတ် ကား များ ကို ရုံတင် ပြသ ခဲ့ ဖူးသည်။
The lady ဇာတ် ကား တွင် ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံ ကာလ နောက် ခံ ရိုက်ကူးတင်ပြမှု နှင့်
စိတ်လှုပ်ရှား ဖွယ် ရာ ဇာတ် ကွက် များ ပါဝင် နေ၍ အစိုးရ က တားမြစ် မှာ သေချာ ကြောင်း ရန်ကုန်
အခြေစိုက် သတင်း ထောက် တစ်ဦး က သုံးသပ် သည်။
အကယ်၍ The Lady ဇာတ်ာကား သာ မြန်မာ နိုင်ငံ ဉ် ပြသခွင့် ပြုမည် ဆိုပါက တိုးမပေါက်အောင်
ပင် ကြည့် ရှု အား ပေး ၍ ရုံပြည့် ရုံလျှံ ကြည့် ရှု အားပေး မည် ဖြစ်ကြောင်း ရှေ့ ဆောင် ရုပ်ရှင် ရုံ မှ
ဝန်ထမ်း တစ်ဦး က ပြော သည်။
ထိုဇာတ် ကား တွင် သရုပ်ဆောင် သည့် မင်း သမီး မစ်ရှလ်ယိုး ကို မြန်မာ အစိုးရက ဇွန်လ ၂၂ ရက်
နေ့ တွင် လေဆိပ် မှာ ပြန်လည် နှင် ထုတ် ခဲ့  သည်။ သူ သည် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံ
ရန် လာခြင်း ဖြစ်သည်။
လတ်တလော တွင် မူ ဒေါ်အောင်ဆန်းစုကြည် ၏ အင်တာဗျုး နှင့် ဆောင်း ပါးများ ကို မူ ဂျာနယ် အချို့ 
တွင် ဖော်ပြ ခွင့် ပြုထား သည်။
The Lady ဇာတ်ကား ကို ယခု နှစ် ဒီဇင်ဘာလ ဉ် ကမ္ဘာတစ်လွှား တွင် ရုံ တင် ပြ သမည် ဖြစ်သည်။

even they don’t let you watch that the lady movie. WE KNEW WHAT THEY DID AND WHAT THEY LIE TO US.WE ARE WITHNESS.THE GAME IS NOT OVER YET…….DUDE
ရုံတင်ပြသခွင့်မရလဲမြန်မာလူထုအတွက်လုံးဝပူစရာမလိုပါ.DVD,VCD ခောတ်ကြီးမှာ The Lady ကားလောက်ကတော့.၁လအတွင်းမှာတစ်နိုင်ငံလုံးဖြန့်လို့ရပါတယ်..
အကယ်ရ်ျ link လေးများရှိရင် ပေးကြပါဗျို့ ။ down ချင်လို့ ပါ။
denay4u@gmail.com