ဆုတ်ခွာသွားသည့် နအဖ စစ်တပ် တန်ဖိုးရှိ ပစ္စည်းများ ယူငင်ပြီး မြ၀တီ မြို့ ကို မြေလှန်ဖျက်ဆီးနေ

Burmese Election Turns Violent

နအဖ စစ်တပ်၏ ပေါ်တာဆွဲမှု ကြောင့် ထိုင်း နိုင်ငံ မဲဆောက် မြို့ သို့ တိမ်းရှောင်လာသည့် မြ၀တီ မြို့ မှ ဒုက္ခသည် များသည် နိုင်ငံတွင်းမှ နာဂစ်၊ဂီရိ သဘာဝဘေးဒုက္ခသည် များ ထက် ပိုမို သည့် နေထိုင်စားသောက်ရေး များ ကို ထိုင်းအစိုးရက ဖြည့်ဆည်းပေးထားသည်

အောင်မြင်၊             ၊ယမန်နေ့ ည၉နာရီထိ မြန်မာနိုင်ငံက ဒုက္ခသည်တွေဟာ နအဖစစ်အစိုးရဲ့ ရမ်းကားစွာ
လူနေအိမ်များကိုမီးတင်ရှို့ မှု၊ ပေါ်တာဆွဲမှုများကြောင့် ထိုင်းနိုင်ငံမဲဆောက်မြို့ ယာယီဒုက္ခသည်စခန်းသို့
ထွက်ပြေးလာနေကြဆဲလို့ FNG သတင်းထောက်များကသတင်းပေးပို့ ပါတယ်။

ဒီနေ့ မနက်မှာတော့ ထိုင်းနိုင်ငံယာယီဒုက္ခသည်စခန်းကို ထိုင်းနိုင်ငံ လူမှုရေ.အဖွဲ့အစည်းများ၊ မြန်မာလူမှုရေး
အဖွဲ့ များမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနေကြပါတယ်။ မဲဆောက်မြို့တော်ဝန် ကသစ်ဆမ်က
မဲဆောက်မြို့ သူမြို့သားများကိုအရေးပေါ်လူအား၊ငွေအားတတ်နိုင်သည်များကိုကူညီကြရန်ပန်ကြားထား
ကြောင်းသိရပါတယ်။ Continue reading “ဆုတ်ခွာသွားသည့် နအဖ စစ်တပ် တန်ဖိုးရှိ ပစ္စည်းများ ယူငင်ပြီး မြ၀တီ မြို့ ကို မြေလှန်ဖျက်ဆီးနေ”

နေပြည်တော် အထူးအစည်းအဝေး ၏ ဆုံးဖြတ်ချက်အရ လွှတ်တော် ခေါ်ယူခြင်း နှင့် အစိုးရ ဖွဲ့ ခြင်း ကို အကန့် အသတ် မရှိ ရွှေ့ ဆိုင်းမည်

လွှတ်တော် ကို ခေါ်ချင်လည်း ခေါ်မယ်၊ ခေါ်ချင်မှ လည်း ခေါ်မယ် ၊မခေါ်ချင် လည်း မခေါ်ဘူး ဆို သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နိုဝင်ဘာ ၇ ရက်နေ့ က နေပြည်တော် ပုဗ္ဗသီရိ မဲဆန္ဓ နယ် ၁ တွင် မဲပေး နေစဉ် ဓာတ်ပုံ-ရိုက်တာ

တင်ကျော်ကျော်စိုး ၊                   ၊လက်ရှိ နိုင်ငံတွင်း ပြည်တွင်းစစ် အခြေအနေကြောင့် ရွေးကောက်ပွဲ ရလာဒ် ပေါ်ထွက်
လာသော် လည်းလွှတ်တော် ခေါ်ယူခြင်း  နှင့် အစိုးရ ဖွဲ့ ခြင်း ကို အကန့် အသတ် မရှိ ရွှေ့ ဆိုင်းမည် ဟု နေပြည်တော် သတင်း
ရပ်ကွက် က FNG သို့ ပြောသည်။

ရွေးကောက် ပွဲ တွင် လက်ရှိ စစ်အစိုးရက ကျောထောက် နောက်ခံ ပေးသည့် ကြံ့ဖွံ့ ပါတီ အနိုင်ရရှိသော်
လည်း နိုင်ငံ အေးချမ်းသာ ယာပြီး ခြေခင်း လက်ခင်း သာသော နေ့ တွင် မှ လွှတ်တော် ခေါ်ယူခြင်း ၊အစိုး
ရဖွဲ့ ခြင်း နှင့် အာဏာ လွှဲပြောင်း ခြင်းတို့ ကို ဆောင်ရွက်တော့ မည်ဖြစ်ကြောင်း ယမန် နေ့ ညက နေပြည်
တော်တွင် ပြုလုပ် ခဲသည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အပါအ၀င် စစ်ခေါင်းဆောင် များ အထူးအရေးပေါ်
အစည်း အဝေးက ထိုကဲ့ သို့ ဆုံးဖြတ် လိုက်သည် ဟု သတင်းရရှိသည်။ Continue reading “နေပြည်တော် အထူးအစည်းအဝေး ၏ ဆုံးဖြတ်ချက်အရ လွှတ်တော် ခေါ်ယူခြင်း နှင့် အစိုးရ ဖွဲ့ ခြင်း ကို အကန့် အသတ် မရှိ ရွှေ့ ဆိုင်းမည်”

ကမ္ဘာ အေးဘုရား လမ်းပေါ်ရှိ အောင်သိန်း လင်း အိမ် ချီးထုပ် များ ဖြင့် အပေါက်ခံရ

ကမ္ဘာအေးဘုရား လမ်း နှင့် ဆရာစံ လမ်းထောင့်ရှိ ရန်ကုန်မြို့ တော်ဝန် ဗိုလ်မှုးချုပ် အောင်သိန်းလင်း
၏ နေအိမ်ရှေ့ သို့ ယနေ့ ည ၈ နာရီ အချိန် ခန့် မှာ ဆန်နီ ပစ်ကပ် ကား ငယ် နှစ် စီးပေါ်မှ အသင့်
ပါလာသည့် ချီးထုပ် များ ဖြင့် ပစ်ပေါက်သွား ကြာရ ပူပူနွေးနွေး အနိုင်ရ ကြံ့ဖွံ့ အမတ် ကြီး ၏ အိမ်ရှေ့
တွင် ချီးများ ဖြင့် ပေကျံနေ သည် ဟု သတင်းရရှိ သည်။ Continue reading “ကမ္ဘာ အေးဘုရား လမ်းပေါ်ရှိ အောင်သိန်း လင်း အိမ် ချီးထုပ် များ ဖြင့် အပေါက်ခံရ”

ရန်ကုန်တွင် ကုန်ဈေးနှုန်း ဆယ်စ ခုန်တက် ၊ နယ်စပ် မြို့ များ မီးဟုန်းဟုန်းတောက်နေ

Gunbattles erupt after rare Myanmar election

ဘုရား သုံး ဆူမြို့ DKBA လက်ထဲကျ (ည ၉း၀၀ သတင်း)
မြ၀တီ မြို့ တွင် အစိုးရ ရုံးများ မီးဟုန်းဟုန်း တောက် နေသည် ကို မဲဆောက်မြို့ မှ
ပင်တွေ့ မြင်ရ ( ည ၂၁း၃၀ သတင်း)

မြန်မာ နိုင်ငံရေး လှုပ်ရှား သူများ မြ၀တီ မြို့ တွင်း ရောက်ရှိ (ည ၂၁း ၁၅ သတင်း)

မြန်မာရွေးကောက်ပွဲ နှင့် ပြည်တွင်းစစ် သတင်းများ အား ရိုက်တာ သတင်းဌာန မှ တိုက်ရိုက်ထုတ်လွှင့်မှု ကို
ဤနေရာတွင် ကလစ်နှိပ် ၍ကြည့်ပါ
ထိုင်း-မြန်မာ နယ်စပ် မြို့ များဖြစ်သည့် မြ၀တီ မြို့ - ဘုရားသုံးဆူမြို့ တွင် ဒီမိုကရတ်တစ် ကရင် ဗုဒ္ဓဘာသာ သာ တပ်မတော် နှင့် နအဖ စစ်တပ် များ အပြန်အလှန် ပစ်ခတ်မှု ကြောင့် ရန်ကုန် တွင် ကုန်ဈေးနှုန်း များ ချက်ခြင်း ဆို သလို မိုးပေါ်ထောင် တက်ခဲ့သည့် ။ပုံတွင် လက်နကကြီး ကျဉ် ကျရောက်မှု ကြောင့် မြန်မာနိုင်ငံဘက် သို့ ခြောက် လှန့် ပစ်ခတ်နေသည့် ထိုင်းစစ်သားများ Photo- AFP

ရွေးကောက်ပွဲ ရလာဒ် ပြည်သူက မကျေနပ်မှု နှင့် ပြန်လည် နိုးထ လာသည့် ပြည်တွင်းစစ်မီး
ကြောင့် နအဖ စစ်အစိုးရသည်  ဝေါ၊မော်လမြိုင် နှင့် ဘားအံ တွင် ညမထွက်ရ အမိန့် များ ထုတ်
ပြန်ထားသည်။

ရွေးကောက် ပွဲ ရလာဒ် သပိတ်မှောက် ရန် စီစဉ် ထားမှု နှင့် နယ်စပ် ကုန်သွယ်ရေး တွင် အရေးပါ
သည့် မြ၀တီ မြို့ DKBA လက်တွင်း ကျရောက် ခဲ့မှု ကြောင့် ရန်ကုန် မြို့ တွင် အခြေခံစားကုန် ဈေး
နှုန်းများ ချက်ခြင်း ခုန် တက်သွားသည်။ Continue reading “ရန်ကုန်တွင် ကုန်ဈေးနှုန်း ဆယ်စ ခုန်တက် ၊ နယ်စပ် မြို့ များ မီးဟုန်းဟုန်းတောက်နေ”

စစ်ပွဲ ကြောင့် မြန်မာ ဘက်မှ ဒုက္ခသည် ရှစ်ထောင် ကျော် ထိုင်းဘက်သို့ ထွက်ပြေး

ပြန်လည် ပစ်ခတ်ရန် အသင့်နေရာ ယူထား သည့် ထိုင်းစစ်သားများ Photo-Reuters

အောင်မြင်၊        ၊နေ့လည် ၁၂ နာရီဝန်းကျင် တွင် ထိုင်းနိုင်ငံဘက်ခြမ်းတွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည် ၈၀၀၀ကျော်ခန့်နေထိုင်ရာမြန်မာတို့ခေါ်သည့်ထိုင်းဘုန်းကြီးကျောင်းကိုကျော်ပြီးလက်နက်ကြီး၂လုံးကျရောက်ပေါက်ကွဲခဲ့သည်။
ထိုလက်နက်ကြီး၂လုံးသည်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက်ဖွင့်လှစ်ထားသောနေ့သစ်ကျောင်းအတွင်းဝင်းကျရောက်ပေါက်
ကွဲခဲ့သည်။ပေါက်ကွဲရာနေရာသို့ထိုင်းစစ်တပ်ချက်ခြင်းရောက်လာပြီးကျောင်းသားများကိုလှုံခြုံရာသို့ရွှေ့ပြောင်းပေးခဲ့သည်။ထိုင်းမြန်မာ
ချစ်ကြည်ရေးတံတား သို့သွားရာလမ်းတလျောက်တွင် ထိုင်းရဲများအပြည့်ချထား ပြီး မြန်မာဘက်သို့ အသွားအလာများ  အားလုံးပိတ်ထားလိုက်သည်။ Continue reading “စစ်ပွဲ ကြောင့် မြန်မာ ဘက်မှ ဒုက္ခသည် ရှစ်ထောင် ကျော် ထိုင်းဘက်သို့ ထွက်ပြေး”

နအဖ ၏ ကြိုတင်ကြံစည် မဲမသမာမှု များကြောင့် နိုင်ငံရေး ပါတီ များ နှင့် ပြည်သူတို့ လမ်းပေါ်ထွက်တော့ မည်

မဲပေးရန် လာသူများ ကို ကြံ့ဖွံ့ က ခြိမ်းခြောက်မဲပေးခိုင်းမှု များ ရှိသည်

ဟိန်းခိုင်ထွန်း ၊          ၊စစ်အာဏာရှင် က ကျောထောက်နောက်ခံပေး ထားသည့် အကြမ်းဖက်
အဖွဲ့ အစည်း တစ်ခုဖြစ်သော ကြံ့ဖွံ့ အဖွဲ့ က နိုဝင်ဘာလ ၇ ရက်နေ့ က ကျင်းပ ခဲ့သည့် ရွေးကောက်ပွဲ
တွင် နည်းမျိုး စုံ နှင့် မဲ မသမာ မှု များ သုံးခဲ့ မှု များ ကြောင့် ပြိုင်ဘက် ပါတီ ကိုယ်စားလှယ် လောင်း
များ ရှုံး နိမ့် ခဲ့ရသည်ဟု ရန်ကုန် မြို့ မှ မဲ ရုံ မှုး တစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “နအဖ ၏ ကြိုတင်ကြံစည် မဲမသမာမှု များကြောင့် နိုင်ငံရေး ပါတီ များ နှင့် ပြည်သူတို့ လမ်းပေါ်ထွက်တော့ မည်”

DKBA ဗိုလ်မှုးချုပ် စောလားပွယ် ၏ တပ်ဖွဲ့ ဝင်များ မြ၀တီ မြို့ ၏ အရေးပါသည့် နေရာများ နှင့် ထက်ဝက်ကျော် ကိုသိမ်းမိ

Fighting on Thai-Myanmar border spills over into Thailand

လက်နက် ကြိးများ ထိုင်း နိုင်ငံထဲ ထပ်မံကျရောက် လျှင် မြန်မာ နိုင်ငံဘက်သို့ ပြန်လည်ပစ်
ခတ်ရမည် ဟု ထိုင်း စစ်တိုင်းမှုး အမိန့် ပေး

မြ၀တီ ဘက်ကမ်းတွင် ပစ်ခတ်မှုများကြောင့် ထိုင်း စစ်သားများ အသင့်နေရာယူနေရစဉ်

မြန်မာ စစ်တပ်မှ ပစ်လိုက်သည့် လက်နက်ကြီး ကျဉ် ထိုင်းနိုင်ငံထဲ သို့ ကျရောက်ပေါက်ကွဲစဉ်

နေ့ လည် ၁း၁၀ ထိုင်းလူမျိုးသုံး ဦး လက်နက်ကြီး ကျဉ်ထိ မှန် မှု ကြောင့် ပြင်းထန် စွာ ဒဏ်ရာရ

“The Thai army will retaliate with heavy weapons if the situation is out of control and affect Thai people,”
Col Supachoke said.

နေ့ လည် ၁း၀၀ ထိုင်း ပြည်သူများ ထိမှန် မှု ကြောင့် ထိုင်း အမှတ် ၅ ခြေမြန်တပ်ရင်းမှ ဆူပါချော့ကီ သာဝတ် ပီရာချိုင်း နှင့်
အဖွဲ့ လာရောက် တပ်ဆွဲ
၁၁း၀၀ မြ၀တီ မြို့ တွင်း တိုက်ပွဲ များ ပိုမိုပြင်းထန် လာ  နေပြည်တော် မှ ဓာတု လက်နက် တင်ဆောင် လာသည့်
ရဟတ် ယာဉ် မြ၀တီ မြို့ သို့ ရောက် ရှိ ဟု ထိုင်း ထောက်လှမ်းရေး အရာရှိ တစ်ဦးက FNG သို့ ပြော
၁၀း၄၅
မြ၀တီမှာ ယောက်ကျားတွေအားလုံးပြေးရပြီ စစ်တပ်က ပေါ်တာအတွက် လိုက်လံဖမ်းဆီးနေ

နံနက် ၁၀း၃၅ ဒီကေဘီအေ တပ်ဖွဲ့ ဝင်လေးဦး မဲဆောက်ဆေးရုံရောက်-မြ၀တီ ခယက ဥက္ကဌ အား DKBA အဖွဲ့ ဝင်များ
ဖမ်းဆီးထား (မြ၀တီ – ကော့ကရိတ် ကားလမ်း ရှိ တံတားများကို ချိုး ပြီး စစ်တပ် က ဆုတ်ခွာ)

Updated နံနက် ၁၀း၃၀ မြ၀တီ-မဲဆောက် နှစ်မြို့ လုံး မှ စာသင်ကျောင်းများ စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်း

ထိုင်-မြန်မာ နယ်စပ် ကရင် ပြည်နယ် မြ၀တီ မြို့ အား DKBA ဗိုလ်မှုး ချုပ် စောလားပွယ် (နှုတ်ခမ်းမွေး) ၏တပ်များ
က ၀င်ရောက်သိမ်းပိုက် မှု ကြောင်း ယနေ့ မနက် ၉း၃၀ အချိန် တွင် နှစ်ဖက် တပ်များ အပြန်အလှန် ပစ်ခတ်မှု
များ ဖြစ်ပွားရာ မြ၀တီ မြို့ မှာ လက်နက်ကြီး ကျဉ် ပေါက်ကွဲ သံများ ၊သေနတ် ပစ်ခတ် သံများ ဖြင့် ဆူညံနေပြီး
သင်္ကန်းညီနောင် တွင် မူ နအဖ စစ်တပ် က အပြစ်မဲ့ ပြည်သူများ ကို ဓားစားခံ လုပ်ထား သည် ဟု သိရှိရသည်။ Continue reading “DKBA ဗိုလ်မှုးချုပ် စောလားပွယ် ၏ တပ်ဖွဲ့ ဝင်များ မြ၀တီ မြို့ ၏ အရေးပါသည့် နေရာများ နှင့် ထက်ဝက်ကျော် ကိုသိမ်းမိ”

၂၀၁၀ နိုဝင်ဘာ ၇ ရွေးကောက်ပွဲ တိုက်ရိုက် တင်ဆက်မှု

မြန်မာရွေးကောက်ပွဲ အား ရိုက်တာ သတင်းဌာန မှ တိုက်ရိုက်ထုတ်လွှင့်မှု အား ဤနေရာတွင် ကလစ်နှိပ်၍ကြည့်ရှု နိုင်သည်

ည ၁၂း၀၀ NDF ပြည်သူ့လွှတ်တော် မြောက်ဥက္ကလာပမဲဆန္ဒနယ်၌ ဒေါက်တာသန်းဝင်းက လည်းကောင်း၊ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် NDF ပါတီ ဒေါ်ခင်ဝိုင်းကြည် ကလည်းကောင်း၊ မြောက်ဥက္ကလာပ တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာတွင် ဦးသက်ထွန်းမောင်နှင့် ဦးအောင်ဆန်းဝင်းတို့ နှစ်ဦးစလုံး အနိုင်ရရှိ။
ဒေါက်တာသန်းဝင်းမှာ ၁၉၉၀ ရွေးကောက်ပွဲတွင်လည်း အရွေးချယ်ခံခဲ့ ပြည့်သူ့ လွှတ်တော် ကိုယ်စားလှယ် လောင်းလဲ ဖြစ်သည်။

ည၁၀း၄၅ တာမွေ တွင် ကြံ့ဖွံ့ အမတ် ဒေါ်လဲ့လဲ့ ၀င်းဆွေ ရှုံး နိမ့်
ည ၁၀း၃၀
ပုဇွန် တောင် တွင် NDF အမတ် ဦးအောင်ဇင် အနိုင်ရရှိ Continue reading “၂၀၁၀ နိုဝင်ဘာ ၇ ရွေးကောက်ပွဲ တိုက်ရိုက် တင်ဆက်မှု”

ထပ်မံရိုက်ကူးမည့် Batman ဇာတ်ကားတွင် မြန်မာ နိုင်ငံ ၏ ကိုယ်ခံပညာ အစွမ်းများ ကို ထည့်သွင်း ရိုက်ကူးမည်

ထပ်မံ ရိုက်ကူးမည့် လင်း နို့ လူသား (Batman ) ဇာတ်
လမ်းတွဲ တစ်ခုဖြစ်သည့် The Dark Knight
Rise တွင် မြန်မာ လူမျိုး တို့ ၏ တုတ်ပြီး၊ ဓားပြီး ကိုယ်ခံ
အစွမ်းများ ထပ်မံ ထည့် သွင်း ရိုက်ကူးမည် ဟု
FNG မှ သတင်း ရရှိသည်။

၂၀၀၈ ခုနှစ် က ဒါရိုက်တာ ခရစ္စတို ဖာနိုလန် ရိုက်
ကူးခဲ့သည့် Bat Man ဇာတ်လမ်းတွဲ တစ်ခုဖြစ်သည့်
The Dark Knight တွင် ဘရုစ်ဝိန်း(Bat Man)၏
အကြံပေး ပညာရှင် တစ်ဦး ဖြစ်သည့် အယ်(လ)
ဖရက်(ဒ) ပိုင်နီဝါတ် က သူသည် မြန်မာ နိုင်ငံဉ်
သွားရောက် အလုပ်ခဲ့ဖူး ပြီး ကျောက်မျက်ရတနာ
များ ရရှိခဲ့သော် လည်း မျက်နှာဖုံး စွပ် ဓားပြ များ
လုယက် သွား သောကြောင့် ဆုံးရှုံး ခဲ့ရသည် ဟု
ပါရှိ ခဲ့သည်။ Continue reading “ထပ်မံရိုက်ကူးမည့် Batman ဇာတ်ကားတွင် မြန်မာ နိုင်ငံ ၏ ကိုယ်ခံပညာ အစွမ်းများ ကို ထည့်သွင်း ရိုက်ကူးမည်”

ကြံ့ဖွံ့  အနိုင်ရလျှင် စစ်တပ်ကို အံတု နိုင်ဟု အမေရိကန် ပညာရှင်များခန့် မှန်း

ယနေ့ နံနက် ၇ နာရီ တွင် မဲရုံများ မဖွင့် လှစ်ခင် မဲပုံးများ ကို စစ်ဆေးနေ သည့် မဲရုံမှုးများ

သီရိထက်၊                 ၊စစ်အစိုးရက ကျောထောက်နောက်ခံ ပေးပြီး သည့် ကြံ့ဖွံ့ ပါတီ သည် အာဏာရရှိ
လာလျှင် ဇာတိပြလာမည် ဖြစ်ကြောင်း ဂျော့ဝါရှင်တန် တက္ကသိုလ် မှာ ခေတ်သစ်သမိုင်း ပါမောက္ခ တစ်ဦးဖြစ်သူ ဂျဖ်
ဘရီရောဖ် က FNG သို့ ပြောသည်။ နိုင်ငံရေးခံယူချက် များ ၊ ရည်မှန်း ချက် နှင့် အယူအဆ များ ဖြင့်
သန္ဓေတည် လာခြင်း မဟုတ်ပဲအုပ်စုလိုက် ရမ်းကားခြင်း (Mobster) ပုံစံ ဖြင့် မွေးဖွား လာခြင်း ကြောင့်
နိုင်ငံအတွက် ပါ အန္တရာယ်ာရှိ လာ နိုင်သည် ဟု ပါမေက္ခက သုံးသပ်သည်။ Continue reading “ကြံ့ဖွံ့  အနိုင်ရလျှင် စစ်တပ်ကို အံတု နိုင်ဟု အမေရိကန် ပညာရှင်များခန့် မှန်း”

ကြံ့ဖွတ် အနိုင်ယူလျှင် ရွေးကောက် ပွဲ ရလာဒ် ကို သပိတ်မှောက်မည် ဟု ပါတီ များ ပြော

Continue reading ကြံ့ဖွတ် အနိုင်ယူလျှင် ရွေးကောက် ပွဲ ရလာဒ် ကို သပိတ်မှောက်မည် ဟု ပါတီ များ ပြော

Rate this:

မိခင်နှင့်တွေ့ဖို့ ကမ်အဲရစ် ဗီဇာရရန်ကြိုးပမ်း

ရန်ကုန်၊အေပီ။ နိုဝင်ဘာ ၅ရက်၊၂၀၁၀။

အောင်မြင်၊          ၊( ၁၀ )စုနှစ်တစုအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ၂ ယောက်အနက် တယောက်ဖြစ်သူ
ကမ်အဲရစ်သည် မိခင်ဖြစ်သူနှင့် တွေ့ဆုံဖို့ မြန်မာပြည်ပြည်ဝင်ခွင့် ရရှိဖို့ ကြိုးစားနေကြောင်း အေပီ သတင်းစာမျက်နှာ
ဖေါ်ပြထားပါတယ်။ ဒေါ်အောင်ဆန်းကြည်ဟာ ရွေးကောက်ပွဲအပြီးတပါတ်အကြာမှာ လွတ်ရက်စေ့ လွတ်မြောက်နိုင်
ဖွယ်ရှိတာကြောင့် မိခင်နှင့် တွေ့ဆုံရန်ဖြစ်နိုင်ကြောင်း သံတမန်အသိုင်းအ၀ိုင်း ထင်မြင်ချက်ပေးပါတယ်။ Continue reading “မိခင်နှင့်တွေ့ဖို့ ကမ်အဲရစ် ဗီဇာရရန်ကြိုးပမ်း”

“အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားရိုက်ကူးသည့် ဒါရိုက်တာ တင်သန်းဦး ကွယ်လွန်

ခောတ်သစ်မြန်မာ့ သမိုင်းအား အဖြစ်မှန် များ မှ သွေဖည် ရိုက်ကူးခဲ့သည့် စစ်အစိုးရ ၀ါဒဖြန့် ချိရေး
ရုပ်ရှင်အတတ်ပညာရှင် တစ်ဦး ဖြစ်သည့် ဒါရိုက်တာ တင်သန်းဦး သည် ယနေ့ နေ့ လည် ၂ နာရီအချိန်
ခန့် တွင် ရန်ကုန် မြို့ မင်္ဂလာဒုံ စစ်ဆးရုံ တွင် ကွယ်လွန် ခဲ့သည် ဟု သတင်းရရှိသည်။ Continue reading ““အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားရိုက်ကူးသည့် ဒါရိုက်တာ တင်သန်းဦး ကွယ်လွန်”

အော်စကာ ဆုချိန် နိုင်သည့် ကလင့်အိတ်(စ)၀ုဒ် ၏ Hereafter ဇာတ်ကားတွင် မင်းဝေအောင် ၏ ပန်းချီကား အဓိက သင်္ကေတ ပြကွက် အဖြစ် အသုံးပြု

Hereafter ဇာတ်ကားတွင် အသုံးပြူထားသည့် မင်းဝေ အောင်၏ ပန်းချီကား

Unforgiven(1992) ဇတ်ကားဖြင့် အကောင်းဆုံးဇာတ်ကားဆု၊အကောင်းဆုံးသရုပ်ဆောင်ဆု၊
အကောင်းဆုံး ဒါရိုက်တာ ဆုများ ရရှိခဲ့သည့် ပြင် Mystic River, Million Dollar Baby,
Letter From Iwo Jima ဇတ်ကားတို့ ဖြင့် အော်စကာ ဆု နှင့် ရွှေကမ္ဘာ လုံးဆုများ ရရှိခဲ့သည့်
ဒါရိုက်တာနှင့်သရုပ်ဆောင် ကလင့်အိတ်(စ)၀ုဒ် Here after ဇာတ်ကား တွင် မြန်မာ ပန်းချီဆရာ
မင်းဝေအောင် ၏ နံနက်ခင်း ဆွမ်းခံကြွှချိန် ပန်းချီကား ကို အဓိက နေရာမှထည့် သွင်း အသုံး ပြုထားသည်။ Continue reading “အော်စကာ ဆုချိန် နိုင်သည့် ကလင့်အိတ်(စ)၀ုဒ် ၏ Hereafter ဇာတ်ကားတွင် မင်းဝေအောင် ၏ ပန်းချီကား အဓိက သင်္ကေတ ပြကွက် အဖြစ် အသုံးပြု”