အစိုးရပိုင် သတင်းစာ က ဘာသာ မရှိ သူတွေ ကို တိုက်ခိုက်

by Aung Kaung Myat
ပုံမှန်အားဖြင့် မြန်မာ့အလင်းလိုမျိုး အစိုးရရဲ့ ဝါဒဖြန့်တဲ့ သတင်းစာက ဆောင်ပါးတွေကို ကျနော်
ဂရုစိုက်လေ့မရှိပါဘူး။ ရေးတဲ့လူတွေရဲ့ ပညာအဆင့်အတန်းကနိမ့်ပါးပြီး ပေါ်လစီနဲ့ ကိုက်ညီမယ့်
ပုံစံမျိုးတွေကို ပဲရေးကြလေ့ရှိပါတယ်။ ဒီဆောင်းပါးကတော့ ထုတ်ဖော်ပြောဖို့ လိုလာတယ်လို့
ထင်လို့ပါ။ ဆောင်းပါးရဲ့ ခေါင်းစဉ်က “ယုံကြည်မှုနှင့် လူ့အပြုအမူ (ဒါနနှင့် သီလမပါလျှင်) …”
လို့ဖြစ်ပါတယ်။ ရေးသားသူကတော့ ရှင်ဇာနန် (မဟာသိပ္ပံ) ဖြစ်ပါတယ်။

ဆောင်းပါးရဲ့အစမှာ လူ့လောကတွင် မကောင်းမှုမျိုးစုံ ပြုလုပ်ကြကြောင်း၊ လူ့လောကတွင်ေ
ကာင်းမှု မကောင်းမှုတို့ သတ်မှတ်ထားကြကြောင်း၊ လူသားတို့ သည် အဖွဲ့အစည်းအသင်းအပင်းနှင့်
နေထိုင်တတ်သော သက်ရှိမျိုးနွယ်များဖြစ်ကြောင်းစသည်ဖြင့် သုံးသပ်ပြထားသည်။ အဲဒီကနေပြီး
စာရေးသူရဲ့ အတွေးအခေါ်တွေ ကိုထည့်လာပါသည်။ တစ်ဦးချင်းသည် လူ့အဖွဲ့အစည်းအတွက်ဖြစ်ပြီး၊
လူ့အဖွဲ့အစည်းသည် တစ်ဦးချင်းအတွက်ဟု ပြောလာပါသည်။ ထို့နောက် ဗုဒ္ဓဟောကြားသည်ကို မှတ်သားဖူးကြောင်းပြောကာ ဆွေမျိုးအရင်းအချာမည်သည် မိမိနှင့် အနီးဆုံးလူပင်ဖြစ်သည်
ဟုပြောပါသည်။

လူလူချင်းအပေါ်ထားရှိရမည့် သဘောထားများကို ဘာသာတရားများဖြင့် ဆိုဆုံးမစကားများလည်း
များစွာရှိခဲ့သည်ဟု ဆိုပါသည်။ ထို့နောက် ဆိုးသွမ်းသူများ၊ သူတစ်ပါးကို ဒုက္ခပေးသူများအကြောင်း
ကိုပြန်ပြောပါသည်။ မကောင်းမှုပြုလုပ်သူများသည် မကောင်းမှုအတွက် ပြန်လည်ခံစားကြရသည်
ဟူသော ယုံကြည်ချက်သည် လူ့အဖွဲ့အစည်းတိုင်းတွင် ရှိပါသည်။ မတရားသဖြင့် လူကိုသတ်သောသူ
သည် မိမိဘဝသာမက သားစဉ်မြေးဆက် မကောင်းမှု အကျိုးခံစားရလေ့ရှိကြသည်ဟူသော
ယုံကြည်ချက်သည် လူ့အဖွဲ့အစည်းအတိုင်းတွင်ရှိသည်ဟု ဘာမဆိုင် ညာမဆိုင်ပြောလာပါသည်။

ဖြစ်နိုင်သည်မှာ စာရေးသူ ရှင်ဇာနန်(မဟာသိပ္ပံ) သည်ပေါင်ချိန်တို့ လက်ထက် တရုတ်ကားများ ထဲမှ ဆွေခုနှစ်ဆက်၊ မျိုးခုနှစ်ဆက်သတ်စေဟူသည့် အမိန့်ပေးပုံမျိုး။ သမ္မာကျမ်းစာထဲမှ ဘုရားသခင် တားမြစ်ထားသော
ပန်းသီးကို စားမိယုံနှင့် အာဒမ်နှင့် ဧဝ၏ မျိုးဆက်လူသားတို့ ဒုက္ခခံရပုံ အယူအဆများကို ယူထားပုံပေါ်သည်။ သူ၏ အတွေးအခေါ်မှာ ခြေခြေမြစ်မြစ် မရှိလှပါ။

ထို့နောက် စကားလမ်းကြောင်းပြောင်းလာသည်။ ဆိုးသွမ်းသူများသည် ဆိုးသွမ်းကြ၏။ မိုက်သူများက မိုက်ကြ၏။ နောင်တရသူများက နောင်တရကြ၏။ ဘုရားတရားကိုသိ၍ ယုံကြည်မှုဘက်သို့ ကူးပြောင်းသူက
ကူးပြောင်း၏။ တရားရသူက တရားရ၏။ လိမ္မာလာသူကလိမ္မာပြီး မိုက်ပြီးရင် မိုက်တွင်းနက်သူက နက်၏
ဟုရေးသားထားသည်။ စာရေးသူ၏သဘောအရ ဆိုးသွမ်းသူများ မိုက်သူများသည် ဘုရားတရားကို မ
သိသူများဖြစ်ပြီး၊ လိမ္မာသူများ၊ ယုံကြည်မှုတစ်ခုရှိသူများသည် ဘုရားတရားကို သိသူများဟု ယူဆ
ရမလိုဖြစ်နေပါသည်။ ထိုနောက် ဘာသာမဲ့တွေအကြောင်း ခပ်တည်တည်နှင့် ပြောပါတော့သည်။
မိုက်တွင်းနက်သည်ဟုလည်း မဆိုနိုင်၊ မလိမ္မာသူဟူ၍လည်း သတ်မှတ်၍မရ၊ လူမှုရေးနားမလည်ဟုလည်း
ပြောဆိုရန်မဖြစ်နိုင်သော ဘုရားမဲ့များရှိသည်ဟု အစချီလာပါသည်။ ထို့နောက် ဘာသာမဲ့များ၊ ဘုရားမဲ့များကို လောဂျစ်အစုတ်အပဲ့များနှင့် ဝေဖန်ပါတော့သည်။

ဆိုးမိုက်သူက မိမိ၏ လုပ်ဆောင်ချက်သည် အမှန်ဟု ဆိုနိုင်၏။ အကြောင်းမှ ဘုရားမဲ့လျှင် အဆိုး
အကောင်းသည် အဘယ်မှာ အကျိုးသက်ရောက်နိုင်မည်ကို စောကြောမှု မပြုနိုင်သောကြောင့် ဖြစ်သည်။ သို့သော်ဖြစ်ရပ်များကို လေ့လာသူများသည် လူ့ဘဝတွင်လူတစ်ဦးချင်းစီ၏ ကံကြမ္မာကို ခြေရာကောက်၍
သုံးသပ်မှု ပြုကြ၏။ ကုသိုလ်နှင့် အကုသိုလ်၏ အကျိုးဆက်သည် လူတစ်ဦး၏ဘဝကို အမှန်ပင်ကြီးစိုး၍ ခြယ်
လှယ်နိုင်ကြောင်း အခိုင်အမာတွေ့ရှိကြလေသည် ဟုဗုဒ္ဓဘာသာမှန်ကြောင်းသက်သေပြလေတော့သည်။

ဖော်ပြပါစာပိုဒ်တွင် ဖြစ်ရပ်များကို လေ့လာသူဟုသုံးထားပါသည်။ ထိုဖြစ်ရပ်များကို လေ့လာသူများသည် သိပ္ပံပညာရှင်များလား၊ တွေးခေါ်ပညာရှင်များလား၊ သာမန်လူများလား၊ မည်သည့် နိုင်ငံကလူလဲ၊ စာရေးသူ
ကိုယ်တိုင်လား မည်မည်ရရမပြောထားပေ။ ရှိချင်မှလည်း ရှိမည်။ စာရေးသူ၏ အငြင်းအခုံခိုင်မာစေရန် ဟူ
သည့် ရည်ရွယ်ချက်ဖြင့် လိုရာဆွဲတွေးထားခြင်းသာဖြစ်နိုင်သည်။

ထို့နောက် ကမ္ဘာပေါ်ရှိဘာသာမဲ့ ပညာရှိများအကြောင်းကိုပြောလေတော့သည်။ ထိုသူတို့မှာ လူကျင့်ဝတ်ကို
လိုက်နာကြသည်။ ကတိကဝတ်များကို လေးစားလိုက်နာကြ၏။ မကောင်းမှုကို ကြောက်ရွံ့တတ်ကြ၏။
မည်သို့ပင် ဆိုစေလူသားများသည် သေမျိုးများဖြစ်ပြီး “သီလနှင့် ဒါနမပါ သေခါမှသိ” မည်ဟု ဆိုပြီး
ဘုရားတရားကို မယုံကြည်သော ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ နေဝင်ခါနီး အချိန်အတွေ့အကြုံများ၊ နေဝင်ခါနီး စကားများဟူ၍ဖော်ပြထားပြန်သည်။ ဗြိတိသျှဝန်ကြီးချုပ်ဟောင်း ဝင်စတန် ချာချီ၊ လီနင်၊ နပိုလီယံ၊ တောမတ်စ်ပိန်း နှင့် ဗော်လ်တဲယားအပါအဝင် ကျော်ကြားသော ပုဂ္ဂိုလ်များနေဝင်ချိန်တွင်
ပြောဆိုခဲ့သည်ဟူ၍ ဖော်ပြထားသည်။ ထို့ကြောင့် သေခါနီးအချိန်တွင် ထိုသူများကဲ့သို့ မဖြစ်စေရန် ဒါနနှင့်
သီလမပါ သေခါမှ သိ ဟူသော စကားပုံဖြင့် စာဖတ် ပရိသတ်ကို ခြောက်လှန့်ထားသည်။

စာရေးသူ ရှင်ဇာနန်(မဟာသိပ္ပံ)၏ အားနည်းချက်မှာ မိမိဥပမာပေးသည့် လူပုဂ္ဂိုလ်များ၏ အကြောင်းကို
သေသေချာချာ သုသေသန မလုပ်ခြင်းဖြစ်သည်။ ဝင်စတန် ချာချီ၊ နပိုလီယံ တို့သည် ဘာသာမဲ့များ
မဟုတ်ပါ။ လစ်ဘရယ်ကျကောင်းကျမည်။ သို့သော် ခရစ်ယာန်ဘာသာဝင်များသာဖြစ်သည်။ ၄င်းတို့သည်
ကမ္ဘာအနှံသို့ရောက်ရှိ၊ ဘာသာမျိုးစုံနှင့်တွေ့ထိ ပြီးသွားသည့်အခါ ၄င်းတို့ ကိုးကွယ်နေသော ဘာသာအပေါ်နှင့်
ဘုရားအပေါ်တွင် ယုံကြည်မှုလျော့ကျသွားကောင်းလျော့သွားမည်။ ထိုသည်ကို စာရေးသူက လိုရာဆွဲတွေး
ထားခြင်းဖြစ်သည်။ သေခါနီး သူများပြောသွားသည့် စကားများ (ထိုစကားများမှာလည်း ထိုနာမည်ကျော်ပုဂ္ဂိုလ်
များပြောသည် ဟုတ်မဟုတ်မသေချာ) ကိုကြည့်၍ ကောက်ချက်ချပုံမှာ အတော်လေး ရယ်စရာကောင်းသည်။

ပို၍ဆိုးရွားသော အချက်မှာ လူမျိုးဘာသာ ပေါင်းစုံဖတ်နေရသော ပြည်တွင်း အစိုးရထုတ် သတင်းစာမှ
ဘာသာမဲ့များကို ချိုးချိုးနှိမ်နှိမ်ရေးသားထားသည့် ဆောင်းပါးကို ခွင့်ပြုခြင်းမှာ အယ်ဒီတာ၏ တွေးခေါ်မြော်မြင်မှုကို
မေးခွန်းထုတ်စရာဖြစ်သည်။ စာရေးသူပေးခဲ့သည် ဥပမာများသည် အနောက်နိုင်ငံများမှ ဖြစ်ပြီး ထိုသူတို့ သေခါနီး
ဘုရားတသည်မှာ ဗုဒ္ဓကိုတခြင်းမဟုတ်ပဲ၊ God ဘုရားသခင်ကို တခြင်းဖြစ်သည် ကိုလည်း စာရေးသူသည်
လျစ်လျူရှူထားသည်။ အဆုံးသတ်တွင်မှ ဒါနနှင့်သီလကို မသေခင် ပြုရမည်ဟူ သည်မှာ ဗုဒ္ဓဘာသာ၏ ခံယူချက်ဖြစ်နေ

တစ်ခုယူဆ၍ ရနိုင်သည်မှာ စာရေးသူ ရှင်ဇာနန်(မဟာသိပ္ပံ) သည် ဘာသာမဲ့များရှိနေသည်ကို နှစ်မြို့ဟန်မရှိပဲ၊
ဘာသာတစ်ခုခုကို (အဓိကအားဖြင့် ဗုဒ္ဓဘာသာကို) ကိုးကွယ်စေချင်ဟန်တူသည်။ စာရေးသူ၏ အတွေးအခေါ်မှာ
ဘုရား၊ တရားကို ယုံကြည်သောသူများသည် တေလေဂျပိုးများပင်ဖြစ်စေကာမူ၊ ကောင်းရာမွန်ရာသို့ရောက်မည်ဖြစ်သည်။
လူ့လောက အကျိုးအတွက် လုပ်ဆောင်ခဲ့သော လူပုဂ္ဂိုလ်ပင် ဖြစ်စေကာမူ ဘုရား၊တရားကို သိပ်ပြီး မယုံကြည် (သို့)
ဘာသာမဲ့ ဖြစ်ပါက သေလျှင် ငရဲသွားရမည့်သဘောပင်ဖြစ်သည်။ (သတိ စဉ်းစားဆင်ခြင်တတ်သူများ ဤဆောင်းပါးကို
ဖတ်မိလျှင် အရယ်လွန်၍သေဆုံးနိုင်သည် သတိထားပါ :P)

5 thoughts on “အစိုးရပိုင် သတင်းစာ က ဘာသာ မရှိ သူတွေ ကို တိုက်ခိုက်

  1. မြန်မာလူမျိုး တွေ အတွက်မြန်မာစာနဲ. မြန်မာလို ရေးနေတာ ကို သူကဘယ်လိုတွေးပြီးဘယ်လို နာနေတာလဲ…….စဉ်းတော.စဉ်းစားစရာပဲ……

  2. ကြုံဘူး-တွေ့ဘူးသမျှတော့ ဘယ်ဘာသာကိုမှ မယုံကြည်ဘူး ၊ ဆိုတဲ့ မိတ်ဆွေ တွေက – ဘာသာတရားကိုင်းရှိုင်းလှတယ် ဆိုသူ အများစုထက် ပိုပြီး ၊ ကိုယ်ချင်းစာတရား ရှိတာ ၊ တယူသန်အစွဲမရှိတာ(အစွဲနည်းတာ) ၊ မလို-လောဘ နည်းပြီး ၊ စိတ်ငြိမ်းချမ်းတာ ကို သတိပြုမိလာတယ်။

    အထက်ကဆိုတဲ့ (မြန်မာ့အလင်းကဆောင်းပါး) ဆောင်းပါးကို ရှုတ်ချပါတယ်။

    သိသလောက်လဲ – ကာလာမသူတ်အရ – ဂေါတမ က ရိုးရိုးသားသားဘဲ အစွဲကင်းဘို့အခြေခံပြီး မိန့်ခဲ့တယ်လို့ယူဆပါတယ်။

  3. ဘာသာခြားထဲကဝေဖန်တာ မြန်မာတွေအိပ်နေကြပြီလား သားရေပေါ်အိပ်စားပြီး ဖြည်းဖြည်းချင်းစော်ကားလာပြီ

  4. အခုစာရေးသူေ၇းတဲ့စာကိုဗုတ်ဒဘာသာတွေပဲဖက်တက်တာ ရည်ရွယ်တာလည်းဗုတ်ဒဘာသာတွေအတွက်ပါပဲ မြန်မာစာနဲရေးထားတာလေ
    ဘာသာမဲ့လို့ရေးတာဗုတ်ဒဘာသာတွေက အားနာလို့ယဉ်ကျေးစွာသုံးတာ စာနဲ့ပေနဲ့ ယဉ်ကျေးစွာ ဝေဖန်တာ ဗုတ်ဒဘာသာတွေက အက်စစ်နဲ့မပက်ဘူး လည်မလှီးဘူး ခဲနဲ့ပေါက်မသက်ဘူး ဒီလိုယဉ်ကျေးတာကိုအတုယူပါ

Comments are closed.