လက်ပံတောင်းတောင် ကြေးနီမိုင်း သပိတ် ကို အစိုးရ က အကြမ်းဖက် ဖြို ခွဲတာ နဲ့  ပတ်သက်
ပြီး တောင်းဆို ထား တာ တွေ နဲ့  ပတ်က် ပြီး လိုက် လျော မှု မပြု တဲ့ အတွက် ဒီဇင်ဘာလ ၁၂ ရက်နေ့ 
က ရန်ကုန် ၊မန္တလေး ၊ မုံရွာ၊ ပုသိမ် ၊ ကလေး ၊ ပုခုက္ကူ စတဲ့ မြို့  တွေ မှာ သံဃာ နဲ့  ပြည် သူ တွေ က
အထွေ ထွေ သပိတ် ကို စတင် ကြ တယ် လို့  မန္တလေး မြို့ က ဆရာတော် ဦးဥတ္တ မ သာရ က
FNG ကို မိန့်  ပါတယ်။
ရန်ကုန် မြို့  မှာ ဗုဒ္ဓသာဝက ရဟန်း ပျိုများ အဖွဲ့  က ဦးဆောင် ပြီး ဗဟန်း ကြေးသွန်း ဘုရား ကြီး
ကနေ ဆူးလေ စေတီ ထိ ချီ တက် ဆန္ဒပြကြ ရာ မှာ ဗမာ နိုင်ငံ လုံး ဆိုင် ရာ ကျောင်းသား သမဂ္ဂ
များ အဖွဲ့  ချုပ် နဲ့  အခြား အရပ် ဘက် လူမှု ရေး အဖွဲ့  အစည်း တွေ လဲ လက်တွဲ ၀န်းရ ခဲ့ တယ်
လို့ မကြာသေးခင် က မှ အင်းစိန် ထောင် က နေ ပြန်လည် လွတ်မြောက် လာ တဲ့ ကြေးနီမိုင်း ရပ်တန့် 
ရေး ဆန္ဒပြ သူ တစ်ဦး က FNG ကို ပြောပါတယ်။
ချောက် ၊ ပြည် နဲ့  ၀ါးခယ် မ မြို့  တွေ မှာ လည်း ဆန္ဒ ပြ ပွဲ တွေ ကျင်းပခဲ့ ပြီး မန္တလေး သံဃာတော်
တွေ က တော့ အစိုး ရ က တောင်းပန် မှု မပြ မချင်း ဆန္ဒ ပြ ပွဲ တွေ ကို ဆက် လုပ် မယ် လို့  ဆို ပါတယ်။
ရန်ကုန် မြို့  က ဆန္ဒပြ ပွဲ မှာ ပါဝင် ခဲ့ တဲ့ ဗကသ ကျောင်းသူ တစ်ဦးက တော့ ဆန္ဒ ပြ ပွဲ တွေ ဟာ တဖြည်း
ဖြည်း အရှိန် မြင့် လာ ပြီး ရွှေ ၀ါ ရောင် တော်လှန်ရေး လို ဖြစ်လာ မယ် လို့  ဆိုပါတယ်။
Feature Photo : AFP
ပြည်မြို့  တွင် သံဃာတော် များ အထွေထွေ သပိတ် စတင် နေစဉ် | ဓာတ်ပုံ – ပုည



