သံဝေဇနိယ လေးဌာနတွင်ပါဝင် သည့် ဗုဒ္ဓဂယာ တွင် အကြမ်းဖက် ဗုံး ခွဲ တိုက်ခိုက် မှု ဖြစ်

တနင်္ဂနွေ နံနက် မိုးသောက် ချိန် နံနက် ၅း၃၀ နဲ့  ၆း၀၀ ကြား မှာ အန္ဒိယ နိုင်ငံ ဘီဟာ ပြည်နယ်
ဂယာ မြို့  မှာ ရှိ တဲ့ ဂေါတ မ ဗုဒ္ဓ ပွင့် တော် မူ ရာ ဗုဒ္ဓဂယာ မှာ ဗုံး ကိုး လုံး ဆက် တိုက် ပေါက် ကွဲ
ခဲ့ မှု ကြောင့် သံဃာ နှစ်ပါး ပြင်းထန်း စွာ ထိခိုက် ဒဏ်ရာ ရရှိ သည် ဟု  FNG မှ သတင်း ရရှိ သည်။

ထိခိုက် မှု ပြင်းထန် တဲ့ သံဃာ တစ်ပါး ကတော့ မြန်မာ ဘုန်းတော်ကြီး ဖြစ် တယ် လို့ 
Hindustan Times သတင်း တွင်  ဖော် ပြထား သည်။  ဗုံး လေး လုံး မှာ မြတ်စွာ ဘုရား ပွင့် တော် မူရာ
မဟာ ဗောဓိ ညောင် ပင် အထိမ်း အမှတ် တည်ထား တဲ့ မဟာဗောဓိ စတီ ဘုရား ကျောင်း  အနီး မှာ
ပေါက် ကွဲ ခဲ့ တာ ဖြစ် ပြီး ၊ Karmapa ဘုန်းကြီး ကျောင်းနား မှာ သုံး လုံး ပေါက် ကွဲ ကာ တစ် လုံး
ကာ ဘတ်(စ)ကား ဂိတ် နဲ့  နောက် တစ် လုံး က တော့ ရှေး ဟောင်း ဗုဒ္ဓ ရုပ် ပွား တော် နား မှာ ပေါက်
ကွဲ ခဲ့ တာ ဖြစ် ပါတယ်။

မြန်မာ စစ်ခေါင်းဆောင် ဟောင်း  ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မိသားစု ၂၀၁၀ ခုနှစ် ဇူလိုင်လ
ဗုဒ္ဓဂယာသို့ သွားရောက် ဖူးမျှော်ခဲ့ကြ ပြီး နောက် နေ ပြည်တော် တွင် ဗုဒ္ဓဂယာ ပုံစံ တူ စေတီ တည်
ထား ခဲ့သည်။

ဗုဒ္ဓဘာသာဝင်တို့အတွက် အထူးမွန်မြတ် အရေးပါသောနေရာတော်ဖြစ်သည့် ဗုဒ္ဓဂယာ သည် ဘုရားရှင်
သဗ္ဗညုတ္တရွှေဥာဏ်တော်ကိုရ၍ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိသော ဒဿနိယ သံဝေဇနိယ နေရာတော်ဖြစ်သည်၊
ဗုဒ္ဓခေတ်မတိုင်မီက ဤဒေသတဝိုက်ကို ဥရုဝေလဟုခေါ်တွင်ခဲပြီး ဗုဒ္ဓခေတ်တွင် ဗောဓိမဏ္ဍလ၊ သမ္ဗောဓိ၊
ဗောဓိရုက္ခမူလ စသည်ဖြင့်ခေါ်တွင်ခဲသည်၊ ၁၃ ရာစုတွင်ဒေသခံ များက ဗြဟ္မာ ခေါ် ဂယာမြို့(ဗိဿနိုးနတ်ကွန်း)
နှင့် ကွဲပြားစေရန် ဗုဒ္ဓဂယာဟုခေါ်တွင်ခဲ့ကြသည်။

ဗုံးပေါက် ကွဲ မှု ဖြစ် ပြီး နောက် အိန္ဒိယ ပြည်ထဲ ရေး ၀န် ကြီး က နိုင်ငံ တ၀ှမ်း ရှိ ဗုဒ္ဓသာသနိက ယဉ်ကျေးမှု
အမွေအနှစ်များ တွင် လုံခြုံရေး တိုး မြှင့် ချထား ရန် အမိန့် ပေး ခဲ့သည်။ဘီဟာ  ခရိုင် ရဲ မင်း ကြီး က ဗုံး ပေါက်
ကွဲ မှု သည် အကြမ်းဖက် သမား တို့  ၏ လက် ချက် ဟု ပြစ် တင်ပြောကြား သည်။

မဟာ ဗောဓိ စေတီ အနီး မှ မပေါက် ကွဲ သေးသည့် ဗုံး တစ်လုံး ကို လည်း ရှာ ဖွေ တွေ့ ရှိသည်။ပြီးခဲ့သည့် နှစ်
က အိန္ဒိယ မူဂျာဟေဒင် နှင့် လက်(ခ)ရှာ အီ တိုင် ဘာ အဖွဲ့  က ဗုဒ္ဓ သမိုင်း ၀င်ယဉ်ကျေး မှု အမွေ အနှစ်  များ ကို
ဗုံးဖောက် ခွဲ ရန် အား ထုတ် မှု ကို ဖော် ထုတ် နိုင်ခဲ့သည်။

Update

ဗုံးပေါက် ကွဲ မှု ကြောင့် ဗောဓိ ညောပင် မှာ ကြီးကြီးမား ထိခိုက် ပျက် စီး ခြင်း မရှိ ဟု ဂယာ မြို့  ရဲ တပ် ဖွဲ့  က
သတင်း ထုတ် ပြန်သည်။

ထပ်မံ တိုးတက် ဖြစ်ထွန်း သည့် သတင်း နှင့် ဓာတ် ပုံ များ ကို အချိန် နှင့် တပြေးညီ ဖော် ပြ သွား မည် ဖြစ် ပါသည်။

The FNG – CA

2 thoughts on “သံဝေဇနိယ လေးဌာနတွင်ပါဝင် သည့် ဗုဒ္ဓဂယာ တွင် အကြမ်းဖက် ဗုံး ခွဲ တိုက်ခိုက် မှု ဖြစ်

Comments are closed.