သမဂ္ဂ အဆောက်အအုံ ပြန်ဆောက်ပေး ဖို့ ကျောင်းသား တွေ တောင်း ဆိုပြီ

၁၉၆၂ ခုနှစ် တွင် ဗိုလ်ချုပ်ကြီး နေ၀င်း ၏ တော်လှန်ရေးကောင်စီ အစိုးရ က မိုင်းထောင် ဖြိုခွဲ
လိုက် သည့် ကျောင်းသား သမဂ္ဂ အဆောက် အဦ တရား ၀င် ပြန်လည် တည်ဆောက်ပေးရန်
ဗမာ နိုင်ငံ လုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ များ အဖွဲ့  ချုပ် မှ ယနေ့  တောင်း ဆိုလိုက် သည်။

မြန်မာ့ လွတ်လပ် ရေး ကြိုပမ်း မှု သမိုင်း တွင် အစဉ် အလာ ကြီး မား ခဲ့ ပြီး အင်္ဂလိပ် နယ်ချဲ့ အစိုး
ရ အား ဆန့် ကျင် ခဲ့ ကြသည့် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု ခေါင်းဆောင် များ သည် ကျောင်း
သား သမဂ္ဂ မှ ပေါ် ထွက် လာခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ် တွင် ပြန်လည် ဖွဲ့ စည်း ခဲ့ သည့် ဗကသ သည် ယခင် ဗကသ အခြေခံ မူများ ဖြစ်သည့်
အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီပညာရေး၊ ငြိမ်းချမ်းရေးနှင့် ကျောင်းသား ထု အခွင့်အ
ရေး ကာကွယ်ရေး စသည့် အခြေခံ မူများ ကို ကိုင်စွဲ ကာ ဆက်လက် ရပ် တည် လျှက် ရှိသည်။

မန္တလေးမြို့ ဓမ္မသဟာယကျောင်းတိုက်ဝင်းအတွင်း ပြုလုပ်ခဲ့သော အဆိုပါတွေ့ဆုံပွဲသို့ တက္က
သိုလ်အသီးသီးမှ ကျောင်းသားကျောင်းသူသစ် ၂၀၀ နီးပါးအပါအ၀င် ယခင် ဗကသတွင် တာဝန်
ထမ်းဆောင်ခဲ့ဖူးသော ကျောင်းသားဟောင်းများ ၊ ဗဟိုစည်းရုံးရေးကော်မတီဝင်များနှင့် ဗကသ
(အထက်မြန်မာပြည် ) တရားဝင် ဖြစ်ထွန်း ပေါ်ပေါက်လာရေးကော်မတီတို့မှ ကျောင်းသားကျောင်းသူ
တစ်ထောင် နီးပါး တက်ရောက်ခဲ့သည်။ (YPI မှာ ကောက်နှုတ် ဖော်ပြသည်)

လက်ရှိ ဗကသ ဥက္ကဌ ဖြစ်သူ ကို ကျော်ကျော် ကို က ကျောင်းသား သမဂ္ဂ အဆောက် အဦ ကို အရင်
မိုင်းခွဲ ဖျက်ဆီး ခဲ့ ခဲ့ ရတဲ့ နေရာ မှာ ပဲ ပြန် ဆောက် ပေး စေ ချင် တယ် ဟု FNG သို့  ပြောသည်။

ဗိုလ်ချုပ်ကြီး နေ၀င်း အာဏာ ရရှိ ချိန် ဉ် ကျောင်းသား သမဂ္ဂ အဆောက် အဦ ကို မိုင်း ခွဲ ဖျက်ဆီး ခဲ့
ရာ သမဂ္ဂ အဆောက် အဦး လည်း ပျက်စီး ၊ ဗကသ လည်း မတရား အသင်း ကြေငြာ ခံ ရကာ
ကျောင်းသား ၊ ကျောင်းသူ ရာ ပေါင်း များ စွာ လည်း သေ ဆုံး ခဲ့ ကြ သည်။

One thought on “သမဂ္ဂ အဆောက်အအုံ ပြန်ဆောက်ပေး ဖို့ ကျောင်းသား တွေ တောင်း ဆိုပြီ

  1. နိုင်ငံတော်သမ္မတကြီးကအခုတောင်းဆိုချက်ကို
    လက်ခံပေးသင့်ပါတယ်။
    တက္ကသိုလ်ရဲ့အထင်ကရနေရာဖြစ်တဲ့
    ရန်ကုန်တက္ကသိုလ်ကြီးရယ်
    အင်းယားကန်ပြင်ရယ်
    ကျောင်းသားအဆောက်အအုံကြီးရယ်က
    ပညာတက်တွေတက်ကြွစွာသွားလာပျော်ရွင်နေရတဲ့နေရာလေးမှတ်တိုင်လေးတခုပေါ
    နိုင်ငံတော်သမ္မတကြီးကသာလိုက်လျောပေးမယ်ဆိုရင်
    ကျောင်းသားများရဲ့ဒဏ်ရာတွေကသက်သာလာမယ်လို့ယုံကြည်တယ်။
    နှစ်များစွာကမျော်လင့်တောင်းတခဲ့တဲ့အလင်းရောင်တခုပေါ့။
    သမ္မတကြီးကျန်းမာပါစေ။

Comments are closed.