မနေ့ က တစ်နေ့ လုံး နီးပါး ရှမ်းပြည်နယ် ဖယ်ခုံ မှာ မြန်မာ စစ်တပ် နဲ့ ကရင်နီ ပြည်သူ တပ်မတော် အပါအဝင် ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်တွေ အကြား ကြီး မားတဲ့ တိုက်ပွဲ ကြီး တွေ ဖြစ်ခဲ့ တယ် လို့ ဖယ်ခုံ နဲ့ လွိုင်ကော် က လာတဲ့ သတင်း တွေ အရ FNG က သိရပါတယ်။
လွိုင်ကော် PDF က ဆိုရင် ပခုံးထမ်း လောင်ချာ တွေပါ သုံးပြီး တိုက်ခိုက် ခဲ့ တာ ဖြစ်ပါတယ်။
ဒီမိုကရေစီ နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် လိုလား တဲ့ တပ်တွေက မြန်မာ စစ်တပ် ရဲ့ တပ်တွေ တပ်ပျက် လုနီး ပါး ပြန်လည် ဆုတ်ခွာ ရတဲ့ အထိ ပြန်လည် ခုခံ နိုင်ခံ့ ပါတယ်။
၂၄ နာရီ ကျော်ကြာ တိုက်ပွဲ ကြီး တွေ ဖြစ်ပွား ခဲ့ တဲ့ ဖယ်ခုံ ဟာ မြန်မာ စစ်ခေါင်း ဆောင် တွေ နေတဲ့ နေပြည်တော် နဲ့ အဖြောင့် တိုင်း မယ် ဆိုရင် ၉၈ မိုင် ပဲ ရှိပြီး ခရီးလမ်းပန်း အရ ၁၁၂ မိုင် ပဲ ရှိပါတယ်။
အာဖဂန် နစ္စတန် က တာလီဘန် တွေ ဟာ သြဂုတ်လ ထဲ မှာ မြို့ တော် ကားဘူ ကို သိမ်း နိုင် ဖို့ မိုင် ၁၀၀၀ ကျော် အကွာ က နေ လမ်းမှာ တွေ့ သမျှ မြို့ရွာ အကုန် သိမ်း ပြီး ချီတက် လာ ကြတာ ဖြစ်ပါတယ်။
