ဆီးရီးယား အစိုးရ တပ် ရဲ့  အပြင်းအထန် တိုက်ခိုက်ခြင်း ကို ခံ နေရတဲ့ ဟွမ်(စ)မြို့  က ဘဘ် အမ်ရို
အရပ် ကို အကူအညီ ပေး ဖို့  ရောက်ရှိ လာ တဲ့ ကြက်ခြေနီ တပ် ဖွဲ့  တွေ ဟာ မြို့  ထဲ ကို ၀င်ပြီး
အကူ အညီပေး ရေး လုပ်ငန်း တွေ လုပ်ဆောင် လို့  မရ ဘူး လို့ နိုင်ငံ တကာ ကြက်ခြေနီ အဖွဲ့ 
က ဥက္ကဌ ဖြစ် သူ ဂျက်ကောဘ် ကယ်လင်ဘာဂျာက အယ်(လ)ဂျာဇီးယား ရုပ်သံ ကို ပြောပါတယ်။
” ဆေးဝါး နဲ့  အစားအစာ တွေ တင်ဆောင်ထား တဲ့ ကျွန်တော် တို့  ကား တွေ ပြန်လှည့် လာရပြီ
ရှေ့ ဆက်သွား မယ့် အရပ် မှာ ဆီးရီးယား အစိုးရ တပ် က အတိုက်အခံ တွေ ကို အကျဉ်းချုံး ကွပ်
မျက် မှု တွေ ရှိ နေတယ်” လို့  ICRC ဥက္ကဌ က ပြော ပါတယ်။
ဆီးရီးယား အစိုးရ တပ် က တနင်္ဂနွေ နေ့  က စပြီး ဟွမ်(စ) ကို ပြန်လည် သိမ်းပိုက် ဖို့  ပြင်းပြင်းထန်
ထန် ထိုးစစ်ဆင် ခဲ့ ရာ မှာ အနည်း ဆုံး လူ ၄၀၀ ကျော် သေဆုံး ခဲ့ ပြီး အဲဒီ ထဲ က အချို့  ဟာ
ဖမ်းဆီး ခံ ရပြီး နောက်မှာ သေနတ် ဒါမှ မဟုတ် တခြား လက်နက် တွေ နဲ့  အကျဉ်းချုံး ကွပ်
မျက် ခံ ရတာ ဖြစ်တယ် လို့  ကုလ သမဂ္ဂက တရား ၀င် သတင်း ထုတ် ပြန် ပါတယ်။
မနေ့  က စပြီး ဆီးရီးယား လွတ်မြောက်ရေးတပ် Free Syrian Army က တပ်ဖွဲ့  ၀င် တွေ ဟာ
ဘဘ် အမ်ရို အရပ် က နေ ဆုတ် ခွာ ပေး လိုက် ပြီး နောက်မှာ ဆီးရီးယား အစိုးရ တပ်ဖွဲ့  တွေ
က အဲဒီ မြို့  ကို အပြည့်အ၀ ထိမ်းချုပ် ထား လိုက် ပြီ လို့  သတင်းတွေ မှာ ဖော်ပြထား ပါတယ်။
မကြာသေးခင်က ဆီးရီးယား နိုင်ငံ တွင်း က ပြန်လည် လွတ်မြောက် လာတဲ့ ဗြိတိသျှ ဓာတ်ပုံ သတင်း
ထောက် Paul Conroy ကတော့ ” ဆီးရီးယား စစ်သား တွေ ရဲ့  အစုလို အပြုံ လိုက် သတ်ဖြတ်မှုဟာ
အတိုင်း အတာ တစ်ခု ထိ ကို ကျော်လွန် နေပြီ” လို့  ဆိုပါတယ်။
ဆီးရီးယား က ထွက် ပြေးလာတဲ့ ဒုက္ခသည် တွေ ဟာ တူရကီ နယ်စပ် မှာ ရွက်ဖျင် တဲ တွေ ထိုးပြီး
ခိုလှုံ နေကြ ရ ပါတယ်။
မနေ့ က ဟွမ်မြို့  က ဆုတ်ခွာလာတဲ့ ဆီးရီးယား လွတ်မြောက်ရေး တပ် ဟာ ပြန်ပြီး အင်အား စုစည်း
နေတယ် လို့  ကူဝိတ် နေ့ စဉ် သတင်းစာ မှာ ဖော်ပြထား ပါတယ်။
ဆီးရီးယား နိုင်ငံ မှာ သမ္မတ အာဆဒ် ကို ဖြုတ်ချတဲ့ လူထု အုံကြွမှု စတင် ချိန် လွန် ခဲ့ တဲ့ တစ်နှစ် က စပြီး
သေဆုံး သူ ၇၅၀၀ ကျော်သွား ပြီ ဖြစ်ပါတယ်။

