တော်လှန်ရေးလမ်း

ငြိမ်းချမ်းငြိမ်း
Beautiful Mind ဇာတ်ကားဖြင့် ရုပ်ရှင်နယ်ထဲသို့ ၀င်ရောက်လာခဲ့သူ ဒါရိုက်တာ ဆန်မန်ဒက်(စ်)မှာ တကားရိုက် တကားဆိုသလောက် အောင်မြင်သူ ဖြစ်သည်။ Road to Perdition နှင့် Jarhead ဇာတ်ကားများမှာလည်း သူ့လက်ရာများ ဖြစ်သည်။ ကိတ်ဝင်းစလက်ကို အကောင်းဆုံးဇာတ်ပို့ဆု ရစေခဲ့ပြီး၊ ရွှေကမ္ဘာလုံးဆုပေးပွဲတွင် ဆု ၅ ဆု လျာထားခံရသည်။ Revolutionary Road ဇာတ်ကားအတွက်လည်း သူက အကောင်းဆုံး ဒါရိုက်တာဆု လျာထားခံရသည်။

Revolution Road ဇာတ်ကား၏ အဓိကဇာတ်ကောင်နှစ်ဦး (လွန်ခဲ့သော ဆယ်ဆုနှစ်တခုကျော်က Titanic ဇာတ်ကားတွင် အတွဲညီခဲ့သော သရုပ်ဆောင်နှစ်ဦး) ကို ပြန်လည်ပေါင်းစည်းပေးထားခြင်း ဖြစ်သည်။ ထိုနှစ်ယောက်မှာ လီယိုနာဒို ဒီကာပရီယိုနှင့် ကိတ်ဝင်းစလက် ဖြစ်သည်။

Titanic ဇာတ်ကားတွင်မူ Jack နှင့် Rose အဖြစ် သရုပ်ဆောင်ခဲ့သည်။ ဒီကာပရီယိုနှင့် ကိတ်ဝင်းစလက်တို့၏ အချစ်ရေးက ဆွတ်ပျံ့ကြည်နူးဖွယ် ကောင်းသလို တဦးပေါ်တဦး သစ္စာရှိမှုမှာ ကြေကွဲဖွယ်ရာ ကောင်းလှသည်။ ထိုဇာတ်ကားတွင် သူတို့နှစ်ဦး၏ အချစ်မှာ အနစ်နာခံမှု၊ ပေးဆပ်မှု၊ နားလည်မှု၊ စွန့်လွှတ်ရဲမှုတို့ဖြင့် ဒါရိုက်တာ ဂျိမ်း(စ်)ကင်မရွန်က သရုပ်ဆောင်စေခဲ့သည်။ နောက် ၁၀ နှစ် ကြာသည့်အခါ ဒါရိုက်တာ ဆမ်မန်ဒက်(စ်)က ကြမ္မာငင်ကာ ဝေးခဲ့ရသည့် ခေတ်သစ် ရိုမီယိုနှင့် ဂျူးလီယက် ချစ်သူနှစ်ဦးကို Revolutionary Road ဇာတ်ကားဖြင့် ပြန်လည်ပေါင်းစည်းပေးခြင်း ဖြစ်သည်။

နာမည်ကျော် သရုပ်ဆောင်အဖြစ်ကို လှမ်းတက်နေသည့် ဧပရယ်ဝှီလာနှင့် ကုမ္ပဏီဝန်ထမ်းဖြစ်သော ဖရန့်(ခ်)ကိုမှာ ချစ်သူရည်းစား ဘ၀ကတည်းက တဦးကိုတဦး အရမ်းချစ်ကြသည်။ တညတာဝေးရုံဖြင့် တသတ်တာ ဆွေးရသည့် ကိန္နရီ၊ ကိန္နရာ မောင်နှံလို အချစ်မျိုးဖြင့် ချစ်ခဲ့ကြသည်။ ချစ်ရာသီ အလီလီပြောင်းပြီးနောက် သူတို့နှစ်ဦးမှာ တဦးကိုတဦး စုံမက်စွာဖြင့် လက်ထက်ခဲ့ကြသည်။ Continue reading “တော်လှန်ရေးလမ်း”

ဗြိတိသျှ၊ အိန္ဒိယရုပ်ရှင် Slumdog Millionaire (ရုပ်ရှင်အညွှန်း)

ငြိမ်းချမ်းငြိမ်း
အိန္ဒိယနိုင်ငံ မုံဘိုင်းမြို့ (ယခင် ဘုံဘေမြို့) မှ ဆင်းရဲသားများ စုပေါင်းနေထိုင်ရာ ရပ်ကွက်တခုမှ လူငယ်တယောက်၏ ဘ၀ဖြတ်သန်းမှုကို တင်ဆက်ထားသည့် Slumdog Millionaire ဇာတ်ကားမှာ ဇန်န၀ါရီလက ကျင်းပခဲ့သည့် ရွှေကမ္ဘာလုံး ဆုပေးပွဲတွင် အကောင်းဆုံး ဇာတ်ကားဆု အပါအ၀င် ဆု ၄ ဆု ချီးမြှင့်ခံရသည်။ ဗြိတိသျှရုပ်ရှင် အကယ်ဒမီဆုပေးပွဲတွင်လည်း အကောင်းဆုံး ဇာတ်ကားဆု အပါအ၀င် ဆု ၇ ဆု ချီးမြှင့်ခံရပြန်သည်။

Slumdog MillionaireSlumdog Millionaire ဇာတ်ကားမှာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင်လည်း ဆုများစွာ ဆွတ်ခူးခဲ့သလို ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကျင်းပမည့် အော်စကာ ထူးချွန်ဆုပေးပွဲ၌လည်း ဆုပေါင်း ၁၀ ဆု လျာထားခဲ့ရသည်။

အကောင်းဆုံး ဇာတ်ကားဆုအပြင် ဂီတဘက်ဆိုင်ရာ ထူးချွန်ဆုများပါ လျာထားခံရသည်။ ထိုဇာတ်ကား၏ ဇာတ်ဝင်တေးများမှာလည်း ဇာတ်လမ်းတခုလုံးကို အထိရောက်ဆုံး ပံ့ပိုးပေးနိုင်သဖြင့် အေအာရာမန်မှာ သူ၏ ဂီတဖန်တီးမှုအတွက်လည်း ဆုများစွာ ရရှိခဲ့သည်။ Continue reading “ဗြိတိသျှ၊ အိန္ဒိယရုပ်ရှင် Slumdog Millionaire (ရုပ်ရှင်အညွှန်း)”

A Mighty Heart (ရုပ်ရှင်အညွန်း)

ငြိမ်းချမ်းငြိမ်း
စစ်ပွဲများအတွင်း သော်လည်းကောင်း၊ ဆူပူအုံ
ကြွမှုများ ဖြစ်ပွားနေသည့် နေရာများအတွင်း သော်
သည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ဆိုးများကြောင့် ခက်ခဲ ကြမ်းတမ်းလှသည့် နေရာများအတွင်းသော်လည်းကောင်း အများပြည်သူများ သိရှိနိုင်ရန်အတွက် အဓိက
အခင်းဖြစ်ပွားရာ နေရာများထံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်စုံစမ်းရင်း သတင်းတစ်ပုဒ်အတွက်
ပေးဆပ်သွားရသည့် ဂျာနယ်လစ် ဦးရေမှာ နယ်စည်း
မခြား သတင်းထောက်များအဖွဲ့ (RSF) ၏ သုတေသန
ပြုချက်အရ ၂ဝဝ၇ ခုနှစ်အတွင် ၈၆ ယောက်   ရှိသွား
ခဲ့ပြီ ဖြစ်ပါသည်။ပြုချက်အရ ၂ဝဝ၇ ခုနှစ်အတွင် ၈၆
ယောက်   ရှိသွားခဲ့ပြီ ဖြစ်ပါသည်။ Continue reading “A Mighty Heart (ရုပ်ရှင်အညွန်း)”

မြေအောက် အနုပညာ လှုပ်ရှားမှု (အီရန် ရုပ်ရှင်ကား)

ငြိမ်းချမ်းငြိမ်း

အာဏာရှင်စနစ်ကို အခြေခံထားကာ တယူသန် ဘာသာရေးဝါဒီများ အုပ်ချုပ်သည့် အီရန်နိုင်ငံတွင် အနုပညာသမားများ၏ လွတ်လပ်စွာ ဖန်တီးနိုင်မှုနှင့် အသက်မွေးဝမ်းကျောင်းမှုမှာ မည်မျှပင် ခက်ခဲကြောင်း ယခုနှစ် မေလက ပြင်သစ်နိုင်ငံ ကိန်းစ် ရုပ်ရှင်ပွဲတော်တွင် ဆုရရှိခဲ့သည့် အီရန်ဇာတ်ကား Nobody Knows About Persian Cats ဇာတ်ကားက ပြည့်စုံစွာ တင်ဆက်ထားသည်။

မြေအောက် အနုပညာ လှုပ်ရှားမှု (အီရန် ရုပ်ရှင်ကား)ထိုဇာတ်ကားကို ပြည်ပတွင် နေထိုင်သူ နာမည်ကျော် ကာဒ်ရှ် (ပါရှား) အီရန် ဒါရိုက်တာ ဘာမန်ဂိုဘာဒီက ရိုက်ကူးသည်။ သူ၏ Half Moon, Turtles Can Fly နှင့် A Time for Drunken Houses ဇာတ်ကားများမှာ နာမည်ကျော် ဇာတ်ကားများ ဖြစ်သည်။ Nobody Knows About Persian Cats ဇာတ်ကားအတွက် ဇာတ်ညွှန်းရေးသူတဦးမှာ ဘာမန် ဂိုဘာဒီ၏ ရည်းစားဖြစ်သည့် ရိုဆာနာ ဆာဘာရီ ဖြစ်သည်။

ရိုဆာနာ ဆာဘာရီမှာ အီရန် အစိုးရက သူလျှိုလုပ်သည်ဟု စွပ်စွဲ၍ မတ်လက ထောင်ဒဏ် အပြစ်ပေးခံရသည့် အမေရိကန် ဂျာနယ်လစ်တဦး ဖြစ်သည်။ (မေလတွင် ဆိုင်းငံ့ထောင်ဒဏ်ဖြင့် ပြန်လည်လွတ်မြောက်လာပြီး ဖြစ်သည်)။ ရိုဆာနာက အီရန်နိုင်ငံတွင်း သတင်းထောက်အဖြစ် ရောက်ရှိနေစဉ် အီရန် မြေအောက် ဂီတပညာရှင်များနှင့် အနုပညာ အသိုင်းအဝိုင်းနှင့် ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့သည်များက ထိုဇာတ်ကား၏ အကောင်းဆုံး ဇာတ်ညွှန်းဖြစ်လာခဲ့သည်။ Continue reading “မြေအောက် အနုပညာ လှုပ်ရှားမှု (အီရန် ရုပ်ရှင်ကား)”

IL Divo (ကိန်းစ် ရုပ်ရှင်ပွဲတော်ဆုရ အီတလီဇာတ်ကား)

ငြိမ်းချမ်းငြိမ်း
ဂျူလီယို အန်ဒရေတီ ဟူသည့် အမည်မှာ အီတလီနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းတဦးဖြစ်သည်။ ၁၉၄၆ ခုနှစ်မှ ၁၉၉၂ ခုနှစ်ထိ ပါလီမန်တွင် ၇ ကြိမ် အရွေးခံရပြီး ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကာ ဝန်ကြီးချုပ်အဖြစ် ၃ ကြိမ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၁၉၉၂ ခုနှစ်တွင် လာဘ်စားမှု၊ သတင်းထောက် မီနိုအသတ်ခံရမှုတွင် ပါဝင်ပတ်သက်မှု၊ မာဖီးယားခေါင်းဆောင် ဂေတာနိုနှင့် ဆက်သွယ်မှုများကြောင့် အာဏာလက်လွှတ်ခဲ့ရသည်။ နောက်တနှစ်တွင် သူ၏ အကျင့်ပျက်မှုများကြောင့် ထောင်ဒဏ် ၂၄ နှစ် အပြစ်ပေးခံခဲ့ရသည်။ တပါတီစနစ်ဖြင့် အီတလီနိုင်ငံ၏ အာဏာကို ၄၄ နှစ်ကြာ ချုပ်ကိုင်ထားသည့် ခရစ်ယာန် ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်တဦးလည်း ဖြစ်သည်။ Continue reading “IL Divo (ကိန်းစ် ရုပ်ရှင်ပွဲတော်ဆုရ အီတလီဇာတ်ကား)”

အမှန်တရားမှ လွဲ၍ ဘာမှမရှိပါ (ရုပ်ရှင်အညွှန်း)

ငြိမ်းချမ်းငြိမ်း

ပြင်သစ်သမ္မတ နီကိုလတ်ဆာကိုဇီက ဥရောပသမ္မဂ သတင်းစာဆရာများနှင့် တွေ့ဆုံရာတွင် သတင်းထောက် ဂျာနယ်လစ်လုပ်ငန်းနှင့် ပတ်သက်၍ “၂၀ ရာစု၏ အသက်အန္တရာယ် ရှိသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းတခု” ဟု မှတ်ချက်ပြုခဲ့သည်။ ဆာကိုဇီ မှတ်ချက်ပြုသလိုပင် နှစ်စဉ်နှစ်တိုင်း သတင်းအတွက် အသက်စွန့်ခဲ့ရသူများကလည်း မနည်းတော့။ အာဏာရအသိုင်းအ၀ိုင်းကို ဝေဖန်ရေးသားမိသဖြင့် ထောင်တန်းကျသူတွေ၊ စီးပွားရေးသမားများ၏ မရိုးမသားလုပ်ရပ်၊ နိုင်ငံရေးသမားများ၏ အကျင့်ပျက်မှု အစိုးရများ၏ ပြည်သူသို့ အသိမပေးဘဲထားသည့် ကိစ္စများကို ဖွင့်ချခဲ့သည့် သတင်းသမားများကို ပြန်ပေးဆွဲမှု၊ လုပ်ကြံသတ်ဖြတ်မှု၊ ခြိမ်းခြောက်မှုများမှာ ကမ္ဘာ့နေရာအနှံ့အပြားတွင် နေ့စဉ် ထိုသို့ ကြားနေရသည့် ကိစ္စများဖြစ်သည်။ Continue reading “အမှန်တရားမှ လွဲ၍ ဘာမှမရှိပါ (ရုပ်ရှင်အညွှန်း)”

“Darfur Now” (ရုပ်ရှင်အညွန်း)

ငြိမ်းချမ်းငြိမ်း
နိုဝင်ဘာလဆန်းမှစ၍ ကမ္ဘာတဝှမ်းတွင် ရုံတင်ပြသ
ခဲ့သည် “Darfur Now” ဇာတ်ကားမှာ ကမ္ဘာပေါ်တွင်
ဘေးအန္တရာယ် အထူပြောဆုံး နေရာတခုဟု ကမ္ဘာက
သတ်မှတ်ခံထားရသည့် ဆူဒန်နိုင်ငံ အနောက်ပိုင်း
ဒါမာဒေသမှ မျှော်လင့်ချက် ကင်းမဲ့နေသည့် လူပုဂ္ဂိုလ်
ခြောက်ယောက်၏ ဘဝဇာတ်ကြောင်းကို မှတ်တမ်းရုပ်ရှင်
ပုံစံဖြင့် တင်ဆက်ထားခြင်း ဖြစ်သည်။ “Darfur Now”
ဇာတ်ကားကို ဒါရိုက်တာ Ted Braun(TheadoreBraun)
က ရိုက်ကူးထားခြင်း ဖြစ်သည်၊၊ ဒါရိုက်တာ Ted Braun ၏
လက်ရာ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားမှာ ၁၉၉၉ ခုနှစ်က
ရိုက်ကူးခဲ့ကည့် “We’re Here To Speak For Justice”
ဆိုသည့် ဇာတ်ကား  ဖြစ်သည်၊၊ Continue reading ““Darfur Now” (ရုပ်ရှင်အညွန်း)”

ဝင်ငွေစံချိန် ချိုးတော့မည့် Batman ဇာတ်ကားသစ် (ရုပ်ရှင်အညွန်း)

၂ဝဝ၈ ခုနှစ်တွင် ဝင်ငွေစံချိန်ချိုးမည်ဟု ဝေဖန်ရေးဆရာများက ခန့်မှန်းထားကြသည့် ဇာတ်ကားများဖြစ်သည့် The Mummy: Tomb of the Dragon Emperor, Indiana Jones and the Kingdom of Crystal Skull စသည့် ဇာတ်ကားများကို ကျော်ဖြတ်ကာ ဒါရိုက်တာ ခရစ်စတိုဖာ နိုလန်၏ Batman ဇာတ်ကားသစ်ဖြစ်သည့် The Dark Knight ဇာတ်ကားမှာ ၂ဝဝ၅ ခုနှစ်က ပြသခဲ့သည့် Batman Begin ဇာတ်ကား၏ နောက်ဆက်တွဲ (Sequel) ဇာတ်ကားဖြစ်သည်။

BatmanBatman

ကမ္ဘာ့ပထမဦးဆုံး Batman ဇာတ်ကားကို Batman ဆိုသည့် နာမည်ဖြင့်ပင် ၁၉၈၉ ခုနှစ်တွင် ရုံတင်ပြသခဲ့သည်။ လင်းနို့လူသား (Batman) အဖြစ် မိုက်ကယ်ကီတန်က သရုပ်ဆောင်သည်။ လင်းနို့ လူသား၏ ရန်သူတော်ကြီး The Joker အဖြစ် Easy Riders ဇာတ်ကားမှ မင်းသားကြီး ဂျက်နီကိုယ်ဆန်က သရုပ်ဆောင်သည်။ မိုက်ကယ်ကီတန်နှင့် ဂျက်နီကိုဆန်တို့၏ ပြောင်မြောက်လှသည့် သရုပ်ဆောင်ချက်များကြောင့် ပထမဦးဆုံး Batman ဇာတ်ကားမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့သည်။

၁၉၉၂ ခုနှစ်တွင် Batman Returns၊ ၁၉၉၅ ခုနှစ်တွင် Batman Forever ဇာတ်ကား၊ ၁၉၉၇ ခုနှစ် Batman & Robin ဇာတ်ကားများကို ထုတ်လုပ်ပြသခဲ့သည်။ ယခင်ပြသခဲ့သည့် Batman ဇာတ်ကားများမှာ ငွေကြေးအရ အောင်မြင်မှု ရရှိခဲ့သည့် ဇာတ်ကားများ ဖြစ်သော်လည်း ၁၉၉၇ ခုနှစ်တွင် ရုံတင်ပြသခဲ့ပြီး ဂျော့ကလူနီက လင်းနို့လူသားအဖြစ် သရုပ်ဆောင်ခဲ့သည့် မူပိုင်ခွင့်ရှိသူများနှင့် ထုတ်လုပ်သူများက ဆက်လက် Continue reading “ဝင်ငွေစံချိန် ချိုးတော့မည့် Batman ဇာတ်ကားသစ် (ရုပ်ရှင်အညွန်း)”

အာဏာဖီဆန်သော ရုပ်ရှင် V for Vendetta (ရုပ်ရှင်အညွှန်း)

ငြိမ်းချမ်းငြိမ်း
ရက်စက် ကြမ်းကြုတ်သော အာဏာရှင်
အစိုးရတရပ်အား မည်သို့ ဖြုတ်ချရမည်ကို
ဟောလီးဝုဒ် ရုပ်ရှင်လောကမှ ရံဖန်ရံခါတွင်
ရုပ်ရှင် ဇာတ်ကားကြီးများအနေနှင့် ရိုက်ကူး
ထုတ်လုပ်ခဲ့ဖူးသည်။ ထို ဇာတ်ကားများအနက်
၂ဝဝ၇ ခုနှစ်က ရုံတင် ပြသခဲ့သည့် V for
Vendetta ဇာတ်ကားမှာ ပြောစမတ် ဖြစ်စရာ
ရုပ်ရှင်ကားအဖြစ် စံနမူနာ ယူထိုက်ပေသည်။

V for Vendetta ဇာတ်ကားမှာ နိုင်ငံတကာတွင်
ရုံတင် ပြသနေသည့်အချိန်က သောက်သောက်လဲ
ဝင်ငွေရသည့် Box Office ရုပ်ရှင် ဇာတ်ကားတ
ကား ဖြစ်သောကြောင့် မြန်မာရုပ်ရှင်ရုံ တည်
ဆောက်ထားသည့် ကုမ္ပဏီပိုင်ရှင်တို့မှာ ထိုဇာတ်ကားကို ဝယ်ယူလျှင် သေချာပေါက် မြတ်မည်ကို တွေးမိသောကြောင့် မလေးရှား ဖျော်ဖြေရေး ကုမ္ပဏီတခုနှင့် စာချုပ် ချုပ်ဆိုပြီး ပြည်တွင်းရုံများ
တွင် ပြသရန် ကြံစည်ပြီးခါမှ နအဖ အစိုးရမှ ပြသခွင့် မပြုသောကြောင့် ရုံမတင် ဖြစ်လိုက်သည့်
ဇာတ်ကားဖြစ်သည်။ Continue reading “အာဏာဖီဆန်သော ရုပ်ရှင် V for Vendetta (ရုပ်ရှင်အညွှန်း)”

သဘာဝတရားမှ အငြိုးကြီးလေသောအခါ (An Inconvenient Truth) (ရုပ်ရှင်အညွှန်း)

ငြိမ်းချမ်းငြိမ်း
အနည်းဆုံး လူတသိန်းကျော် သေကျေပျက်စီးခဲ့ပြီး လူတသန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ တမြို့လုံးနီးပါး ရေကြည်တပေါက် သောက်စရာမရှိ ဖြစ်ပျက်ခဲ့ရသည့် နာဂစ် ဆိုင်ကလုံးမုန်တိုင်း၏ လက်သည်တရားခံမှာ မည်သူနည်း။

သဘာဝတရား၏ ဖေးမမှုကို နှစ်ပေါင်းများစွာတိုင်အောင် ရရှိခံစားခဲ့ရသော မြန်မာနိုင်ငံမှာ ကမ္ဘာ့နိုင်ငံများတွင် မည်သို့သော သဘာဝဘေးအန္တရာယ်မျိုး ကျရောက်သည် မဆိုထားနှင့် အိမ်နီးချင်းနိုင်ငံများတွင် ကျရောက်လေ့ရှိသော သဘာဝတရား၏ ဘေးထွက်ဆိုးကျိုးများကိုပင် မြန်မာပြည်သူ ပြည်သားတို့မှာ မခံစားခဲ့ရ။ အာရှတိုက်တွင် နှစ်ပေါင်း ၂ဝ အတွင်း အဆိုးရွားဆုံးသော သဘာဝဘေးဒဏ်ကို စစ်အစိုးရ၏ လျစ်လျှူရှုထားမှုကြောင့် အလူးအလဲ ခံလိုက်ရသည်။

၂ဝဝ၇ ခုနှစ်က ကျင်းပခဲ့သည့် အော်စကာဆုပေးပွဲတွင် အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု ရရှိခဲ့သည့် ဒါရိုက်တာ Davis Guggenheim . An Inconvenient Truth ဇာတ်ကားမှာ လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေများနှင့် ကိုက်ညီ လှပေသည်။ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ အလွန်အကျွံ သုံးစွဲမှု၊ သစ်တောများ အလွန်အကျွံ ခုတ်ထွင်မှု၊ မလိုအပ်ဘဲ ရေကာတာကြီးများ ဆောက်လုပ်မှု၊ မြို့ပြချဲ့ထွင်မှုကြောင့် ကမ္ဘာကြီး ပူနွေးလာမှု၊ မိုးသက်မုန်တိုင်းများ တိုက်ခတ်နိုင်မှု၊ ရေကြီးမှုများ ဖြစ်လာနိုင်ကြောင်း တင်ပြထားပါသည်။

An Convenient Truth ဇာတ်ကားတွင် အမေရိကန် ဒုသမ္မတ ဟောင်အယ်(လ်)ဂိုးက သူကိုယ်တိုင် အစီအစဉ် တင်ဆက်သူ၊ ထုတ်လုပ်သူအဖြစ် တာဝန်ယူကာ လူတို့၏ မဆင်မခြင် သဘာဝတရားများကို ပျက်စီးနေမှုကြောင့် သဘာဝတရားမှ လူများကို တန်ပြန် ကလဲ့စားချေမည့်နေ့မှာ မဝေးနိုင်တော့ကြောင်း သတိပေး ပြောဆိုထားသည်။ Continue reading “သဘာဝတရားမှ အငြိုးကြီးလေသောအခါ (An Inconvenient Truth) (ရုပ်ရှင်အညွှန်း)”