အရှေ့ အလယ်အပိုင်း ဒီမိုကရေစီ အပြောင်းအလဲ အမေရိကန် တကယ်လိုချင်ရဲ့လား
ရဲမြင့်ကျော်၊           ၊ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း အ ရှေ့အလယ်ပိုင်းမှာ ဆက်တိုက် နိုင်ငံ ရေး ငလျှင်ကြီးနှစ်ခု ၀င်ဆောင့်သွား သည်။ နှစ်ခုစလုံးက အဲဒီဒေသ အမေရိကန် နိုင်ငံရေး ပေါ်လစီကိုပါ လှုပ်ခါရမ်းပစ်လိုက်သည်။
တစ်ခုက အယ်လ်ဂျာဇီးယား ရုပ်သံမှ အစ္စရေး ပါလက်စတိုင်း ဆွေးနွေးခဲ့သမျှနဲ့ဆိုင်တဲ့ အငြင်းပွားဖွယ် လျှို့ဝှက် ‘ပါလက်စတိုင်း မှတ်တမ်း’ (Palestinian Papers) ၁၆၈၄ ဖိုင်ကို ဖွင့်ချလိုက်ခြင်း ဖြစ်သည်။ နောက်တစ်ခုက အီဂျစ်တစ်နိုင်ငံလုံး လမ်းပေါ်ထွက်ပြီး သမ္မတဟို့စ်နီမူ ဘာရခ် ရဲ့ နှစ် ၃၀ ကျော် အာဏာချုပ်ကိုင်မှု အဆုံးသတ်ရေး တောင်းဆိုမှုများ ဖြစ်သည်။ Continue reading “အရှေ့ အလယ်အပိုင်း ဒီမိုကရေစီ အပြောင်းအလဲ အမေရိကန် တကယ်လိုချင်ရဲ့လား”
ဒီဂျေ လွှတ်တော် အမတ် က ၀ီကီလိခ် အား နိုဘဲလ် ဆုပေးဖို့ အဆိုတင်
FNG၊           ၊အမေရိကန် အစိုး ရ နိုင်ငံခြားရေး ၀န်ကြီးဌာန ၏ ကမ္ဘာတစ်လွှား မှ သံတမန် များ
၏ အစီရင်ခံစာများ နှင့် အီရတ် စစ်ပွဲ တွင် အမေရိကန် ၏ ဖုံးဖိထား သည့် လူမဆန်မှု များ ကို အုတ်အော်
သောင်းနင်း ဖော်ထုတ် ခဲ့သည့် ၀ီကီလိခ် အင်တာ နက် ၀ဘ်ဆိုတ် ကို ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေး
နိုဘဲလ် ဆု ပေးရန် အတွက် နော်ဝေ ဥပဒေ ပြု အမတ် က အဆိုတင်သွင်း သည် Time မဂ္ဂဇင်း
တွင် ဖော်ပြထားသည်။ Continue reading “ဒီဂျေ လွှတ်တော် အမတ် က ၀ီကီလိခ် အား နိုဘဲလ် ဆုပေးဖို့ အဆိုတင်”
‘နောက်ထပ် အာဏာ မယူတော့ပါဘူး၊ စက်တင်ဘာမှ ဆင်းပါရစေ’ ဟု မူဘာရခ် အသနားခံ
The CNN Center in Atlanta.
Image via Wikipedia
ယမန်နေ့ ညက လွတ်မြောက်ရေး ရင်ပြင် ရှိ ဆန္ဒပြ လူအုပ်ကြီး ဓာတ်ပုံ EPA
ရှစ်ရက်မြောက်နေ့ တစ်နိုင်ငံလုံးထွက်ဆန္ဒပြနေတဲ့ အီဂျစ်လူထုကြီးကို အသက် ၈၂ နှစ်ရှိ ဟို့စ်နီ မူဘာရခ်က အစိုးရရုပ်သံကနေ “ကျနော် ထမ်းဆောင်ခဲ့တဲ့အချိန် လုံလောက်ပါပြီ။ ကျနော့်ရဲ့ အခု တာဝန်က အမိအီဂျစ်မြေ တည်ငြိမ်ဖို့နဲ့ လုံခြုံရေးရှိဖို့ပါ။ စက်တင်ဘာမှာ ကျနော့်သက်တမ်းကုန်ဆုံးပြီး နောက်ရွေးကောက်ပွဲမှာ လူထုရွေးချယ်မယ့်သူ ဘယ်သူပဲဖြစ်ဖြစ် အာဏာ အေးအေးချမ်းချမ်း လွှဲပြောင်းပေးမှာပါ။ သမ္မတအာဏာကိုလည်း လွှတ်တော်ကနေ ကန့်သတ်နိုင်ပါတယ်” ဟု လေပြေထိုး ပြောကြားခဲ့သည်။ Continue reading “‘နောက်ထပ် အာဏာ မယူတော့ပါဘူး၊ စက်တင်ဘာမှ ဆင်းပါရစေ’ ဟု မူဘာရခ် အသနားခံ”
မူဘာရက် အား အီဂျစ် တွင် လှည်းနေလှေအောင်း မြင်းစောင်း မကျန် ဆန့် ကျင်ပြီ
People Power in Egypt Obsolete Mubarak Era
Latest
1952 အီဂျစ်တော်လှန်ရေး ခေါင်းဆောင် နှင့် သမ္မတ ဟောင်း နတ်ဆာ ၏ သား
က ဆန္ဒပြမှု များ ကို ဦးဆောင် ပြီး မူဘာရက် ကို အရှင်ဖမ်းမည်
စက်တင်ဘာ လ တွင် နှုတ်ထွက် မည် ဟု ပြောသော်လည်း ပြည်သူတို့ က လက်မခံတော့
နောက်ရွေးကောက် တွင် ထပ် မံ ယှဉ်ပြိုင် အရွေးခံတော့ မည် မဟုတ် ဟု မူဘာရက်ပြော Continue reading “မူဘာရက် အား အီဂျစ် တွင် လှည်းနေလှေအောင်း မြင်းစောင်း မကျန် ဆန့် ကျင်ပြီ”
လူသန်းချီ ဆန္ဒပြရန် တစ်ရက် အလို တွင် မူဘာရက် က အတိုက် အခံ တို့ နှင့် ဆွေးနွေးမည်ဟု ဆို
အီဂျစ် စစ်တပ် အရာ ရှိ များ သေနတ် ကို နိုင်း မြစ် ထဲ ပစ်ချ ၍ ဆန္ဒပြ သူများ နှင့် ပူးပေါင်း
အလက်ဇန္ဒြီးယား တွင် ဗိုလ်မှုးကြီး များက ပြည်သူကို ပစ်သတ် သည့် ရဲ အရာရှိ များ ကို ဖမ်းဆီး|
ညမထွက် ရ အမိန့် ကို ဆန့် ကျင်ပြီး တစ် နိုင်ငံ လုံးတွင် ဆက်လက် ဆန္ဒပြနေ
အီဂျစ် အတိုက်အခံ ခေါင်းဆောင် မိုဟာမက် အယ်(လ)ဘရာဒီက ယမန့် နေ့ ညက တီဟာရီ ရင်
ပြင် တွင် မိန့် ခွန်းပြောကြား ပြီး နောက် အင်္ဂါ နေ့ ဆန္ဒပြ ပွဲတွင် လူသန်း နှင့် ချီ ဆန္ဒပြ ရန် လည်း
တိုက် တွန်း နှိုးဆော် လိုက်သည်။
ပိုမိုကြီးထွား လာတဲ့ ဆန္ဒပြမှု တွေ ကြောင့် အတိုက်အခံတွေ နဲ့ ဆွေးနွေးမယ်လို့ လဲ မူဘာရက်
က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။ Continue reading “လူသန်းချီ ဆန္ဒပြရန် တစ်ရက် အလို တွင် မူဘာရက် က အတိုက် အခံ တို့ နှင့် ဆွေးနွေးမည်ဟု ဆို”
သြစတေးလျှ ရောက် မြန်မာ တစ်ဦး မီးရှို့ ဆန္ဒပြ
သြစတေးလျှ နိုင်ငံ ဒါဝင် မြို့ က လူဝင်မှု ကြီးကြပ်ရေးဌာ န စစ်ဆေးရေး စခန်း မှာ ထိန်းသိမ်း
ခံထားရတဲ့ မြန်မာ လူမျိုး တစ်ဦးဟာ တနင်္လာနေ့  နံနက် ၂ နာရီ ခန့် က မိမိကိုယ်ကို မီးရှို့ ဆန္ဒ
ပြတာ ကြောင့် ဆေးရုံ ကို အချိန်မှီ တင်လိုက်ရတယ် လို့  ဆစ်ဒနီ နံနက် ခင်း သတင်းစာ မှာ
ဖော်ပြထားပါတယ်။ Continue reading “သြစတေးလျှ ရောက် မြန်မာ တစ်ဦး မီးရှို့ ဆန္ဒပြ”
အီဂျစ် လွှတ်တော် အမတ် များ အယ်ဘာရာဒီ ကို ခေါင်းဆောင်တင် ၍ ပြည်သူ ကို ဦးဆောင်ရန် လွှတ်တော် ကို ကျောခိုင်း
အီဂျစ် ပြည်သူ လူ ထု အုံကြွမှု သတင်း နှင့် အချိန်နှင့် အမျှ တိုးတက် ဖြစ်ထွန်းမှု များ ကို မကြာခင် အချိန် အတွင်း Freedom News Group မှ တိုက်ရိုက် တင်ဆက်ပေးမည် ဖြစ်ပါသည်။ Continue reading အီဂျစ် လွှတ်တော် အမတ် များ အယ်ဘာရာဒီ ကို ခေါင်းဆောင်တင် ၍ ပြည်သူ ကို ဦးဆောင်ရန် လွှတ်တော် ကို ကျောခိုင်း
Rate this:
မူဘာရက် အာဏာ စွန့် သည်အထိ ဆက်လက်ဆန္ဒပြ မည်
နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် မိုဟာမက် အယ်(လ)ဘရာဒီ က ဆန္ဒပြ သူများ ကို မိန့် ခွန်းပြော
အီဂျစ် နိုင်ငံ တွင် ညမထွက် ရ အမိန့် ကို နေ့ လည် ၃ နာရီ မှ မနက် ၈ နာရီ ထိ တိုးမြှင့်
မှုကြောင့် နေ့ ရောညပါ မထွက်ရ အမိန့် ဖြစ်
မူဘာရက် ဆန့် ကျင်ရေး ဆန္ဒပြပွဲ များ တစ်ကမ္ဘာလုံးတွင် ပျံနှံ နေရာ ပုံတွင် လက်ဘနွန် နိုင်ငံ ဘေရွတ် မြို့ မှ မူဘာရက် ဆန့် ကျင်ရေး ဆန္ဒပြပွဲ တစ်ခု Photo-AFP
Egyptian demonstrators demanding the ouster of President Hosni Mubarak shouts slogans on top of Egyptian army tanks in Cairo on January 29, 2011. AFP PHOTO/MOHAMMED ABED (Photo credit should read MOHAMMED ABED/AFP/Getty Images)
အစိုးရ အဖွဲ့ အပြောင်းအလဲ မှာ ပြည်သူများ အလိုကျမဟုတ် အမေရိကန် အလိုကျသာဖြစ်
Moment of Truth for U.S. (Wall Street Journal)
ရက် မြောက် နေ့ မှာတော့ နှစ်ပေါင်း ၃၀ ကြာ အာဏာကို ထိန်းချုပ် လာတဲ့ အီဂျစ် သမ္မတ ဟိုစနီ
မူဘာရက် ဟာ သူ့ ရဲ့ သမ္မတ ရာထူးနေရာ နဲ့ တိုင်း ပြည်ခေါင်းဆောင် နေရာ တွေ ကို ဆက်ပြီး
ထိမ်းထား ဖို့ မလွယ်ကူတော့ ကြောင့် အီဂျစ် နိုင်ငံ မှာ ရောက် နေတဲ့  နိုင်ငံတကာ သတင်းထောက်
တွေ က သုံးသပ်ကြပါတယ်။
မြို့ တော် ကိုင်ရို မှာတော့ ဆန္ဒပြ သူတွေ ဟာ အရင်နေ့ တွေ ကထက် ပိုများ လာပြီး ရဲစခန်း
တွေ ကို ၀င်ရောက် စီးနင်းမှု တွေ ကြောင့် ရဲတပ်ဖွဲ့ ဝင်တွေ လည်း စခန်း ကို စွန့် ခွာ ထွက်ပြေး
ခဲ့ရပါတယ်။ Continue reading “မူဘာရက် အာဏာ စွန့် သည်အထိ ဆက်လက်ဆန္ဒပြ မည်”
နိုဘဲလ်ဆုရှင် ဦးဆောင် တဲ့ အီဂျစ် အထွေထွေ သပိတ် (Live Updates)
Latest News are Appear at Top of the Post
U.S. must choose sides in Egypt အာဏာရှင် များ ကို ကျားကန် ပေးလို့ ကောင်းတဲ့ အမေရိကန်ကို ဒီနေ ရာတွင် ဖတ်ပါ ။ အောက်မှ Comment များ ကို လည်းကြည့်ပါ
မိုဟာမက် အယ်(လ)ဘာရာဒီ ကို ဖမ်းဆီး ( FNG EXCLUSIVE)
၁၆း၀၀ နာရီ တွင် အလက်ဇန္ဒြီးယားရဲစခန်း မီးတင်ရှို့ ခံရ
အချို့  နေရာများ တွင် စစ်တပ်က ဆန္ဒပြသူများ နှင့် ပူးပေါင်း
အီဂျစ် ပြည်သူများ ကာဖျူး ကို အံတု ပြီး ဆက်လက် ဆန္ဒပြ Continue reading “နိုဘဲလ်ဆုရှင် ဦးဆောင် တဲ့ အီဂျစ် အထွေထွေ သပိတ် (Live Updates)”
နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် အယ်(လ)ဘရာဒီ ဆန္ဒပြမှု များ ကို ဦးဆောင်မည်
Ex-IAEA Boss Lead the Egyptian  Protests
နိုင်ငံတကာ အဏုမြူ စွမ်းအင် ဧဂျင်စီ ဥက္ကဌ ဟောင်း နှင့် နိုဘဲလ်ငြိမ်းချမ်း ရေးဆုရှင် ဒေါက်တာ
မိုဟာမက် အယ်(လ)ဘရာဒီ သည် ယနေ့ ကိုင် ရို မြို့ သို့ ပြန်လည် ရောက် ရှိပြီး ဆန္ဒပြမှု များ ကို
ဦးဆောင် တော့ မည် ဟု သိရသည်။ Continue reading “နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် အယ်(လ)ဘရာဒီ ဆန္ဒပြမှု များ ကို ဦးဆောင်မည်”
အီဂျစ် လူထု အုံကြွှမှု နိုင်ငံ တကာ အင်တာနက်လှုပ်ရှား သူများ ကူညီ
This page will update  every hour. Updated news are see under thin red line of
the bottom of this post
သီရိထက်၊        ၊အီဂျစ် နိုင်ငံ မှာ ဒီနေ့ ဇန်န၀ါရီလ ၂၆ ရက်နေ့ နှစ်ရက် မြောက် နိုင်ငံ
တ၀ှမ်း က ပြည်သူလူထု
တွေ အုံကြွှမှု အတွင်းမှာ အာဏာရှင် ဟူစနီ မူဘာရက်ခ်
အစိုးရ က လူပေါင်း ၇၀၀ ကျော်
လောက် ဖမ်းဆီးထားတယ်လို့ ယနေ့ မနက် ထုတ်
ဂါးဒီးယန်း သတင်းစာ ကြီးမှာဖော်ပြထား
ပါတယ်။
NGO များလည်း မဟုတ် တဲ့ အဖွဲ့ အစည်း တွေက ကူညီ လို့ တော်တော်ပဲ ခရီးရောက် တယ်
လို့  Operation Egypt က မူစတာ အလီ အဂျဖ် က Freedom News Group ကို ပြောပါတယ်။ Continue reading “အီဂျစ် လူထု အုံကြွှမှု နိုင်ငံ တကာ အင်တာနက်လှုပ်ရှား သူများ ကူညီ”
တူနီရှား လူထု အုံကြွမှု အပိုင်း (၃) အင်တာနက်၊ ဒီမိုကရေစီ နှင့် အီဂျစ်
Social Media Shakes Arab World
တူနီရှား လူထု အုံကြွှမှု အခန်း ဆက် ဆောင်းပါးများ ကို Freedom News အယ်ဒီတာ အဖွဲ့ 
မှစီစဉ် သည်။ လွတ်လပ် စွာ ပုံနှိပ်၊ကူးယူ ဖြန့် ချိနိုင်သည်။ 
တူနီရှား နိုင်ငံ မှ ကျောင်းသား၊ပြည်သူများ ဦးဆောင်ဆန္ဒပြ၍ အာဏာရှင် သမ္မတ ဘင်အလီ
ကို ဖြုတ်ချ နိုင် ခဲ့ခြင်းသည် အာရပ် ကမ္ဘာရှိ အာဏာရှင် လက် အောင်မှ ပြည်သူများ သာ မက
မြန်မာ နိုင်ငံ မြောက် ပိုင်း ကချင်ပြည်နယ် မြစ်ကြီး နား မြို့ မှ တက္ကသိုလ် ကျောင်း သား အထိ
ရိုက်ခတ်သည်။
တူနီရှား နိုင်ငံ၏ လူထုတော်လှန် ရေးသည် တွစ်တာ နှင့် ဖေ့ဘွတ် တွင် စတင်ခဲ့ခြင်းကြောင့်
Twitter Revolution သို့ မဟုတ် စံပယ်ငုံ တော်လှန်ရေး ဟု လည်း ခေါ်သည်။ တူနီရှား
တွင် အာဏာရှင် ဘင်အလီ နိုင်ငံမှ ခွေးပြေးဝက်ပြေး ထွက် ခွာသွားပြီးနောက် အာဏာရှင် နှင့်
ပုလင်းတူဗူး ဆို့  ၀န်ကြီး ချုပ် မိုဟာမက် ဂူနော့ချီက ဦးဆောင်ပြီး ကြားဖြတ် အစိုးရ အဖွဲ့ ကို
ဖွဲ့ သည်။ နိုင်ငံရေး အကူအပြောင်း တွင် အတွေ့ အကြုံရှိရန် ဟု ဆိုကာ ယခင်အစိုးရ အဖွဲ့ 
ဟောင်းမှ နိုင်ငံရေး စားဖားကြီး များ ကို အစိုးရ အဖွဲ့ ထဲတွင် ပြန် လည် ထည့်သည်။ Continue reading “တူနီရှား လူထု အုံကြွမှု အပိုင်း (၃) အင်တာနက်၊ ဒီမိုကရေစီ နှင့် အီဂျစ်”
တူနီရှား ကာကွယ်ရေး ဦးစီးချုပ် ဆန္ဒပြသူများ ဘက်မှရပ်တည်
မင်းဆိုး မင်းညစ် ဖြုတ်ချရေး တူနီရှား ဆန္ဒပြသူများ ကို ထောက်ခံအားပေး မိန့် ခွန်း ပြောနေသည့် တူနီးရှား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရစ်ချဒ် အာမာ Photo : New York Times
“Our revolution is your revolution,” “The army will protect the revolution.”
The military leader, Gen. Rachid Ammar, yelled through a megaphone to more than 1,000 demonstrators in a square near his office, according to several witnesses.
တူနီးရှား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရစ်ချဒ် အာမာ သည် အာဏာရှင် ဘင်အလီ ၏ အပေါင်းအပါ များက
အစိုးရ အဖွဲ့ အတွင်း ဆက်လက် တည်ရှိ နေမှု ကို ပြည်သူများ က ဆက် လက် ဆန္ဒပြနေမှု အား
ရပ် တည်ထောက် ခံ ရုံသာ မက လက်ကိုင် စကား ပြောစက် ဖြင့် မိန့် ခွန်းပါ ပြောကြား ခဲ့သည်။ Continue reading “တူနီရှား ကာကွယ်ရေး ဦးစီးချုပ် ဆန္ဒပြသူများ ဘက်မှရပ်တည်”
အော်ရီဂွန် ရံပုံငွေပွဲ ဒေါ်အောင်ဆန်းစုကြည် ဗီဒီယို အမှာစကားပို့ 
အမေရိကန် နိုင်ငံ အော်ရီဂွန် မြို့ ရောက် မြန်မာ နှင့် တိုင်းရင်းသား လူမျိုးများ စုပေါင်းပြီး
မြန်မာ နိုင်ငံတွင်းရှိ HIV ၊ AIDS နှင့် နေထိုင်သူများ အတွက် ကူညီ ထောက်ပံ့မည့် အစီ
အစဉ်အတွက် ရံပုံငွေ ရှာဈေးရောင်း ပွဲတော် အား ပို့ လန်း တွင် ကျင်းပခဲ့သည် ဟု
သတင်းရရှိသည်။ Continue reading “အော်ရီဂွန် ရံပုံငွေပွဲ ဒေါ်အောင်ဆန်းစုကြည် ဗီဒီယို အမှာစကားပို့ ”