ကနေဒီ ၏ နောက်ဆုံးခရီး(သတင်းဓာတ်ပုံ)
၂၉ သြဂုတ် ဘော်စတွန် ၊ ၊သီရိထက်
Edward M. Kennedy Funeral Service (Photo)AP,AFP, Freedom News Group






click here more photo Continue reading “ကနေဒီ ၏ နောက်ဆုံးခရီး(သတင်းဓာတ်ပုံ)”
ပြည်ပသတင်းများ
၂၉ သြဂုတ် ဘော်စတွန် ၊ ၊သီရိထက်
Edward M. Kennedy Funeral Service (Photo)AP,AFP, Freedom News Group






click here more photo Continue reading “ကနေဒီ ၏ နောက်ဆုံးခရီး(သတင်းဓာတ်ပုံ)”
၂၉ သြဂုတ် ဘော်စတွန် ၊ ၊သီရိထက်
Edward M. Kennedy – – 1932 – 2009

၁၉၆၃ ခုနှစ်က လုပ်ကြံခံခဲ့ ရသူ အမေရိကန် သမ္မတ ဂျွန်အက် (ဖ)ကနေဒီ၏
ညီဖြစ်သူ မက်ဆာချူးဆက် ပြည်နယ် လွှတ်တော်အမတ် အက်ဒွပ် (တဒ်) ကနေဒီ သည် ၂၅ ရက်နေ့ ည အင်္ဂါ နေ့ နှောင်းပိုင်း)က အသက် ၇၇ နှစ် အရွယ်တွင် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။
ဥဏှောက် ကင်ဆာရောဂါ ကို ကြာရှည်စွာခံစားနေရသည့် တဒ်ကနေဒီမှာ ထိုရောဂါဖြင့်ပင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ကနေဒီ ၏ ရုပ်အလောင်းကို ဇာတိ
ဘော်စတွန် ရှိ သမ္မတ ကနေဒီ စာကြည့် တိုက် နှင့် ပြတိုက် တွင် အများပြည်သူ ကြည့်ရှုရန် ထားရှိမည် ဖြစ်သည်။ စနေ နေ့ တွင်မူ သူ၏ အကိုနှစ်ဦးဖြစ်သူ ဂျွန်အက် (ဖ) ကနေဒီ နှင့် ရှေ့ နေချုပ် ရောဘတ် ကနေဒီတို့ လဲလျှောင်းရာ ဗာဂျီးနီးယား ပြည်နယ်ရှိ အာလင်တန် အမျိုးသား
သင်္ဂျိုင်းတွင် မြုပ်နှံမည် ဖြစ်သည်။ Continue reading “သမ္မတ ဟောင်းဂျွန်အက် (ဖ)ကနေဒီ ၏ ညီဖြစ်သူ လွှတ်တော်အမတ် တဒ် ကနေဒီ ၏ ဈာပန”
၁၈ သြဂုတ် ဘန်ကောက် ၊ ၊၀ါရှင်တန် ပို့ (စ)
Obama welcomes release of U.S. citizen from Myanmar်

ထောင်ဒဏ် ခုနှစ် နှစ် ချမှတ်ခံရသည့် အမေရိကန် နိုင်ငံသား ဗီယက် နမ်စစ်ပြန် ယက်တော ကိုပြန်လည် လွှတ်ပေးလိုက် သည့် အတွက် အမေရိကန် သမ္မတ အိုဘားမားက ကြိုဆိုလိုက်သည်။
အိုးဘားမား ရုံးအဖွဲ့ မှ ယနေ့ ထုတ်ပြန်သော သမ္မတ ၏ ကြေညာချက် တွင် “ယက်တော အားလွှတ်
ပေးခြင်း အတွက် မြန်မာ စစ်အစိုးရ ကို ချီးကျူးဂုဏ်ပြုကြောင်း ပြောသွား ပြီး ယခု ကဲ့သို့ ယက်တော
အားလွှတ်ပေးသည့် စိတ်ဓာတ် မျိုး နှင့် ပင် မြန်မာနိုင်ငံရေး အကျဉ်းသားများ နှင့် ဒေါ်အောင်ဆန်းစုကြည် အားလွှတ်ပေးရန် တိုက်တွန်း ပြောကြားလိုက်သည်။ Continue reading “ယက်တော ကိုလွှတ်ပေးသည့် စိတ်အရည်အချင်းမျိုး နှင့် နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရန် အိုဘားမား ပြော”
၁၄ သြဂုတ် နယူးယောက် ၊ ၊အေအက်(ဖ)ပီ
UN Council calls on Burma to Release of Political Prisoner

ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ တွင် နှစ်ရက်ကြာအချေအတင် ဆွေးနွေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရန် ဆိုသည့် တောင်းဆိုချက် ကို ထုတပြန် နိုင်ပြီဖြစ်ကြောင်း ယမန် နေ့ က နယူးယောက်မှ လာသော အေပီ သတင်းတစ်ရပ်တွင် ဖေါ်
ပြထားသည်။
အမေရိကန်နိုင်ငံက မူလ တင်သွင်းသည့် အဆိုမူကြမ်းတွင် မြန်မာစစ်အစိုးရ အပေါ်ရင့်သီးသော အသုံး အနှုံးများပါ သည် ဟု ဆိုကာ အဖွဲ့ ဝင်နိုင်ငံ အချို့ က ၎င်းတို့ ၏ သက်ဆိုင်ရာ အစိုးရခေါင်းဆောင်များ နှင့် ဆွေးနွေး ပါရ စေအုံးဟု ဆိုသဖြင့် ယခု ထုတ်ပြန်ချက်မှ ရက်အတန်ကြာခဲ့သည်။ Continue reading “ကုလလုံခြုံရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည် ကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆို”
၁၁ သြဂုတ် ဘန်ကောက် ၊ ၊Freedom News Group

ဒေါ်အောင်ဆန်းစုကြည် အားယနေ့ မြောက်ပိုင်းခရိုင် ထောင်တွင်းတရားရုံးမှ ပြစ်ဒဏ် ချမှတ် လိုက်
ခြင်းအပေါ် နိုင်ငံတကာ ခေါင်းဆောင်များက တညီတညွတ်တည်း ကန့် ကွက်ခဲ့ကြသည်။ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း ကမြန်မာ နိုင်ငံအပေါ် လက်နက်တင်ပို့ မှု ပိတ်ဆို့ မှုလုပ်ရန် အတွက်စတင်ဆော်သြသည်။
ဥရောပ သမဂ္ဂ နှင့် ပြင်သစ် သမ္မတ ဆာကိုဇီက လည်း ဒေါ်အောင်ဆန်းစုကြည် အပေါ်နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ဖြင့်ချမှတ်ခဲ့သည့် ပြစ်ဒဏ်မှ လျှော်ညီ မှု မရှိသည့် အတွက် အမြန်ဆုံးပြန်လွှတ်ပေးရန် တိုက်တွန်းထားသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် အား ချမှတ်သည့် ပြစ်ဒဏ်အတွက် နိုင်ငံတကာမှ ဝေဖန်ကန့်ကွက် မှုများပေါ်ထွက်”
YANGON, Myanmar (CNN) — Myanmar opposition leader Aung San Suu Kyi was sentenced on Tuesday to 18 months of house arrest.
The sentence is significantly less than the maximum five-year prison sentence the Nobel peace laureate faced for the charges. Continue reading “Myanmar junta returns Suu Kyi to house arrest”
၈ သြဂုတ် ရန်ကုန် ၊ ၊စထရိတ် တိုင်း(မ)
India detains N. Korean ship

အိန္ဒိယ ကမ်းရိုးတန်းအရှေ့တောင်ဘက် ရေပြင်အနီးတွင် မသင်္ကာဖွယ်ရာတွေ့ ရှိရသည့် မြောက်ကိုရီးယား ပင်လယ်ကူး သင်္ဘောတစ်စီးကို အိန္ဒိယ ရေတပ် ကယနေ့ မနက် အစောပိုင်းကဖမ်းဆီးထားကြောင်း အိန္ဒိယ ကမ်းရိုးတန်း အစောင့် တပ်က သတင်းထုတ်ပြန်သည်။ Continue reading “မြန်မာနိုင်ငံရေပိုင်နက် အနီးတွင်တွေ့ရှိသော မြောက်ကိုရီးယား သင်္ဘောကို အိန္ဒိယရေတပ် မှ ဖမ်းဆီးထား”
၅ သြဂုတ် မန္တလေး၊ ၊ညွန့် သက်ထားဦး
Mystery of Mars Near Planet Earth
မားစ် ခေါ် အင်္ဂါဂြိုလ် နှင့် ကမ္ဘာဂြိုလ် တို့ နီးကပ် မှုဖြစ်စဉ်တစ်ခု ကို သြဂုတ်လ ၂၇ ရက်နေ့  နှင့် ၂၈
ရက်နေ့ များတွင် တွေ့ မြင်နိုင်မည့် သတင်းအတွက် ဂြိုလ် နက္ခတ် တို့ က လှုမှုဘ၀ ကိုစိုးမိုးသည် ဟု
အစွဲ အလန်းကြီးလှသော မြန်မာပြည်သူများ အနေဖြင့် ရတက်မအေး ဖြစ်နေကြသည် ဟုသိရသည်။
စစ်မက်ဖြစ်ပွားမှု နှင့် သွေးထွက်သံယို ၊အဓိကရုန်း ဖြစ်ပေါ်မှုများ ကို ပေါ်ပေါက်စေတတ်သည့် အ
စွမ်းရှိသည့် အင်္ဂါဂြိုလ် သည် ကမ္ဘာ နှင့် အနီးဆုံး အနေ အထားဉ် ရှိနေချိန်တွင် ညအချိန်ကောင်းကင်
တွင် လနှစ်စင်းထွန်း လင်းသာ သလို ဖြစ်နေသည် ကို မြင်ရမည် ဟု သော ဗေဒင် သတင်း ၀ဘ်ဆိုတ်
တစ်ခုတွင် ဖေါ်ပြထားသည်။ Continue reading “အင်္ဂါဂြိုလ် နှင့် ကမ္ဘာ နီးကပ်မည့် သတင်း ကြောင့် လူထုက တိုင်းပြည်အရေး ရတက်မအေးကြ”
၅ ဇူလိုင် ဘန်ကောက် ၊ ၊စံပယ်ထွန်း

ယနေ့ ထုတ် အမေရိကန် မဂ္ဂဇင်းတစ်စောင် ဖြစ်သည့် နိုင်ငံခြားရေးရာ မူဝါဒ စာစောင် (Foreign Policy) တွင်ဂူးဂယ် အတ်မှ တစ်ဆင့် မြန်မာညူကလီယား ဓာတ်ပေါင်းဖို ကိုဖေါ်ပြခဲ့သည့်။စနေ နေ့ က သြစတေးလျှ နိုင်ငံထုတ် ဆစ်ဒနီ မောနင်း ဟယ်ရယ် တွင် ပါရှိခဲ့သည့် မြန်မာ နိုင်ငံ၏ ညူကလီယား လက်နက် ကို ငါးနှစ်အတွင်း ထုတ်လုပ် နိုင်တော့ မည် ဆိုသည့်သတင်းကြောင့် နိုင်ငံတကာ အနူမြူလက်နက် စောင့်ကြည့် ရေး အဖွဲ့ များက လည်း စစ်အစိုးရ အပေါ်မေးခွန်း
ထုတ်နေကြသည်။ Continue reading “မြန်မာညူကလီယား ဓာတ်ပေါင်းဖိုကို ဂြိုလ်တုမှရိုက်ကူးထားသောပုံ”
၎ ဇူလိုင် ဘန်ကောက် ၊ ၊အေပီသတင်း
Clinton to talk Nuke and Journalists in North Korea Prison

အမေရိကန်သမ္မတဟောင်းဘီလ်ကလင်တန် နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ်တို့ နှစ်ဦး မြို့တော် ပြုံးယမ် တွင်တွေ့ ဆုံခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနမှ ယနေ့ ကြေညာခဲ့သည်။
သမ္မတ ဟောင်းစီးနင်းလိုက်ပါလာသော လေယာဉ် ပြုံးယမ်လေဆိပ် သို့ ရောက်ရှိချိန်တွင် နိုင်ငံခေါင်းဆောင် တစ်ဦးကဲ့သို့ ကြိုဆိုခဲ့ပြီး လေယာဉ်ပေါ်မှဆင်းလာသော ကလင်တန်ကို ကျောင်းသူလေးများက ပန်းဆီးပေးအပ်ကြပြီး ဒုနိုင်ငံခြားရေးဝန်ကြီး ကင်ကျယ်ဂွမ်က လာရောက်ကြိုဆိုခဲ့သည်။ Continue reading “သမ္မတဟောင်း ဘီကလင်တန် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ် နှင့်ပြုံးယမ် တွင်တွေ့ဆုံ”
၂၉ ဇူလိုင် မဲဆောက် ၊ ၊Freedom News Group
DHF Break Out Refugee Camp and Burmese Migrant Workers

ထိုင်းနိုင်ငံ တခ် ခရိုင် အတွင်းရှိ မြန်မာ ဒုက္ခသည် စခန်းများဖြစ်သည့် မဲလ၊နို့ ဘိုး နှင့် အုံးဖျန် ဒုက္ခ
သည် စခန်းများတွင် ရာသီ အလိုက် ဖြစ်တတ်သော တုပ်ကွေးရောဂါ အပြင် သွေးလွန် တုပ်ကွေး ဖြစ်
ပွားသည့် လူနာ များပါ တွေ့ ရှိလာရ သဖြင့် စခန်းတွင် ဆေးရုံ များမှ တစ်ဆင့် မဲဆောက် ဆေးရုံအထိ
ပါတင် ပို့ ထားရကြောင်း မဲဆောက် ဆေးရုံကြီးမှ တာဝန် ရှိသူ တစ် ဦးက Freedom News Group
သို့ ပြောသည်။
ထိုင်းနိုင် ငံ အနောက် မြောက်ပိုင်းဒေသ များတွင် အဆက် မပြတ်ရွာသွန်းသည့် မိုးများကြောင့် ရာသီ
ဥတု ဆိုးရွားလာ ကာ စခန်းတွင်းနေ ထိုင်ကြသူများမှာ ညောင်းညာ ကိုက်ခဲ အဖျားတက် ၍ ကိုယ်
လက် မအီမသာ ဖြစ်ကြရာမှ တစ်ဆင့် တုပ်ကွေးရောဂါ ဖြစ်ပွားလာကြကြောင်း မဲလ စခန်း တွင်းနေ
ထိုင် သူ ကရင် ဒုက္ခသည် အမ်ျိုးသမီး တစ်ဦးက ပြောသည်။ Continue reading “ထိုင်းနိုင်ငံတွင်းရှိ မြန်မာ ဒုက္ခသည် စခန်းများနှင့် ရွှေ့ပြောင်းအလုပ်သမားများ တွင် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားမှုများလာ”
၂၇ ဇူလိုင် ဘန်ကောက် ၊ ၊Freedom News Group

ဇူလိုင်လ ၂၆ ရက်နေ့ က ဒူဘိုင်း နိုင်ငံတွင် အသက် ၆၀ ပြည့်မွေးနေ့ ပွဲကျင်းပခဲ့သည့် ထိုင်းဝန်ကြီးချုပ် ဟောင်းသက်ဆင် က သူမကြာခင် ဇာတိနိုင်ငံသို့ ပြန်လာမည် ဆိုသည့် အံအားသင့်ဖွယ်စကားကြောင့် တနင်္လာနေ့ မနက် အစော ပိုင်းစတင်ဖွင့်လှစ် ခဲ့သော ထိုင်းစတော့ဈေးကွက်ပင် တုန် ခါသွားခဲ့ရသည်။
တနင်္ဂနွေနေ့ ကကျရောက်သည့် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ အသက် ၆၀ ပြည့် မွေးနေ့ အထိမ်းအမှတ် အတွက် ဆုတောင်းပွဲ ကို ထိုင်းနိုင်ငံ တ၀ှမ်းတွင် ကျင်းပရာ ပြည်သူ ထောင်ပေါင်းများစွာက ၎င်းတို့ ၏ သင်္ကေတ အနီရောင် ရှပ်အကျီများဝတ်ဆင်၍ တက်ရောက်ခဲ့ကြသည်။
သက်ဆင်အတွက် မွေးနေ့ ဆုတောင်းပွဲ အခမ်းအနားတွင် သံဃာတော်များက ပြည်ပရောက်ဝန်ကြီးချုပ်ဟောင်း သက်ဆင် ကို ဇာတာသန့် စေရန် နှင့် အကြံအစည်
အောင်မြင်စေရန် ဆုတောင်းပေးမှု ပြုခဲ့ကြသည် ဟု ယနေ့ ထုတ်နေးရှင်း သတင်းစာတွင်ဖေါ်ပြထားသည်။ Continue reading “ထိုင်းနိုင်ငံသို့ ပြန်လာတော့မည့် သက်ဆင်က မွေးနေ့ အထိမ်းအမှတ်ပညာသင်ဆု ၆၀၀၀ ချီးမြှင့်”
၂၁ ဇူလိုင် ဘန်ကောက် ၊ ၊ယူကွန်
်

ထိုင်းနိုင်ငံ ဖူးခက် တွင် ကျင်းပနေသည့် အာဆီယံ ၀န်ကြီးများအဆင့် အစည်းအဝေးတက်ရောက်ရန်
အတွက် ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က နူးကလီးယား
လက်နက်ပိုင်ဆိုင်သည့် ကိုရီးယား နိုင်ငံ နှင့် မြန်မာ နိုင်ငံ တို့ စစ်ရေးအရ နည်းကပ်စွာ ဆက်ဆံနေ
သည်မှာ ဒေသတွင်းစိုးရိမ် ဖွယ်ရာအခြေအနေ ဖြစ်သောကြောင့် အမေရိကန် နိုင်ငံ ကလည်း စိုးရိမ်မကင်းဖြစ်မိကြောင်း ဘန်ကောက်တွင် ထိုင်းဝန်ကြီးချုပ် နှင့် တွေ့ ဆုံအပြီး သတင်းစာရှင်းလင်းပွဲ တွင်ပြောကြားသည်။ Continue reading “မြန်မာ နှင့် မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန် စိုးရိမ် မကင်းဖြစ် သလို ပြည်တွင်းရေး သက်သက် မဟုတ်တော့ဟု လေ့လာသူများ ကသုံးသပ်”
၁၈ ဇူလိုင် ရန်ကုန် ၊ ၊Planet News (www.planet.com.mm)၊AFP
Indonesia Suspect Fugitives Terrorist in Bombing
ပြင်းထန်သော ဗုံးပေါက်ကွဲမှု နှစ်ခုကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် လူ(၉)ဦးထက်မနည်း သေဆုံးပြီး (၅၀)ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဂျကာတာမြို့တော်ရှိ ဟိုတယ်နှစ်ခုတွင် ပေါက်ကွဲခဲ့သော အင်အားပြင်းထန်သည့် ဗုံးများက ဟိုတယ်မှန်ပြူတင်းပေါက်များကို အစိတ်စိတ်အမြွှာမြွှာ ကွဲကြေကာ လမ်းမပေါ်တွင် ပြန့်ကြဲသွားစေခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့များနှင့် အကြမ်းဖက်မှု နှိမ်နင်းရေး တပ်ဖွဲ့များသည် မဲရီယော့တ်ဟိုတယ်နှင့် ရစ်ဇ်ဟိုတယ်တို့သို့ ချက်ချင်းရောက်သွားသော်လည်း အကြမ်းဖက်သမားဟု ယူဆရသူများကို မတွေ့ရတော့ချေ။

Continue reading “အင်ဒိုနီးရှားဟိုတယ်နှစ်ခုတွင် ပြင်းထန်သော ပေါက်ကွဲမှုများဖြစ်ပွား”