၂၀၁၀ ကို ပြန်ကြည့်သော်
၂၀၁၀ သည် ရက်များ စွာမကြာမှီမှာပင် ကမ္ဘာမြေကြီး အား နှုတ်ဆက် ထွက်ခွာ၍ သွားပေတော့မည်
ဖြစ်သည်။ ထောင်စု နှစ် တစ်ခု ၏ ပထမဦး ဆယ်စု နှစ် ဖြစ်သော ၂၀၁၀ ဆို သည့် ထို နှစ် ကာလသည် ကနဦး မိတ်ဆက် သဘောဖြင့် ဇန်န၀ါရီ လ ၁၂ ရက်နေ့ တွင် လူ့ အသက် ပေါင်း
နှစ်သိန်း ငါးသောင်း ကျော် ကို အစမ်း မိတ်ဆက် သဘော အနေဖြင့် နှုတ်ယူသွားခဲ့သည်။
၂၀၁၀ ခုနှစ် သည် ကမ္ဘာ တစ်ဝှမ်း ရှိ အစိုးရ များ တစ် နည်း မဟုတ် တစ်နည်း စိန်ခေါ်ခံရခြင်း(သို့ မဟုတ်) စိန်ခေါ်မှုများ နှင့် ရင်ဆိုင်ရသော နှစ် ကာလ တစ်ခု လည်း ဖြစ်သည်။ ကီရ်ဂျက်စတန်မှာ သည် ဘန်ကောက် ထိ
ပါရီ မှသည် ၀ါရှင်တန် ထိ အစိုးရများ သည် ပွင့်လင်း မြင် သာမှု နှင့် ပြောင်းလဲမှု များ အတွက် အစမ်းသပ် ခံဖြစ်ခဲ့ရသည်။
၂၀၁၀ တွင် ၀ီကီလိခ် ဆိုသည့် အကျိုးအမြတ် မယူသည့် အင်တာနက် လှုပ်ရှားမှု တစ်ခု က အမေရိကန် အစိုးရ၏ နိုင်ငံတကာသံရုံး များ ၏ သံတမန်များ ပေး စာ သိန်းပေါင်းများ စွာ ကို ဖွင့်ချ ဖော်ထုတ်သည့် လှုပ်ရှားမှု သည် မော်စကို မှ သည် တီဟီရန် ၊ နေပြည်တော် မှ သည် ၀ါရှင်တန် ထိ တုန် လှုပ် သွားခဲ့ရသည်။ Continue reading “၂၀၁၀ ကို ပြန်ကြည့်သော်”

ဝင့်ထန်း

ရဲကျော်အောင
အမည်မဖော်လိုသော မြန်မာ အရာရှိတစ်ဦးက ဩစတြေးလျသံအမတ်ကို ပြောကြားချက်ဖြစ်သည့် ‘မြန်မာ အစိုးရအနေဖြင့် နျူကလီးယား တည်ဆောက်မှုတွင် ရုရှားကို software ထရိန်နင်ပေးခြင်းကိုသာ အားကိုး အားထားပြုကြောင်း၊ ရုရှားက စီးပွားရေးဆန်ဆန်ပုံစံ ဆက်ဆံနေသဖြင့် သိပ်တိုးတက်မှုမရှိကြောင်း၊ မြန်မာ အစိုးရက တောင်းသလောက် နိုင်ကြောင်း ပါရှိသည်။ ထို့ကြောင့် hardware လုပ်ငန်း အကောင်အထည် ဖော်မှုများအတွက် မြောက်ကိုရီးယားနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း’ ဆိုသော သတင်းကိုလည်း အမေရိကန်သံရုံးကေဘယ်တွင် ပါရှိသည်။ 

Operation Pay Back စစ်ဆင်ရေးသည် ယနေ့  Pay Pal ကို စတင်တိုက်ခိုက်မည် ဟု သတင်း




