မြောက်ကိုးရီးယား ထံမှ နအဖ စစ်အစိုးရ ညူလက်နက် နည်းပညာ နှင့် ဆက်စပ် ပစ္စည်း ၀ယ်ယူကြောင်း ကုလ ၄၅ မျက်နှာ အစီရင်ခံစာထုတ်ပြန်

အောင်မြင်၊            ၊ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစီအရင်ခံစာတစောင်မှာ မြောက်ကိုရီး ယားဟာနျူကလီးယားနည်းပညာနဲ့ စွမ်းအားပြင်းဒုံးကျည်တွေကိုအာဏရှင်နိုင်ငံတွေဆီကို ရောင်းချနေကြောင်းစွပ်စွဲ လိုက်ကြောင်း စီအင်အင်သတင်းဌာနမှဖေါ်ပြထားပါတယ်။ အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့စုံစမ်းရေးအဖွဲ့ ဟာ ၇၅မျက်နှာပါတဲ့ အစီရင်ခံစာတစောင်ကို တင်ခဲ့ပါ တယ်။ အဆိုပါအစီရင်ခံစာမှာမြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားနည်းပညာနဲ့ စွမ်း အားပြင်းဒုံးကျည်တွေကို အန္တရာယ်အရှိဆုံးလို့ သတ်မှတ်ခံထားရတဲ့ အီရန်၊ဆီရီးယားနဲ့ မြန်မာနိုင်ငံတို့ကိုတင်ပို့ရောင်းချခဲ့ကြောင်း ကိုအလေးပေးဖေါ်ပြပြီး အရေးယူဆောင်ရွက်ရန် တင်ပြထားပါတယ်။ ဒီအစီရင်ခံစာကို ဒီအပါတ်ထဲမှာထုတ်ပြန်နိုင်ခဲ့ရတာဟာ တရုပ်အစိုးရဲ့ ပူးပေါင်း သတင်းပေးဆောင်ရွက်မှု ၆ လလောက်နောက်ကျခဲမှု့ကြောင့် လို့တင်ပြထားပါတယ်။ တရုပ်နိုင်ငံ ဟာ မြောက်ကိုရီးယားနဲ့ချစ်ခင်ရင်းနှီးလှပြီး သံတမန်ရေးနီးနီးကပ်ရှိလွန်း လှတာကြောင့်မြောက်ကိုရီးယားပြသနာကိုနှေင့်နှေးအောင်ပြုလုပ်ထားကြောင်းသိရပါတယ်။ သံတမန်ရဲ့ပြောပြချက်ကတော့ ဖြစ်စဉ်အကျဉ်းတွေကိုတောင် ပြောပြလိုခြင်းမရှိဘူးလို့ ပါရှိပါတယ်။ ကျွမ်းကျင်သူရဲ့ တင်ပြချက်ထဲမှာတော့ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ စီးပွားရေးပိတ် ဆို့မှုကြောင့် ပြည်ပနဲ့ ကုန်သွယ်မှုမရှိပါဘူး။ ရှဲကုမ္မဏီကနေ မြောက်ကိုရီးယားနိုင်ငံအတွက် အခြေခံလိုအပ်တဲ့ စက်ပစ္စည်းတွေတင်သွင်းပြီး မြောက်ကိုရီးယား ထွက်ကုန်နဲ့ဖလှယ် တဲ့စနစ်မို့ နိုင်ငံခြားငွေကြေးမရရှိပါဘူး။ မြောက်ကိုရီးယားနိုင်ငံဟာနိုင်ငံခြားငွေရရှိဖို့အတွက် စစ်လက်နက်ပစ္စည်းများ၊ နျူကလီးယားနည်းပညာတွေကို ပြည်ပနိုင်ငံတွေဆီရောင်းချ … Continue reading မြောက်ကိုးရီးယား ထံမှ နအဖ စစ်အစိုးရ ညူလက်နက် နည်းပညာ နှင့် ဆက်စပ် ပစ္စည်း ၀ယ်ယူကြောင်း ကုလ ၄၅ မျက်နှာ အစီရင်ခံစာထုတ်ပြန်

Rate this:

သြစတေးလျှ ရုပ်သံမှ မှတ်တမ်းရုပ်ရှင် ရိုက်ကူးရေးအဖွဲ့ မြန်မာ နိုင်ငံတွင်းပျောက်ဆုံးနေ

သြစတေးလျှ အသံလွှင့် ကော်ပိုရေးရှင်းမှ မှတ်တမ်း ရုပ်ရှင် ရိုက်ကူးရန် အတွက် မြန်မာ နိုင်ငံ
တွင်း ရောက်ရှိ နေကြသည့် ဟူရ် ပက်ပါ နှင့် အဖွဲ့ သည် ယမန်နေ့ ညကတည်းက ပျောက်ဆုံး
နေသည် ဟု သတင်းရရှိသည်။ Continue reading “သြစတေးလျှ ရုပ်သံမှ မှတ်တမ်းရုပ်ရှင် ရိုက်ကူးရေးအဖွဲ့ မြန်မာ နိုင်ငံတွင်းပျောက်ဆုံးနေ”

ဒေါ်အောင်ဆန်းစုကြည် အယူခံ ပယ်ချခံရ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ် ချမှတ်ထားသည့်
့ပြစ်ဒဏ်ကို ပြင်ဆင် ပြောင်းလဲရန် အယူခံလွှာ တင်ခြင်း ကို နေပြည်တော် တရား ရုံးချုပ် က ပယ်ချ
လိုက်သည် ဟု သတင်းရရှိသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် အယူခံ ပယ်ချခံရ”

မြန်မာ နိုင်ငံ၏ ပကတိအခြေအနေသည် ဒေသတွင်း နိုင်ငံများ၏ လုံခြုံရေး အတွက်ပါ စိုးရိမ်ဖွယ်ရာ ဖြစ်နေ၍ အမေရိကန် ရေတပ် အုပ်စု မြန်မာ့ ရေပိုင်နက် နားတွင် အသင့်ရှိနေတော့မည်

မြန်မာ နိုင်ငံ ၏ ရွေးကောက်ပွဲလွန် ကာလ အခြေအနေများသည် ဒေသတွင်း နိုင်ငံများ ၏ လုံခြုံ
ရေး အတွက် ပါ စိုးရိမ် ဖွယ်ရာ ဖြစ်နေ သဖြင့် ထိုင်း ရေပိုင် နက် အတွင်း နှင့်တောင်တရုတ် ပင်လယ်
တွင် ရှိနေသော အမေရိကန် စစ်သင်္ဘော အချို့ သည် မြန်မာ ရေပိုင် နက် အနီးတွင် မကြာခဏ
ကင်းလှည့်ပြီး အသင့်အနေအထား ရှိနေတော့ မည် ဖြစ်ကြောင်း ထိုင်းဘုရင့်တပ်မတော် မှအကြီး
တန်း အရာရှိ တစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “မြန်မာ နိုင်ငံ၏ ပကတိအခြေအနေသည် ဒေသတွင်း နိုင်ငံများ၏ လုံခြုံရေး အတွက်ပါ စိုးရိမ်ဖွယ်ရာ ဖြစ်နေ၍ အမေရိကန် ရေတပ် အုပ်စု မြန်မာ့ ရေပိုင်နက် နားတွင် အသင့်ရှိနေတော့မည်”

ဗြိတိန် အာဏာရ ပါတီ ဌာနချုပ် အား ကျောင်းသားများ ၀င်စီး

အခွန်အတုပ် တိုးမြှင့် ကောက်ခံသော ကွန်ဆာဗေးတစ် အစိုးရ၏ ပါတီ ဌာနချုပ်မှ အလံ ကို ကျောင်းသား များ က ဖြုတ်ချပြီး မင်းမလို ၀ါဒ အလံ လွှင့်ထူနေစဉ်

ဗြိတိန် အာဏာရ ကွန်ဆာဗေးတစ် ပါတီ ဌာနချုပ် ကို ချိုးဖောက်ဝင်ရောက် ပြီး ဆန္ဒပြခဲ့သည့်
ကျောင်းသား ၃၂ ဦး ကို  လန်ဒန် ရဲတပ် ဖွဲ့ ကဖမ်းဆီးထားသည် ဟု FNG ကသတင်းရရှိသည်။
ကွန်ဆာဗေးတစ် ပါတီ အာဏာရပြီး နောက် တက္ကသိုလ် ကျောင်းသား များ ၏ ကျောင်းလ ခများ
ကို တိုးမြှင့် ကောက်ခံရာမှ လန်ဒန် နှင့် အခြား မြို့ များ မှ ကျောင်း သားများ စုရုံးပြီး လန်ဒန် မြို့ ရှိ
ကွန် ဆာဗေးတစ် ပါတီ ရုံးစိုက်ရာ မီလီဘန့် တာဝါ ရှေ့ တွင် ဆန္ဒပြကြ ခြင်းဖြစ်သည်။ Continue reading “ဗြိတိန် အာဏာရ ပါတီ ဌာနချုပ် အား ကျောင်းသားများ ၀င်စီး”

သူမ လွတ်လာလျှင် ရွေးကောက်ပွဲ မသမာမှု ကို စုံစမ်းဖော်ထုတ်ရန် ကူညီမည် ဟု ဒေါ်အောင်ဆန်းစုကြည် ကပြော

Myanmar opposition: Aung San Suu Kyi set to probe election fraud after release from detention

ပြန်လည်လွတ်မြောက်လာလျှင် လုပ်ဖော်ကိုင်ဖက်များ အပြင် အခြားနိုင်ငံရေး ပါတီ များပါ ရွေးကောက်ပွဲဉ် မသမာ လုပ်ခံရမှုကို စုံစမ်းဖော်ထုတ်သွားမည်ဖြစ်သည်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ ပြန်လည် လွတ်မြောက်လာလျှင်
မိတ်ဆွေ လုပ်ဖော် ကိုင်ဖက် များ အားရွေးကောက်ပွဲ တွင် ပြိုင်ဘက် ပါတီ များ က မသမာ သောနည်းကို
သုံး ၍ မဲလိမ်ခံရခြင်း ကို ကူညီစုံစမ်းဖော်ထုတ် ဖြေရှင်း ပေးသွား မည် ဟု ပြောကြားသည် ဟု ဒေလီး
တယ်လီဂရဖ် သတင်းစာ တွင် ဖော်ပြထားသည်။ Continue reading “သူမ လွတ်လာလျှင် ရွေးကောက်ပွဲ မသမာမှု ကို စုံစမ်းဖော်ထုတ်ရန် ကူညီမည် ဟု ဒေါ်အောင်ဆန်းစုကြည် ကပြော”

ဘုရားသုံးဆူမြို့ တွင် တိုက်ပွဲ များ ဆက်လက်ဖြစ်ပွား၊မြ၀တီ ဒုက္ခသည်များ မဲဆောက်တွင် အခက်ကြုံနေ

နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ခြောက် နာရီ နောက် ဆုံးရရှိတဲ့ သတင်းများ အရ ကရင်ပြည်
နယ် နယ်စပ်မြို့ တစ်ခု ဖြစ်တဲ့ ဘုရားသုံးဆူ မှာ တိုက်ပွဲ တွေ ဆက်လက် ဖြစ်ပွားနေတာကြောင့်
ဒေသ ခံတွေ ဟာ ထိုင်း နိုင်ငံ ဘက်ခြမ်းက ရွာတွေ မှာ ပြေးဝင် ခိုလှုံနေရဆဲ ဖြစ်ပါတယ်။ Continue reading “ဘုရားသုံးဆူမြို့ တွင် တိုက်ပွဲ များ ဆက်လက်ဖြစ်ပွား၊မြ၀တီ ဒုက္ခသည်များ မဲဆောက်တွင် အခက်ကြုံနေ”

စစ်ပွဲများကြောင့် မွန်နှင့် ကရင် လူမျိုးများ ထပ်မံထွက်ပြေးလာနေ

ဘန်ကောက်ပို့စ်၊ အွန်လိုင်းသတင်း။ ၁၀နိုဝင်ဘာ ၂၀၁၀၊ နံနက် ၁၁ နာရီ။

အောင်မြင်။       ။ မြန်မာစစ်တပ်နှင့် ကရင်တော်လှန်ရေး
တပ်ဖွဲ့ တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေမှုကြောင့် တိုက်ပွဲများ
ကြားတွင် ရှိနေကြသော ကရင်နှင့် မွန် ရွာသား ၂၅၀၀
ခန့်သည် ထိုင်းနိုင်ငံဘက်ခြမ်း စန်ခပူရီခရိုင်အတွင်းသို့ 
ယနေ့မနက်ပိုင်းတွင် ထပ်မံထွက်ပြေးလာကြကြောင်း
ဘန်ကောက်ပို့စ် အင်တာနက်စာမျက်နှာတွင်ဖေါ်ပြထားသည်။ Continue reading “စစ်ပွဲများကြောင့် မွန်နှင့် ကရင် လူမျိုးများ ထပ်မံထွက်ပြေးလာနေ”

ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့် ကြိုတင်မဲအားလုံးကို ပယ်ဖျက်ပေးရန် နိုင်ငံရေးပါတီများ၊ ထင်ရှားကျော်ကြားသူများနှင့် ဂျာနယ်လစ်များ တောင်းဆို

Eleven Media Group ၏ အင်တာနက် စာမျက်နှာ မှ သတင်းဖြစ်ပါသည်။ (မူရင်း သတင်းလင့် ကို တွစ်တာ တွင် ရှု)

ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့် ကြိုတင်မဲအားလုံးကို ပယ်ဖျက်ပေးရန် နိုင်ငံရေးပါတီများ၊ ထင်ရှားကျော်ကြားသူများနှင့် ဂျာနယ်လစ်များ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ ခမောက်ပါတီကို ပြည်သူတွေက အနိုင်မဲတွေ တစ်ခဲနက် ပေးခဲ့ကြပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲရလဒ်ကို ပြည်သူ့ဆန္ဒပေါ် အခြေမခံဘဲ ကြိုတင်မဲဆိုတဲ့ လက်နက်ပုံးတွေနဲ့ ပြည်သူ့ဆန္ဒကို ရုပ်ပျက်ဆင်းပျက် ဖျက်ဆီးလိုက်ကြပါပြီ။ ဒါဟာ ပြည်သူ့ဆန္ဒကို မထေမဲ့မြင်ပြုတာ၊ ပြည်သူတွေအပေါ် အာဏာနောက်ခံနဲ့ ငါတကောကောတာ။ ကမ္ဘာ့အလယ်မှာ တိုင်းပြည်နဲ့ လူမျိုးအပေါ် အရှက်ရစေတဲ့ ဂုဏ်သိက္ခာမဲ့မှုကြီးကို ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ခမောက်ပါတီဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဥပဒေမဲ့လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ ဥပဒေဘောင်အတွင်းက အစွမ်းကုန်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ဘယ်လိုပဲဖြစ်နေပါစေ ခမောက်ပါ တီဟာ နိုင်ငံရေးမှာ မရှုံးဘူးဆိုတာ  အားလုံးသိပါတယ်။ ဒါကြောင့် ပြည်သူ့အတွက် ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ဂုဏ်သိက္ခာနဲ့အတူ ကျွန်တော်တို့ နိုင်ငံရေးနောက်ကျော မလုံစရာ မရှိပါဘူး။ ခမောက်ပါတီဟာ မဲခိုးပြီး အနိုင်ရဖို့ ဘယ်တော့မှ မလုပ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ပြည်သူ့အတွက်ဆိုတဲ့ ဂုဏ်သိက္ခာနဲ့ အတူ ပြည်သူကို ကျောမခိုင်းဘဲ နိုင်ငံရေးခရီးကို ဆက်လျှောက်မယ်ဆိုတာ မိဘပြည်သူများကို အသိပေး ကတိပြုပါတယ်”ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ နိုင်ငံရေး ဦးဆောင်အဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောကြားခဲ့သည်။ Continue reading “ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့် ကြိုတင်မဲအားလုံးကို ပယ်ဖျက်ပေးရန် နိုင်ငံရေးပါတီများ၊ ထင်ရှားကျော်ကြားသူများနှင့် ဂျာနယ်လစ်များ တောင်းဆို”

ဗိုလ်ချစ်သူ ၏ သိန်းထောင်ကျော်တန် အိမ် ပြာပုံဖြစ်အောင် ဖျက်ဆီးခံရ နှင့် မြ၀တီ နှင့် ဘုရား သုံးဆူ တိုက်ပွဲ များ အတွင်း သေဆုံး၊ဒဏ်ရရသူ စာရင်း

ဖျက်ဆီးခံလိုက် ရသည့် DKBA တပ်မှုး ၏ အိမ် ဓာတ်ပုံ-ဧရာဝတီ သတင်းဌာန

ကိုပု(မြ၀တီ)၊                ၊ထိုင်းအင်ဂျင် နီယာများ ကို အသုံးပြုကာ သိန်းထောင်ချီ အကုန် အကျခံပြီးဆောက်လုပ်ထားသည့်
တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) ၉၉၉မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး
စောချစ်သူ၏ မြ၀တီ ရွေကုက္ကုလ် မြိုင် ကျေးရွာမှချစ်သူ မြိုင် စံအိမ် သည် ပြာပုံဖြစ်အောင် ဖျက်ဆီးခံ
လိုက်ရကြောင်း FNG မှ သတင်းရရှိသည်။

ထိုအိမ် ကို နှစ် ရက် တာ တိုက်ပွဲ အတွင်း နအဖ စစ်တပ်က ဖျက်ဆီးလိုက်ခြင်း ဖြစ်သည် ဟု
အမည် မဖော်လို သည့် ၉၉၉ တပ်မှ အရာ ရှိ တစ်ဦးက ပြောသည်။

ဗိုလ်ချစ် သူ သည် သူ၏ သိန်းထောင်ချီ တန် အိမ် ကို ယခုနှစ် မတ်လက ရန်ကုန် နှင့်ထိုင်းမှ အဆို
တော် များ ငှားရန်းကာ နေ့ စဉ် ကြည့်ချင်ပွဲ များ လုပ်ပြီး ဖွင့်လှစ် ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှုးချုပ် စောလားဘွယ် ၏ မြ၀တီ မြို့ ရှိ ယခင် နေအိမ် မှာ လည်း မီးရှို့ ဖျက်ဆီး ခံ လိုက်ရသည်
ဟု သတင်းရရှိသည်။ Continue reading “ဗိုလ်ချစ်သူ ၏ သိန်းထောင်ကျော်တန် အိမ် ပြာပုံဖြစ်အောင် ဖျက်ဆီးခံရ နှင့် မြ၀တီ နှင့် ဘုရား သုံးဆူ တိုက်ပွဲ များ အတွင်း သေဆုံး၊ဒဏ်ရရသူ စာရင်း”

ကြိုတင် မဲ နှင့် ရွေးကောက် ပွဲ မသမာမှု များကို စာရေးဆရာများ၊နာမည်ကျော်များ၊နိုင်ငံရေး သမားများ၊သမာသမတ် ရှိ ပု ဂ္ဂိုလ်များ က ဦးဆောင် ကန့် ကွက်သွားမည်

ရွေးကောက်ပွဲ တွင် ဥပဒေ နှင့် ဆီလျှော်ခြင်း မရှိ သည့် ကြိုတင်မဲ နှင့် မဲမသမာ မှု များ ၀ါရင့်စာနယ်ဇင်း
ဆရာကြီး တစ်ဦး ဖြစ်သူ လူထု စိန်ဝင်း နှင့် အခြား နာမည်ကျော်စာရေးဆရာ များ အပြင် အနုပညာ
နယ်မှ ပုဂ္ဂိုလ်များ ပါ ပူးပေါင်း ကန့် ကွက် သွား မည် ဟု သတင်းရရှိသည်။

ရွေးကောက်ပွဲ နေ့ မနက်က ကြံ့ဖွံ့ သြဇာခံ ရပ်ကွက်အာဏာပိုင်များက မဲလာမထည့် သည့် ပြည်သူများ၏ အိမ်ရှေ့ တွင် ပုံတွင် တွေ့ ရသည့် အတိုင်း လော်စပီကာ နှင့် သီချင်းအကျယ်ကြီး ဖွင့်၍ မသမာမှု ပြုခဲ့သည်။ Photo - Reuters

ကြံ့ဖွံ့ ဟု အမည် တွင် သည့် ကြံ့ခိုင်ရေး ပါတီ အနိုင်ရရှိမှု ကို ကန့် ကွက်သော အားဖြင့် ရွေး
ကောက် ပွဲ ၀င်ရောက်ယှဉ် ပြိုင် သော နိုင်ငံရေး ပါတီ များ ဦးဆောင်မှု များဖြင့် ပြည်သူလူထု
ပါ ပါဝင်သည့် ဆန့် ကျင် ကန့် ကွက် ပွဲ တစ်ခု လုပ်မည် ဟု သတင်းရရှိသည်။ Continue reading “ကြိုတင် မဲ နှင့် ရွေးကောက် ပွဲ မသမာမှု များကို စာရေးဆရာများ၊နာမည်ကျော်များ၊နိုင်ငံရေး သမားများ၊သမာသမတ် ရှိ ပု ဂ္ဂိုလ်များ က ဦးဆောင် ကန့် ကွက်သွားမည်”

မတရားသောရွေးကောက်ပွဲ တွင် မသမာသော နည်းဖြင့် ကြံ့ဖွတ် အနိုင် ရရှိကြောင်း ကြေငြာ

ကြံ့ဖွံ့ ပါတီ အနိုင်ရရှိ ချိန် တွင် မြန်မာ လူမျိုး လေးသောင်းကျော် စစ်ပြေး ဒုက္ခသည် အဖြစ် တစ်ဖက် နိုင်ငံထဲ ရောက်ရှိ နေသည် ကို ဤသို့ တွေ့ ရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ ဖြိုးရေး ပါတီ (ကြံ့ဖွတ်)ပါတီက နိုဝင်ဘာ လ ၇ ရက်နေ့ ကကျင်း
ပခဲ့သည့် ရွေးကောက် ပွဲတွင် နိုင်ငံ တ၀ှမ်း အနိုင်ရရှိကြောင်း ရန်ကုန် မှ လာသည့် အေပီ သတင်း
တစ်ရပ် တွင် ဖော်ပြထားသည်။ Continue reading “မတရားသောရွေးကောက်ပွဲ တွင် မသမာသော နည်းဖြင့် ကြံ့ဖွတ် အနိုင် ရရှိကြောင်း ကြေငြာ”

မြန်မာ့ ရွေးကောက်ပွဲ အလွန် ပြည်တွင်း စစ်ပွဲ

Post Election Civil War (LIVE)

၁၄း၂၀ DKBA တပ်များ မြ၀တီ မြို့ တွင်းမှ တဖြည်းဖြည်းချင်း အောင်မြင်စွာ ဆုတ်ခွာ

၁၄း၀၀ နေပြည်တော်မှ တံတားဖွင့်ပေးရန် အမိန့်မပေးသောကြောင့် ထိုင်းအာဏာပိုင်တို့တောင်းဆို
သော ဒုက္ခသည်များ တရားဝင်ချစ်ကြည်ရေးတံတားပေါ်မှပြန်လည်ပို့ဆောင်ရန် အခက်တွေ့။

ဘုရားသုံးဆူ ရှိ အစိုး ရ အဆောက် အဦ အား လုံး မီးရှို့ ဖျက်ဆီးခံရ ဘုရား
သုံး ဆူမှ စစ်တပ် ဗိုလ်မှုး  နှစ်ဦး နှင့် ရဲ မှုး နှစ်ဦးက DKBA ကဖမ်းဆီးထား

ရွေးကောက်ပွဲနေ့ ဖမ်းဆီးခံထားရသော ဂျပန်လူမျိုးသတင်းကို မည်သည့်နေရာရွှေ့ပြောင်းဖမ်းဆီး
ထားကြောင်းသတင်းကိုတော့စုံစမ်းလို့မရသေးပါဘူး။ထိုင်းစစ်သားတွေကတော့လုံခြုံရေးသတိနဲ့ရွေ့လျား
သွားလာနေကြပါတယ်။ဘရင်းကယ်ရီကားတွေ လည်းထိုင်းဘက်မှာနေရာယူထားပါတယ်။ Continue reading “မြန်မာ့ ရွေးကောက်ပွဲ အလွန် ပြည်တွင်း စစ်ပွဲ”