တရုတ် ပြည် မှာ ရှိ တဲ့ ဝ တပ်ဖွဲ ရဲ့ ပိုင်ဆိုင် မှု နဲ့ ငွေသား တွေ ဘယ်လို အသိမ်းခံ လိုက်ရလဲ

တရုတ် ပြည် မှာ ရှိ တဲ့ ဝ တပ်ဖွဲ ရဲ့ ပိုင်ဆိုင် မှု ရဲ့ ပိုင်ဆိုင်မှု ငွေကြေး ယွမ်ငွေ သန်း တစ်
ထောင် နီးပါး သိမ်းဆည်း ခံ လိုက်ရ တယ်လို့ ရှိရပါတယ်။

ဒီထက် မက ပိုများ ရင်လည်း များမယ်၊ ယွမ် ငွေ နဲ့ ဆိုသန်း ၁၀၀၀ က အနည်းဆုံးပဲ၊ ငွေသား သက်သက် ချဉ်း ကို ပြောတာ၊ ကူမင်း မှာ ရှိ တဲ့ ဝတပ် ဖွဲ့ က နေ ပိုင်ဆိုင် တာ တွေ၊ အိမ်ခြံမြေ၊ ဟိုတယ်တွေ၊ စားသောက်ဆိုင် တွေ၊ ငွေလှဲ လုပ်ငန်းတွေ၊ ပို့ဆောင်ရေး နဲ့ ပွဲရုံ လုပ်ငန်း တွေ ပါတယ် လို့ ကူမင်း မြို့ က တရုတ် ပြည် မ ကြီး ရဲ့ ဗဟို ရဲ အရာရှိ ဟောင်း တစ်ဦး က Freedom News Group ကို ပြောပါတယ်။

တရုတ် ပြည် ကူမင်း မြို့ မှာ သာမက ပဲ နယ်စပ် မြို့ ရွှေလီ နဲ့ ထင်ရှား တဲ့ မြို့ကြီး ဖြစ်တဲ့ ရှန်ဟိုင်း မှာ ရှိ တဲ့ ဝ တပ်ဖွဲ့ ရဲ့ ပိုင်ဆိုင် မှု တွေ၊ ဝ တပ် ဖွဲ့ ခေါင်းဆောင် တွေ ရဲ့ ပိုင်ဆိုင် မှု တွေ နဲ့ ဘဏ်စာရင်း တွေ ကို တရုတ်ပြည် ရဲ့ အထူး ထောက်လှမ်း ရေး အဖွဲ့ အစည်း တစ်ခု ဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေး ဝန်ကြီးဌာန MSS က လက်အောက်ခံ အဖွဲ့ တွေ ပါတဲ့ အထူး တပ်ဖွဲ့ က အရာရှိ တွေ ကိုယ်တိုင် ချိတ်ပိတ် သိမ်းဆည်း တာ တွေ ကို ဇူလိုင်လ က တည်း က စတင် လုပ်ဆောင် ခဲ့ တာ ဖြစ်ပါတယ်။

တရုတ် ပြည် အနှံ အပြား မှာ ဘဏ်အပ်ငွေ အပါ အဝင် ဝပ် တပ် ဖွဲ့ ရဲ့ ပိုင်ဆိုင် မှု တွေ ဟာ အမေရိကန် ဒေါ်လာ သန်း တစ်ထောင် နီးပါး အနည်း ဆုံး ရှိမယ် လို့ ခန့် မှန်း ရပြီး တရုတ် ရဲ့ ဝ တပ်ဖွဲ့ နဲ့ ပတ်သက် ပြီး သိမ်းဆည်း မှု မှာ အမေရိကန် ဒေါ်လာ သန်း ၁၀၀ နီးပါး လောက်ကို သိမ်းဆည်း သွား ခဲ့ တာ ဖြစ်ပါတယ်။

တိကျ သေချာ ခိုင်မာ တဲ့ သတင်း ရင်းမြစ် ကနေ Freedom News Group ကို ပြောပြချက် အရ တော့တရုတ် အစိုးရ ဝ တပ်ဖွဲ့ ပိုင်ဆိုင် မှု တွေ ကို သိမ်းဆည်း မှု ဟာ ရပ် မသွား သေး ဘဲ မနေ့ ကထိ

ရန်လုံကျိုင်း ရဲ့ တစ်ဖက်ခြမ်း တရုတ်ပြည် နမ့်ဆန် မှာ ရှိ တဲ့ ဝ တပ်ဖွဲ့ ရဲ့ ဟိုတယ် နဲ့ အသစ်ဝယ် ယူထား တဲ့ ဆီဘောက်ဆာ ကား တွေ ကုန်တင် ကား တွေ ထိ တရုတ် အထူး ရဲ တပ်ဖွဲ့ ဝင် တွေ က သိမ်းဆည်း ခဲ့ တာပါ။

ဝ တပ်ဖွဲ့ ခေါင်းဆောင် တွေ ဖြစ်တဲ့ ဦး‌ပေါက်ယူချန်း နဲ့ တောင်ပိုင်း က အကြီးအကဲ တစ်ဦး ဖြစ်တဲ့ ဦးဝေရှောက်ကန် တို့ ရဲ့ တရုတ် ပြည် အရှေ့ ပိုင်း ပင်လယ် ကမ်း‌ခြေ မြို့ ဖြစ်တဲ့ ရှန်ဟိုင်း မြို့ မှာ ရှိ တဲ့ ပိုင်ဆိုင် မှု တွေ ကိုလည်း တရုတ် အစိုး ရ က ဩဂုတ် လဆန်း မှာ ချိတ်ပိတ် ခဲ့ ပါတယ်။

ရှန်ဟိုင်း မြို့ မြောက်ဘက် က ရှိဆီ အရပ် မှာ ရှိ တဲ့ဦးပေါက်ယူချန်း ပိုင် အိမ်ဟာ အမေရိကန် ဒေါ်လာ နှစ်သန်း ခန့် တန်ကြေး ရှိ ပြီး၊ ဦးကျောက်ညီလိုင် ရဲ့ ကူမင်း မြို့ က အိမ် ဟာ အမေရိကန် ဒေါ်လာ သုံး သန်း ကျော် တန်ကြေး ရှိ နေတာပါ။

Freedom News Group ရဲ့ ခန့် မှန်း ချက် အရ ဝ တပ်ဖွဲ့ ဟာ မြေရှား သတ္တု သံဖြူ သတ္တုတွင်း၊ အခြား သံယံဇာတ၊ ကျားဖြန့် လို လုပ်ငန်း၊ ပြည်ပ ရင်းနှီး မြုပ်နှံမှု (တရုတ်၊ထိုင်း) ပြည်မ ကြီး မြန်မာ နိုင်ငံ တွင်း က အကျိုး အမြတ်တွေ၊ ကော်ဖီ စတဲ့ စိုက်ပျိုး‌‌ရေး လုပ်ငန်း တွေ အပါအဝင် မူးယစ်ဆေးဝါး နဲ့အခြား တရား မဝင် လုပ်ငန်း တွေ ဖြစ်တဲ့ လက်နက်ရောင်းချ တာ တွေ က နေ တစ်နှစ် ကို အမေရိကန် ဒေါ်လာ ဘီလျံ နဲ့ ချီကာ ဝင် ငွေ ရရှိ နေ တာ ဖြစ်ပြီးUWSA ရဲ့ ပြည်တွင်း ပြည်ပ ပိုင်ဆိုင် မှု ဟာ အမေရိကန် ဒေါ်လာ ဘီလျံ ၅၀ ကျော် လောက် ရှိ မှာ ဖြစ်ပါတယ်။

ညီနောင် သုံးဖွဲ့ လို့ လူသိများ တဲ့ တအောင်း၊ကိုးကန့်၊ ရခိုင် တို့ ရဲ့ ၁၀၂၇ လို့ အမည် ပေးထား တဲ့ ပုန်ကန် ထကြွ မှု မစ ခင်မှာ ၂၀၂၃ ခုနှစ် ဇွန် လ လောက် ကနေ စပြီး ၂၀၂၄ ခုနှစ် အထိ ဝ တပ်ဖွဲ့ ဟာ အဲဒီ အဖွဲ့သုံးဖွဲ့ ကို အမေရိကန် ဒေါ်လာ နှစ်သန်း လောက်တန် ကြေး ရှိ တဲ့ လက်နက် တွေ ရောင်းချ ကူညီ ခဲ့ ပါတယ်။

စည်သူ မြင့်ဦး

Freedom News Group

Leave a comment