ပက်ထရစ်ဇီယာ ရက်ဂျီယာနီ ကို အီတလီ မြောက်ပိုင်း က မိုဒေနာ မြို့ကလေး မှာ ဆင်းရဲတဲ့ မိသားစု က မွေးဖွား ခဲ့ သူ့ အဖေ ကို လည်း သူ့မမြင် ဖူးခဲ့ဘူး။ ကံကောင်း ထောက်မစွာ နဲ့ ပဲ သူ့ အမေ က ချမ်း သာသူ နဲ့ အိမ်ထောင် ကျ ခဲ့ တော့ စိုင်ကော် လို့ ချုံ ပေါ် ရောက်ခဲ့ တယ်။
ရက်ဂျီယာနီ ဟာ ပါတီပွဲ တွေ တက်ရင်း ဂူချီ ဖက်ရှင် ကုမ္ပဏီ ကို တည်ထောင် ခဲ့ တဲ့ သူဌေးကြီး ဂူချီယို ဂူချီ ရဲ. မြေး မော်ရစ်ဇီယို ဂူချီနဲ့ ချစ်ကြိုး သွယ် ပြီး အိမ် ထောင် ကျခဲ့ တယ်။
မော်ရစ်ဇီယို ဂူချီ ရဲ့ အဖေ ဖြစ်သူ ရုပ်ရှင် မင်းသား နဲ့ ဂူချီ လုပ်ငန်း ရှင် ရူဒေါ်ဖို ဂူချီက ရယ်ဂျီနာ ကို လုံးဝ သဘောမကျ ပါ။ သူနဲ့ မယူ ဖို့ သူ့ သား ကို တားမြစ် တယ်။
ရက်ဂျီနာ ဟာ Social Climber (ခေါင်းထဲမှာ ငွေက လွဲပြီး ဘာမှ မရှိ တဲ့ လူ့ အန္တ) တစ်ယောက် သာ ဖြစ်တယ် လို့ သူ့ သား ကို ပြောတယ်။
ပါတီပွဲ တွေ တက်ရင်း လုပ်ကြံခံရတဲ့ သမ္မတ ဂျွန်အက်(ဖ) ကနေဒီ ရဲ့ ဇနီး ဂျက်ကလင်း နဲ့ ပါသိကျွမ်း ခဲ့တဲ့ ပက်ထရစ်ဇီယာ ရက်ဂျီယာနီ ကလည်း သူ ချမ်းသာ ချင်တယ် ငွေကို ချစ်တယ် ဆိုတဲ့ အကြောင်း ကို ပေါ်တင် ပဲ ပြောတယ်။
ပက်ထရစ်ဇီယာ ရက်ဂျီယာနီ ရဲ့ စက်ဘီး ကလေး နဲ့ ပျော်နေ ရမှာထက် ရိုးရွိုက်(စ) ကား ထဲမှာပဲ ငိုနေမယ်
ဆိုတဲ့ အပြော တစ်ခု ဟာ ကမ္ဘာ ကျော် ခဲ့ တယ်။ အဲဒီခေတ် က အနောက် တိုင်း အမျိုး သမီး တစ်ချို့ ဟာ ရက်ဂျီယာနီ ရဲ့ အဲဒီ ပြောစကား ကို သမ္မာ ကျမ်းစာတို့ ၊ အတန်း ပိုင် ဆရာမ ရဲ့ လက်ချာ တို့ ထက် တောင် သဘော ခွေ. ခဲ. ကြတယ်။
ရှည်တဲ့ ဇာတ်လမ်း ချုပ်ရရင် ၁၉၇၂ ခုနှစ် မှာ လက်ထပ်ပြီး ၁၉၈၅ ခုနှစ် မှာ လမ်းခွဲ ခဲ့ကြတယ်။
မော်ရစ်ဇီယို က လမ်းခွဲမယ့် နေ့ မတိုင်ခင် မှာ သူဟာ စီးပွားရေး လုပ်ငန်း တခုနဲ့ ခရီးထွက် စရာရှိတယ် လို့ ရက်ဂျီနာ ကို ပြောတယ်။
နောက်တနေ့မှာ မော်ရစ်ဇီယို ရဲ့ သူငယ်ချင်းက ရက်ဂျီနာ ကို သူ ဟာ နင့် ကို အကြင်လင်မယား အဖြစ် ဆုံး ခန်း တိုင် သွားပြီ နင့် ဆီပြန် လာတော့ မှာမဟုတ် သူ ဟာ နင့် ယောင်္ကျား မဟုတ် တော့ ဘူး လို့ လာပြော တယ်။
နောက်ပိုင်း တရား တွေ ဘာတွေ ဆွဲတဲ့ အခါ ရက်ဂျီနာ ကို မော်ရစ်ဇီယို က တစ်နှစ် ကို ဒေါ်လာ တစ်သန်း ခွဲ ထောက်ပံ့ ရတယ်။
ဒါပေမယ့် လောဘကြီးပြီး ယမ်းပုံ မီးကျ ဖြစ်နေတဲ့ ရက်ဂျီနာ ဟာ ၁၉၉၅ ခုနှစ်မှာ အကြွေး တင်နေတဲ့ ပီဇာ မုန့် လုပ်သူ တစ်ယောက် ကို ငှားပြီး မော်ရစ်ဇီယို ကို ပစ်သတ် ခိုင်း မှု နဲ့ ထောင်ဒဏ် ၂၆ နှစ် ချမှတ် ခံရပြီး ထောင်ထဲ မှာ ၁၈ နှစ် နေခဲ့ ရတယ်။
ထောင်က လွတ်မယ့် နေ့မှာ တရားရေး ဌာန က အပြင်မှာ ကောင်းကောင်း မွန်မွန် နေ ပြီး အလုပ် လုပ်မယ် ဆိုရင် ထောင်က လွှတ် ပေး မယ် လို့ ပြောတဲ့ အခါ ရက်ဂျီနာ က သူ့ တစ်သက် မှာ တစ်ခါမှ အလုပ် မလုပ် ခဲ့ ဖူးဘူး လုပ်ဖို့ လည်း စိတ်ဝင် မစား ဘူး၊ မလွှတ် ပေးချင် လည်း နေလို့ တရား ရေး ၀န်ထမ်း ကို ပြန်ပြော တဲ့ စကား ဟာ ကမ္ဘာ ကျော် ပြန် တယ်..။ အဲဒီနေ့ မှာပဲ ရက်ဂျီနာ ကို လျှော့ ပေါ့ ဖြစ်ဒဏ် နဲ့ ပြန်လွှတ် ပေး လိုက် ပါတယ်။
Blade Runner, Thelma & Lois , Black Hawk Down နဲ့ Gladiator တို့ လို နာမည် ကျော် တန်းမြင့် ဇာတ် ကား တွေ ရိုက်ကူး ခဲ့ တဲ့ ဒါရိုက်တာ ရစ်ဒလေ စကော့ က ရိုက်ကူး ထားပါတယ်။
ရက်ဂျီနာ အဖြစ် လေဒီဂါဂါ နဲ့ မော်ရစ်ဇီယို အဖြစ် အဒမ် ဒရိုင်ဗာ က သရုပ်ဆောင် ထားတယ်။ Jeremy Iron Jared Leto စတဲ့ နာမည် ကျော် သရုပ်ဆောင် တွေလည်း ပါတဲ့ အပြင် ဒီဇိုင်နာ နဲ့ ရုပ်ရှင် ဒါရိုက် တာ Tom Ford လည်း ပါဝင် သရုပ် ဆောင် ထား ပါတယ်။
The Crow, Pirates of Caribbean, Alice in Wonderland, News of the World စတဲ့ ဇာတ်ကား တွေရဲ့ ရုပ်ရှင် ဓာတ်ပုံ ဆရာ Dariusz Wolski က ချယ်မှုန်း ထား တာ ဖြစ်ပါတယ်။
