ကမ္ဘောဒီးယား နိုင်ငံမှာ ခမာနီ တွေ အုပ်ချုပ် စဉ် က ထောင်ပိုင် အဖြစ် တာဝန်ယူ ခဲ့ တဲ့ ဒပ်(ရှ)
ခေါ် ခိုင်ခွဗ်အပ် ကို ကုလ သမဂ္ဂ နဲ့  ကမ္ဘောဒီးယား အစိုး ရ တို့  ပူးပေါင်း စီစဉ် ထား တဲ့ လူမျိုး
တုန်း သတ်ဖြတ်မှု များ ဆိုင်ရာ တရား ရုံး က သူ ရဲ့  အယူ ခံ ကို ပယ်ချ လိုက် တဲ့ အပြင် ပြစ်
ဒဏ် ကို လည်း ထောင်ဒဏ် တစ်သက် တစ်ကျွန်း အထိ တိုး မြှင့် လိုက်ပါတယ်။
ခမာနီ တွေ အုပ် ချုပ် စဉ် က နာမည် ဆိုး နဲ့  ကျော် ကြား တဲ့ တုံ ဆလန်း အကျဉ်းထောင် ကို
အုပ်ချုပ် ခဲ့ တဲ့ ဒပ်(ရှ) ဟာ အသက် ၆၉ နှစ် အရွယ် ရှိ ပြီ ဖြစ်ပါတယ်။
ခမာနီ ခောတ် က လူ တစ်သောင်း ခွဲ လောက် ကို ဖမ်းဆီး အကျဉ်း ချ ထား တဲ့ တုံဆလန်း
ထောင် ဟာ နှိပ်စက်ညှင်းပန်း မှု ၊ သတ်ဖြတ်မှု တွေ နဲ့  နာမည် ကြီး ခဲ့ ပြီး ဒပ်(ရှ) ဟာ ထောင်
အုပ် ချုပ် ရေး မှုး အဖြစ် တာဝန် ယူစဉ် မှာ မိန်းမ နဲ့  ကလေး တွေ ကို ပါ သတ်ဖြတ် ဖို့  အမိန့် 
ပေး ခဲ့ တယ် လို့  ၂၀၁၀ တုန်းက သူ့  အမှု စစ်ဆေး နေ စဉ် အတွင်း မှာ သက်သေထွက် ဆို ခဲ့
ကြပါတယ်။
သူက တော့ မနေ့ က သူ့  ကြောင့် သေဆုံး သွား ခဲ့ ရတဲ့ သူ တွေ လာကြည့်တဲ့ တရား ခွင်မှာ
သူ့ မှာ အပြစ် မရှိ ကြောင်း နဲ့  အထက် က ခိုင်း လို့  လုပ် ရတယ် ဆိုတာ ကို တွင်တွင် ကြီးပြော
ခဲ့ ပါတယ်။
ကမ္ဘော ဒီးယား မှာ ခမာနီ လို့  ခေါ်တဲ့ ကမ္ဘောဒီးယား ကွန်မြူ နစ် ပါတီ အုပ်ချုပ် စဉ် မှာ လူ တစ်
သိန်း ကျော် သတ် ဖြတ် ခံ ခဲ့ ရ ပြီ သန်း နဲ့  ချီ တဲ့ ပြည်သူ တွေ ဟာ အကြောင်း အမျိုးမျိုး ကြောင့်
သေဆုံး ခဲ့ ပါတယ်။
ခမာနီ ခေါင်းဆောင် ဟောင်း ပိုပေါ့ က စပြီး ရာဇ၀တ် မှု ကျူး လွန် ခဲ့ သူ တွေ ကို ကုလ သမဂ္ဂက
နေ အကူ အညီ ပေး တဲ့ လူမျိုးတုန်း သတ်ဖြတ်မှု ဆိုင်ရာ တရား ရုံး မှာ ရုံး တင် စစ်ဆေး နေပါ
တယ်။

