Facebook သုံးစွဲ သူ သိသိသာသာ လျှော့ နည်းလာ

မြန်မာ နိုင်ငံမှာ အထင်ကရ လူမှု ကွန်ယက် တစ်ခုဖြစ် တဲ့ Facebook ကို သုံးစွဲသူ ဇွန်လ ထဲက စလို့ သိသိသာသာ လျော့နည်း လာတယ် လို့ ရန်ကုန်က ကွန်ပျုတာ ပညာရှင် တစ်ဦး က FNG ကို ပြောပါတယ်။

အခုလို Facebook  သုံးစွဲ သူ နည်းပါး လာတာဟာ မြန်မာ နိုင်ငံမှာ သာမက Facebook သုံးစွဲ တဲ့ နိုင်ငံတွေ အားလုံး မှာ လျော့ကျသွားတာပါ။

အမေရိကန် မှာ တော့ သမ္မတ ဒေါ်နယ် ထရမ့် ကို ထောက် ခံ သူ  တစ်ချို. က သမ္မတ ထရမ့် ကို Facebook က ဖယ်ရှား လိုက်ကတည်းက သူတို့ ရဲ့ Facebook လိပ်စာ တွေ ကို လည်း ပိတ်သိမ်း လိုက် ကြပါတယ်။

မြန်မာ နိုင်ငံ မှာ လည်း ဆင်တူနီးပါး ပါပဲ။

FB ကို ပိတ်လိုက် သူ၊ သို့မဟုတ် သုံးစွဲ မှု ရပ်တန်. လိုက်သူ တွေ က မြန်မာ့ နိုင်ငံရေး နဲ့ ဆက်စပ် နေပါတယ်။

ဒီမိုကရေစီ ရေး တက်ကြွ လှုပ်ရှား သူတွေ က FB ဟာ သူတို့ ရဲ့ ရုပ်ပုံ၊ စာပိုဒ် တွေကို ဖယ်ရှား ပစ်တာ၊ အကောင့် ကို ခေတ္တ ပိတ်ဆို့ တာ၊ လုံး၀ ဖယ်ရှား ပစ်တာ တွေ လုပ်လာ တာ ကြောင့် သူတို့ ရဲ့ FB သုံးစွဲ မှု ကို ရပ်လိုက် တာ လို့ ပြောပါတယ်။

အများစု က တော့ Telegram Tik Tok စတာ တွေ ကို ပြောင်း သုံး နေတာ ကြောင်း FB ကို သိပ်မသုံး ဖြစ် တော့ ဘူး လို့ ပြောပါတယ်။

ရန်ကုန်တိုင်း ပုဇွန်တောင် မြို့နယ် က FB သုံးစွဲခဲ့ ဖူးသူ တစ်ယောက် က တော့ … FB သုံးရတာ မလုံခြုံ ဘူး ခံစား ရတဲ့ ကျွန်မ ရဲ့ FB ကို မေလ ကတည်း ပိတ် လိုက် ပါတယ်. အခြား လည်း ဘယ် ဆိုရှယ် မီဒီယာ မှ မသုံး တော့ ဘူး… လို့ FNG ကို ပြော ပါတယ်။

အမှန် တကယ် တက်ကြွ လှုပ်ရှား သူတွေက သူတို့ FB မသုံးရ ခြင်း အကြောင်း ကို ရှင်း ပြတဲ့ အခါ ဖမ်းဆီး ခံရသူတွေ ရဲ့ FB ဆက် သွယ် မှု တမ်း တွေ က တစ်ဆင့် စစ်အုပ်စု က ခြေရာခံ နိုင် တဲ့ အကြောင်း ကို  ပြောပါတယ်။

အချို့ က တော့ အင်တာနက် လိုင်း အခက် အခဲ နဲ့ ငွေကြေး လစာ အခက် အခဲ ကြောင့် မိုဘိုင်း အင်တာ နက် လိုင်း တွေ ကို ဖြတ် တောက် လိုက် ရတဲ့ အကြောင်း ပြော ပါတယ်။

စစ်တပ် က အာဏာ သိမ်း ပြီးစမှာ သတင်း နဲ့ အဖြစ် အပျက် တွေကို သိချင် တဲ့ အတွက် အင်တာနက် နဲ့ FB သုံးသူ သိသိသာသာ မြင့် တက် ခဲ့ ပေမယ့် နောက် ပိုင်း မှာ တဟုန် ထိုး ကျ ဆင်း သွား တာ ဖြစ်ပါတယ်။

အမေရိကန် မှာ ဆယ်ကျော် သက် လူငယ် တွေ FB သုံးစွဲ တာ ကျဆင်း နေတယ် လို့ AP သတင်း မှာ ဖော်ပြ ခဲ့ ဖူး ပါတယ်။

အောက်တိုဘာလ ထဲမှာ တော့ FB က သူ့ရဲ့ ကျဆင်း နေတဲ့ ပုံရိပ် အတွက် ကုမ္ပဏီ နာမည် ကို METAVERSE လို့ ပြောင်း လိုက် ပါတယ်။

CNN သတင်း ဌာန က ဒီနေ့ ထုတ်ပြန် တဲ့ စစ်တမ်း မှာ ဆိုရင် စစ်တမ်း ကောက်ယူသူ အမေရိကန် တွေရဲ့ ၇၅ ရာခိုင်နှုန်း က Facebook ဟာ လူ့အဖွဲ့ အစည်း ကို ပိုဆိုး သထက် ဆိုး အောင် လုပ်နေ တယ် ဆိုတာ လို့ ထင်မြင် ကြောင်း မဲပေး ခဲ့ ကြပါတယ်။