ဘယ်သူတွေ အော်စကာဆု ရမလဲ
အမေရိကန် ရုပ်ရှင် ဝိဇ္ဇာနှင့် သိပ္ပံအသင်းကြီးက ကြီးမှူးပြီး မတ်လ ၇ ရက်နေ့ ညနေမှာ ကာလီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ ဘီဗာလီဟေးခရိုင် ဟောလိဝုဒ်ရုပ်ရှင်မြို့တော်က ကိုဒတ် ဇာတ်သဘင်ခန်းမကြီးမှာ အော်စကာလို့ လူသိများတဲ့ အမေရိကန် ရုပ်ရှင် ထူးချွန်ဆုတွေကို ပေးအပ်ချီးမြှင့်တော့မှာပါ။ဆုရရှိတဲ့သူတွေကို ချီးမြှင့်မယ့် အော်စကာ ရွှေစင်ရုပ်တုကလေးဟာ အလေးချိန် ၈.၅ ပေါင် လေးပါတယ်။ အော်စကာဆုဟာ ခရူးဆိတ် စစ်ပွဲတွေမှာ သုံးတဲ့ ဓားရှည်ကို ကိုင်ဆောင်ထားတဲ့ စစ်သည်တော်ပုံစံ ရုပ်တုလေးပါ။
ဒီဆုကို ဆုရရှိသူကသာ ပိုင်ဆိုင်ခွင့် ရှိပြီး ဒီဆုရဖို့အတွက် သတ်မှတ်ထားတဲ့ အနုပညာ အရည်အချင်းတခုပဲ လိုပါတယ်။ ဆိုလိုတာက အော်စကာဆုရှင်တယောက်ရဲ့ ကိုယ်ရေးကိုယ်တာ ဘဝနဲ့ အကျင့်စရိုက်တွေကို ထည့်သွင်းစဉ်းစားလေ့ မရှိပါဘူး။ Continue reading “ဘယ်သူတွေ အော်စကာဆု ရမလဲ”

ဆယ်ကျော်သက် အရွယ်ပင် မရောက်သေးသည့် ကွီဒို ကွန်တီနီသည် ကျောင်းမှ သူငယ်ချင်းများကို
ဆာဂျီလူရှန်ကိုမှာ ယနေ့မျက်ခေတ် ရုရှားနိုင်ငံ၏ အကျော်ကြားဆုံး စာရေးဆရာတယောက် အဖြစ်သာမက နိုင်ငံတကာတွင်ပါ ထင်ရှားသောသူ ဖြစ်သည်။ သူ၏ ရာဇဝင်နောက်ခံ ဂမ္ဘီရဝတ္ထုများမှာ ရုရှားနှင့် ဥရောပတွင် ရိုက်မလောက် နိုင်လောက်အောင် ရောင်းစွံခဲ့သည်။ Day_Watch_posterဆာဂျီလူရှန်ကို၏ နာမည်ကျော် ဂမ္ဘီရဝတ္ထုဇာတ်လမ်းတွဲကြီး ဖြစ်သည့် Night Watch လေးအုပ်တွဲ (Tetralogy) မှာ သူ၏ အကောင်းဆုံး လက်ရာမွန်ဖြစ်သည်။ ထိုစာအုပ်သည် အမှောင်ဘက်တော်သားများ (Dark Others) နှင့် အလင်းဘက်တော်သားများ (Light Others) တို့၏ စစ်ပွဲများအကြောင်း ဖြစ်သည်။ ဆာဂျီလူရှန်ကို၏ ကျော်ကြားမှုကို နိုင်ငံတကာတွင်မူ Lord Of The Ring ဝတ္ထုများ၏ ဖန်တီးရှင် အမေရိကန် လျှို့ဝှက် စာရေးဆရာကြီး ဂျေအာအာတိုလ်ကီယန် (J.R.R Tolkien) နှင့် ခိုင်းနှိုင်းကြသည်။
တခေတ်တခါက ကမ္ဘာ့ရုပ်ရှင်သမိုင်းတွင်ရော မြန်မာ့
သမီးလေး ကင်၏ ၁၇ နှစ် ပြည့်မွေးနေ့ပွဲကို သွားသော်လည်း ဇနီးဟောင်း လီနိုက သူ့ကို နှစ်လိုဖွယ်မရှိ၊ ဘရိုင်ယန်က သူ့နာမည် လီနိုကို အဖျားဆွတ်၍ ခေါ်သည်ကိုပင် သူက မကြိုက်။ အဆိုတော်တယောက် ဖြစ်ချင်နေသည့် သမီးလေး၏ မွေးနေ့ပွဲတွင် ဘရိုင်ယန်က မွေးနေ့လက်ဆောင် ကာရာအိုကေ စက်တလုံး လက်ဆောင်ပေးသည်။
အော်စကာ ဆုကဲ့ သို့ ပင် ရုပ်ရှင် ၀ါသနာအိုးများ
ကယ် မက်ကာဖေးမှာ Washington Globe သတင်းစာမှ သတင်းထောက် ဖြစ်သည်။ နိုင်ငံရေးနှင့် ပတ်သက်သည့် စုံစမ်းထောက်လှမ်း သတင်းတင်ပြမှုတွင် တိကျသေချာမှုဖြင့် ပြီးပြည့်စုံအောင် တင်ပြနိုင်သော်လည်း ရှေးဆန်လွန်းပြီး နည်းပညာကမ္ဘာတွင် ဘေးထွက်တဦး ဖြစ်သည်။ ဘလော့ဂ်ဂါများကို အလွန်မုန်းပြီး (တခါတရံတွင် ဘလော့သတင်းများကို သူ့သတင်းရင်းမြစ်များအတွက် အသုံးပြုသည်)၊ အင်တာနက်မှ သတင်းများကို လူအများ စိတ်ဝင်စားနေမှုကို မကြိုက်သူ ဖြစ်သည်။