မပခ လက်နက် တိုက် ဖောက်ခွဲ ဖျက်ဆီးခံရ

ပေါက်ကွဲမှုဖြစ်ပြီးနောက် ကချင်ပြည်နယ်သို့ ရောက်ရှိ လာသည့် ဗိုလ်ချုပ် သာအေး

မြောက်ပိုင်းတိုင်း စစ်ဌာနချု ပ် တပ်များအတွက်
လက်နက် နှင့် ခဲယမ်းမီးကျောက်များ တပ်ဆင်သို
လှောင်လှောင်ရာ ဌာန ဖြစ်သည့် ကချင်ပြည်နယ်
ဟိုပင် မြို့ နယ် အနီးမှ လက်နက်တိုက် တစ်ခုသည်
တနင်္လာနေ့ ညက ပေါက်ကွဲ မှု ဖြစ်ပွား ပြီးနောက်
ပြည်နယ် အတွက် အရေးပါသည့် လက်နက်များ အား
လုံးနီးပါး  ဆုံးရှုံးသွားရသည် ဟု မန္တလေး တိုင်း တံခွန် တိုင်
မြို့ နယ်ရှိ သံချပ်ကာ ယန္တယား တပ်မှ အမည် မဖော်လို သည့်
အရာရှိ တစ်ဦး က Freedom News Group သို့ ပြောသည်။ Continue reading “မပခ လက်နက် တိုက် ဖောက်ခွဲ ဖျက်ဆီးခံရ”

ဒီတစ်ပတ် သတင်း ဓာတ်ပုံ

အမေရိကန် သူလျှို ဟု ရုရှား က စွပ်ဆွဲထောင်ချထားသည့် မဟာဗျူဟာမြောက် လက်နက်ကြီးများ ပစ်လွှတ်မှု ဆိုင်ရာ ကျွမ်းကျင်သူ အီဂေါ် ဆူယာဂင် အား ယမန် နေ့ ညက နာမည် ဆိုးဖြင့် ကျော်ကြားသည့် မော်စကို ရှိ လဖ်ဖိုတိုဗို အကျဉ်းထောင်မှ ပြန်လည် လွှတ်ပေး လိုက်သည် (၎င်းသည် အမေရိကန် နှင့် ရုရှား စပိုင် ဖလှယ်ရေး အစီအစဉ်အရ ပထမ ဦး ဆုံး လွတ်မြောက် လာသူ ဖြစ်သည် ပြီး ၂၀၀၂ ခုနှစ်တွင် ထောင်ဒဏ် ၁၄ နှစ် ကျခံထားရသူ ဖြစ်သည်) (AP Photo, file)ဇူလိုင်လ ၁၀ ရက်နေ့ တွင် ကျင်းပမည့် ကမ္ဘာ့ ဖလား ဗိုလ်လုပွဲ အတွက် ဂျာမဏီ နိုင်ငံ အဏ္ဏ၀ါပြ တိုက်မှ ရေဘ၀ဲ ပေါ်လ် ၏ ခန့် မှန်း ချက် ကို စောင့်မျှော်နား ဆင်မည် သူများ ၂၀၀၈ ခု နှစ် က အိုဘားမား နှင့် မက်ကိန်းတို့  အမေရိကန် သမ္မတ အဖြစ် ရွေးချယ်ခံရမှု အားစောင့်ကြည့် သူထက် ပိုများ သည် ဟု သိရသည်။
ဇူလိုင်လ ၁၀ ရက်နေ့ တွင် ကျင်းပမည့် ကမ္ဘာ့ ဖလား ဗိုလ်လုပွဲ အတွက် ဂျာမဏီ နိုင်ငံ အဏ္ဏ၀ါပြ တိုက်မှ ရေဘ၀ဲ ပေါ်လ် ၏ ခန့် မှန်း ချက် ကို စောင့်မျှော်နား ဆင်မည် သူများ ၂၀၀၈ ခု နှစ် က အိုဘားမား နှင့် မက်ကိန်းတို့  အမေရိကန် သမ္မတ အဖြစ် ရွေးချယ်ခံရမှု အားစောင့်ကြည့် သူထက် ပိုများ သည် ဟု သိရသည်။
မုံရွာရှိ လယ်တီ ကျောင်းတိုက် အပါအ၀င် ဘုန်းကြီးကျောင်းတိုက်များ မီးရှုံရန် ကြံစည်မှု ဖြစ်ပေါ်ပြီး နောက် အနယ်နယ်အရပ်ရပ် ရှိ သံဃာတော်များ စားသုတ်သုတ် ၊သွားသုတ်သုတ် ဖြစ်နေ သည် ကို တွေ့ ရစဉ်

Continue reading “ဒီတစ်ပတ် သတင်း ဓာတ်ပုံ”

ဒုက္ခသည်များကို ကယ်တင်ခဲ့သည့် မြန်မာသင်္ဘောကပ္ပတိန်အား နိုင်ငံတကာမှဂုဏ်ပြု

စပိန်သတင်းစာများက ဦးဇော်အောင်၏ ဆုံးဖြတ်ချက် မှန်ကန်မှု၊ ရဲဝံ့မှုများကို တခမ်းတနား ဖော်ပြခဲ့သလို
မြန်မာ့သတင်း မီဒီယာများကလည်း လူသားချင်း စာနာမှုဖြင့် စွန့်စားခဲ့သော ၎င်း၏စိတ်ထားနှင့် လုပ်ရပ်ကို
အလေးထား ဂုဏ်ပြုခဲ့ကြသည်

ဇွန်လ(၉)ရက်နေ့က ကြမ်းတမ်းခက်ထန်လှသည့် ပင်လယ်ပြင်တွင် ဒုက္ခသည်များအား သက်စွန့်ဆံဖျား ကယ်တင်နိုင်ခဲ့သည့် မြန်မာသင်္ဘော ကပ္ပတိန် ဦးဇော်အောင်အား နိုင်ငံတကာမှ တလေးတစား ချီးကျူးဂုဏ်ပြုနေဆဲဖြစ်သည်။ စပိန်သတင်းစာများက ဦးဇော်အောင်၏ ဆုံးဖြတ်ချက် မှန်ကန်မှု၊ ရဲဝံ့မှုများကို တခမ်းတနား ဖော်ပြခဲ့သလို မြန်မာ့သတင်း မီဒီယာများကလည်း လူသားချင်း စာနာမှုဖြင့် စွန့်စားခဲ့သော ၎င်း၏စိတ်ထားနှင့် လုပ်ရပ်ကို အလေးထား ဂုဏ်ပြုခဲ့ကြသည်။ ဇွန်လ(၉)ရက်နေ့က စပိန်နိုင်ငံ၊ အနောက်မြောက်ပိုင်း ကမ်းလွန်မှ ကီလိုမီတာ (၅၅၀)အကွာမှ ရွက်လှေတစ်စင်းထံမှ အရေးပေါ် အကူအညီ တောင်းခံသည့် SOSသတင်းပေးပို့မှုကို MTM Princess သင်္ဘောပေါ်မှ ဖမ်းယူရရှိခဲ့သည်။ သင်္ဘောသား (၂၂)ဦးအနက် ကပ္ပတိန် အပါအ၀င် မြန်မာသင်္ဘောသားချည်း (၂၁)ဦး လိုက်ပါလာသော MTM Princessသည် အဆိုပါ သတင်းပေးပို့မှုကို ရရှိပြီးနောက် သင်္ဘောကပ္ပတိန် ဦးဇော်အောင်က ယင်းဒုက္ခသည်များအား ကယ်တင်ရန် သင်္ဘောသားများနှင့် ဆွေးနွေးခဲ့သလို သင်္ဘောကုမ္ပဏီသို့လည်း အကြောင်းကြားခဲ့သည်။ ကုမ္ပဏီထံမှ ခွင့်ပြုချက် ရရှိသောအခါ မာရှယ်လ်ကျွန်းနိုင်ငံ အလံလွှင့်ထူထားသော MTM Princessသည် ဘေးတွေ့နေသည့် အပျော်စီး အပမ်းဖြေရွက်လှေ Octogonထံသို့ ဦးတည်ခုတ်မောင်းခဲ့လေတော့သည်။ Continue reading “ဒုက္ခသည်များကို ကယ်တင်ခဲ့သည့် မြန်မာသင်္ဘောကပ္ပတိန်အား နိုင်ငံတကာမှဂုဏ်ပြု”

ထိုင်ဝမ် ဥပဒေပြု အမတ်များ တရုတ်ပြည်မနှင့် ကုန်သွယ်ရေးအပေါ် သဘောကွဲ ထိပ်ကွဲဒူးပြဲ

ထိုင်ဝမ်ဥပဒေပြုအမတ်များ လွှတ်တော်အား လက်ဝှေ့ ကြိုးဝိုင်းကဲ့သို့ သဘောထားသည် ကို ဤသို့ တွေ့ ရစဉ်

တရုတ်ပြည်မနှင့် အငြင်းပွားဖွယ် ကုန်သွယ်ရေး စာချုပ်နှင့် ပတ်သက်ပြီး ပါလီမာန် ပထမရက်ဖြစ်သည့် ကြာသာပတေးနေ့တွင် ထိုင်ဝမ် ဥပဒေပြု အမတ်များ အချင်းချင်း ထချကြပြီး ထိခိုက် ဒဏ်ရာများ ရရှိသွားကြသည်။

အာဏာရ ကူမင်တန်ပါတီကြီး၏ အမတ်ဖြစ်သူ ၀ူယူရှန်မှာ ခပ်ဝေးဝေးမှ လှမ်းပစ်လိုက်သော ရှေးဟောင်းနာရီကြီး တစ်လုံး မျက်နှာမှန်သွားသောကြောင့် ဆေးရုံ အရေးပေါ်ဌာနသို့ သယ်ဆောင် သွားခဲ့ရသည်။ “သူ့မျက်နှာ တစ်ပြင်လုံး သွေးတွေ ရဲဗလောင်းခနေတာပဲ၊ မျက်စိကို ကွက်တိ ထိသွားတာ” ဟု ၀န်ကြီးချုပ် ၀ူဒန်ရီက သတင်းထောက်များကို ပြောပြသည်။ Continue reading “ထိုင်ဝမ် ဥပဒေပြု အမတ်များ တရုတ်ပြည်မနှင့် ကုန်သွယ်ရေးအပေါ် သဘောကွဲ ထိပ်ကွဲဒူးပြဲ”

ရန်ကုန်မြစ် ၊ သံလွင်မြစ်(ဘားအံ) ၊ချင်းတွင်းမြစ် (မုံရွာ)၊ဧရာဝတီ မြစ် (မန္တလေး) တို့ တွင် မြစ်ရေကြီးမှုများ ဖြစ်ပေါ်နိုင် (သတိပေးချက်)

Updated ယနေ့  မြန်မာ စံတော်ချိန် နေ့ လည် ၁၂ နာရီ အချိန် ခန့် က Freedom News Group မှ Freedom
Weather Software ၏ တွက်ချက်မှု များ အရ ရန်ကုန်မြစ် ၊ သံလွင်မြစ်(ဘားအံ) ၊ချင်းတွင်းမြစ် (မုံရွာ)၊
ဧရာဝတီ မြစ် (မန္တလေး) တို့ တွင် မြစ်ရေကြီးမှုများ ဖြစ်ပေါ်နိုင် သည် ဟု ဆိုသည်။  Continue reading “ရန်ကုန်မြစ် ၊ သံလွင်မြစ်(ဘားအံ) ၊ချင်းတွင်းမြစ် (မုံရွာ)၊ဧရာဝတီ မြစ် (မန္တလေး) တို့ တွင် မြစ်ရေကြီးမှုများ ဖြစ်ပေါ်နိုင် (သတိပေးချက်)”

တာချီလိတ်ရဲတပ်ဖွဲ့  တရားမ၀င်မော်တော်ကားတင်သွင်းမှုများ ပြုလုပ်နေ

ကိုဦး ၊      ၊ရှမ်းပြည်နယ်အရှေ့ ပိုင်း ထိုင်းနယ်စပ်ရှိ တာချီလိတ်မြို့မှ ရဲတပ်ဖွဲ့မြို့
နယ်မှူး အပါအ၀င် ရဲတပ်ဖွဲ့ ဝင် အချို့ သည်  တရားမ၀င်မော်တော် ကား တင်
သွင်းမှု ပြုလုပ်နေကြ သည် ဟု တာချီလိတ်ရဲစခန်းနှင့်နီးစပ်သူများက ပြောသည်။ Continue reading “တာချီလိတ်ရဲတပ်ဖွဲ့  တရားမ၀င်မော်တော်ကားတင်သွင်းမှုများ ပြုလုပ်နေ”

ဂျာမဏီ ကို အနိုင်ရပြီး စပိန် ဗိုလ်လုပွဲတက် (မြန်မာ လောင်းကြေးထပ်သူများ ခွက်ခွက်လန် ရှုံး)

ဒုတိယပိုင်းတွင် ကာလက်ပူရို ၏ တစ်လုံး တည်းသော ဂိုးဖြင့် စပိန် အသင်းသည် အနိုင်ရရှိကာ ကမ္ဘာ့ ဖလား နောက်ဆုံးဗိုလ်လု ပွဲ သို့ တက်သွားပြီ ဖြစ်သည်။စပိန် အသင်းသည် ဗိုလ်လုပွဲ တွင် ဟော်လန် အသင်း နှင့် တွေ့ ဆုံရမည်ဖြစ်သည်။(AP Photo/Martin Meissner)ပုံတွင် စပိန် အသင်းသားများ အောင်ပွဲခံနေပုံ ဖြစ်သည်။

အကြိုလ် ဗိုလ်လုပွဲ စဉ် တွင် ဂျာမဏီ အသင်း ရှုံးနိမ့် မှု ကြောင့် ဂျာမဏီ အသင်း ဘက်မှာလောင်းကြေး
ထပ်ထားသည့် မြန်မာ ပရိသတ်များ အကြီးအကျယ်ရှုံး နိမ့် ကျသည် ဟု သတင်းရရှိသည်။ Continue reading “ဂျာမဏီ ကို အနိုင်ရပြီး စပိန် ဗိုလ်လုပွဲတက် (မြန်မာ လောင်းကြေးထပ်သူများ ခွက်ခွက်လန် ရှုံး)”

သမိုင်းဝင်လယ်တီကျောင်းတိုက် နှင့် စိတ္တသုခ ကျောင်းတိုက် အပါအ၀င် မုံရွာရှိ ဘုန်းကြီးကျောင်းများ ကိုမီးရှို့ ရန်ကြံစည်သူများ အား ရဲ က အရဲမယူသဖြင့် သံဃာတော်များ မငြိမ်မသက် ဖြစ်

လယ်တီ ကျောင်းတိုက် ကို မီးရှို့ ရန် ကြံစည်မှုကြောင့် နိုင်ငံတ၀ှမ်းရှိ သံဃာတော်များမှာ၎င်း တို့ ၏ ကျောင်းတိုက်များ လုံခြုံရေး အတွက် စိုးရိမ်နေကြသည်။ဓာတ်ပုံ - Time Magazine

အောင်မြင်(မုံရွာ)ဂျူလိုင် ၂ရက်နေ့ညပိုင်းတွင် မုံရွာမြို့ကျက်သရေဆောင် လယ်တီကျောင်းတိုက်နှင့်
စိတ္တသုခကျောင်းကို မိရှို့ရန်ကြံသူ (၅ )ဦးအား လယ်တီကျောင်းတိုက်မှ သံဃာတော်များမှ ဖမ်းဆီးမိခဲ့သည်။
ဖမ်းဆီးမိစဉ်သံဃာတော်များက စစ်ဆေးမေးမြန်းရာ လူကြီးတွေရှို့ခိုင်းလို့ရှို့ရတာပါဟုပြောကြောင်းသိရသည်။
သက်ဆိုင်ရာအာဏာပိုင်တို့ က မီးရှို့ ရန်ကြံစည် သူများ ကို လာရောက်ခေါ်ဆောင်သွားပြီး မှုခင်းအရအရေးယူခြင်း
မရှိကြောင်းသိရသည်။ Continue reading “သမိုင်းဝင်လယ်တီကျောင်းတိုက် နှင့် စိတ္တသုခ ကျောင်းတိုက် အပါအ၀င် မုံရွာရှိ ဘုန်းကြီးကျောင်းများ ကိုမီးရှို့ ရန်ကြံစည်သူများ အား ရဲ က အရဲမယူသဖြင့် သံဃာတော်များ မငြိမ်မသက် ဖြစ်”

ရုရှား စန္ဒယားဆရာ ထိုင်းကမ်းခြေတွင် ၁၄နှစ်သားကို အဓမ္မပြုကျင့်

ဗလက်ကာယပြုသူ ရှရုား စန္ဒယားဆရာ

ဆုတံဆိပ်များစွာ ရရှိထားသော ရုရှား နာမည်ကျော် စန္ဒယားဆရာ မစ်ခေးလ် ပလက်နော့ဗ် သည် ထိုင်းနိုင်ငံ ပတ္တရား အပမ်းဖြေ ကမ်းခြေတွင် ၁၄နှစ်အရွယ် ထိုင်းချာတိတ်အား ဗလက်ကာယ ပြုကျင့်မှုကြောင့် အဖမ်းခံရကြောင်း ထိုင်းရဲက ဗုဒ္ဓဟူးနေ့တွင်ပြောသည်။

ရုရှား အမျိုးသား သံစုံတီးဝိုင်း၏ ဂီတမှုးနှင့် ဆန္ဒယားဆရာ အသက် ၅၃ နှစ်ရှိ ပလက်နော့ဗ်ကို ဓါတ်ပုံ အထောက်အထားများနှင့်တကွ ဖမ်းဆီးထားခြင်းဖြစ်သည်။ ထိုင်းရဲမှုးကြီး လက်တနင်ကာနယ်လ် အိုဆင် ဆူခန်ခါ က “ကျနော်တို့ ဖမ်းဆီးမိထားတဲ့ ထိုင်းပြည့်တန်ဆာခေါင်း တစ်ယောက်ဆီက သတင်းပေးချက် ရလို့ပါ။ နောက် ကလေး မိဘတွေဆီကလည်း အင်ဖော်မေးရှင်းတွေ ရတယ်။ ကလေးကိုယ်တိုင်နဲ့ အခြား သူ့သူငယ်ချင်းတွေက သက်သေပဲ၊ ဒါပေမယ့် ပလက်နော့ဗ် ကတော့ စွတ်စွဲချက်တွေ ငြင်းနေတုန်းပဲ” ဟု ပြောသည်။ Continue reading “ရုရှား စန္ဒယားဆရာ ထိုင်းကမ်းခြေတွင် ၁၄နှစ်သားကို အဓမ္မပြုကျင့်”

အမေရိကန် လူမျိုးတို့ ရာသီဥတု ပူလွန်းလှသဖြင့် နယူးယောက်တွင် ရေသဘင်ပွဲတော်ဆင်နွှဲ

နယူးယောက် ဟာလမ်ရိပ်သာတွင် ရေလောင်းရေပက် ဆော့ ကစားနေသည့် ကလေးများ(နယူးယောက် မြို့ ၏ အပူချိန် သည် ယနေ့  ၁၀၂ ဒီဂရီ ဖာရင် ဟိုက်ထိဖြစ်ခဲ့သည်)

Continue reading “အမေရိကန် လူမျိုးတို့ ရာသီဥတု ပူလွန်းလှသဖြင့် နယူးယောက်တွင် ရေသဘင်ပွဲတော်ဆင်နွှဲ”

ရန်ကုန် နှင့် ပဲခူး တွင် စစ်အာဏာရှင်စနစ် ဆန့် ကျင် ရေး လှုံဆော်စာများ ဝေငှ

ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံ ၊ ကမ္ဘာ အေးစေတီ လမ်း နှင့် မြို့ ထဲ တ၀ိုက် တွင် ကျောင်းသား သမဂ္ဂ
ပေါ်ပေါက်ရေး လှုံဆော်စာများ နှင့် စစ်အာဏာရှင် စနစ် ဆန့် ကျင် ရေး စာများ ကို ဝေငှ သွားသည် ဟု
ကမာရွတ် လှည်းတန်း တွင် နေထိုင်သူ တစ်ဦး က Freedom News Group သို့ ပြောသည်။ Continue reading “ရန်ကုန် နှင့် ပဲခူး တွင် စစ်အာဏာရှင်စနစ် ဆန့် ကျင် ရေး လှုံဆော်စာများ ဝေငှ”

ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံကြီး

 

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် နေ့ တွင် စစ်တပ်၏ ဖောက်ခွဲဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျောင်းသား သမဂ္ဂအဆောက် အဦ

 

ဒေါင်းလူငယ် ၊    ၊၁၉၆၂ ခု၊ မတ်လ (၂) ရက်နေ့သည် မြန်မာ့သမိုင်းစာမျက်နှာ၌ ကံဆိုးမိုးမှောင်ကျသော နေ့တနေ့ဖြစ်သည်။ ထို့ပြင် ပါလီမန်ဒီမိုကရေစီစနစ်ကို နိဂုံးချုပ်၍ စစ်အာဏာရှင်အစိုးရ စတင်ပေါ်ထွန်းခဲ့သော နေ့တနေ့လည်း ဖြစ်လေသည်။ မှန်ပေသည်။ ထိုနေ့နံနက်တွင် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သော တော်လှန်ရေးကောင်စီ (၀ါ) စစ်အာဏာရှင်တို့သည် သမ္မတ ဦးဝင်းမောင်၊ ၀န်ကြီးချုပ် ဦးနု၊ ၀န်ကြီးများဖြစ်ကြသော သခင်တင်၊ ဒေါက် တာဦးဧမောင်၊ ဦးရာရှစ်၊ ဦးဘစော၊ သခင်တင်မောင်၊ ဦးသွင်၊ စ၀်ခွန်ချို၊ စ၀်ဝဏ္ဏ၊ ဒေါက်တာ စောလှထွန်း၊ ဦး ဇာရဲလျန်၊ ဦးဘမြိုင်၊ နိုင်အောင်ထွန်း၊ တရာဝန်ကြီးချုပ် ဦးမြင့်သိန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ မန်းဘဆိုင်၊ လူ မျိုးစုလွှတ်တော်ဥက္ကဋ္ဌ စ၀်ခွန်ကြည်၊ ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက်၊ မိုးနဲစော်ဘွား စ၀်ပြည့်၊ လဲချင်းစော် ဘွား စ၀်နွဲ၊ သာမိုင်းခမ်းစော်ဘွား စ၀်ထွန်းအေး၊ ကျိုင်းတုံစော်ဘွား စ၀်ဆိုင်းလုံ၊ မွန်းလွန်းစော်ဘွား စ၀်ခွန်ကိုး၊ မိုင်းခွန်စော်ဘွားစ၀်ကြည်၊ ကျေးသီးမန်းစံစော်ဘွား စ၀်ရွှေမှုံ၊ ဘော်စော်ဘွား စ၀်ခွန်အောင်၊ လွိုင်လင်စော် ဘွား စ၀်မိုးကျော်၊ ပင်းတယစော်ဘွား စ၀်ဝင်းကြည်၊ ရွာငံစော်ဘွား စ၀်ခွန်ရီ၊ မိုင်းပန်စော်ဘွား စ၀်ရွှေကြည်၊ စ ကားစော်ဘွား စ၀်ခွန်ညွန့်၊ မိုင်းလုံစော်ဘွား စ၀်မန်လစ်၊ စ၀်ခွန်ထီး၊ စ၀်မန်ဖ (သိန္ဒီမြောက်ပိုင်းအမတ်)၊ စ၀် အောင်ပူး (လွိုင်လင်အရှေ့ပိုင်းအမတ်)၊ ဦးစံမြတ် (လွိုင်လင်အနောက်ပိုင်းအမတ်)၊ စ၀်ကျော်ခေါင် (လွိုင်လင် အလယ်ပိုင်းအမတ်)၊ ဦးချစ် (လွိုင်လင်တောင်ပိုင်းအမတ်)၊ ဦးရီရောင်း (ကျိုင်းတုံမြောက်ပိုင်းအမတ်)၊ ဦးခွန် နော် (ကျိုင်းတုံအနောက်ပိုင်းအမတ်)၊ ဦးဖြူ (မိုင်းပွန်အမတ်)၊ ဦးကျော်စိန် (သာမိုင်းစမ်းအမတ်)၊ ဦးလွန်း (စ ကားအမတ်)၊ ဦးအမ်ဇော်လ (ကွတ်ခိုင်အမတ်)၊ ဦးစိန် (ကယား)၊ ဦးထွန်းမြင့် (တောင်ကြီး)၊ ဦး ကြာပု၊ ဦးမြတ် ဖူး၊ ဦးစိုးမောင်၊ ဦးချစ်ဦး၊ ဦးသန်းတင်၊ ဦးတင်အောင်တို့ကို ဖမ်းဆီး၍ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်လေ သည်။ Continue reading “ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံကြီး”

ဒလိုင်းလားမား ၇၅ နှစ်ပြည့် မွေးနေ့

ရဲမြင့်ကျော်၊                ၊ကမ္ဘာ့ အကျော်ကြားဆုံး ဗုဒ္ဓဘာသာ ရဟန်းဖြစ်သူ ၁၄ ဆက်မြောက် ဒလိုင်းလာမားသည်
ယနေ့ အင်္ဂါနေ့တွင် သက်တော် ၇၅ နှစ် ပြည့်ခဲ့ပြီဖြစ်သည်။ ၁၉၃၅ ခုနှစ် ဇူလိုင် ၆ ရက်နေ့တွင် အရှေ့မြောက် တိဘက်ဒေသ၊ အမ်ဒို ပြည်နယ် လယ်သမား မိသားစုမှ ဖွားမြင်ခဲ့ပြီး၊ နှစ်နှစ်သား အရွယ်တွင် ၁၃ ဆက်မြောက် ဒလိုင်းလာမား ပြန်လည် ၀င်စားသူအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

ယခု ဒလိုင်လာမား၏ သက်တော် ၇၅ နှစ်ပြည့် မွေးနေ့သည် ထူးခြားမှုများနှင့် ပြည့်နေသည်ဟု ဆိုကြသည်။ ပထမဆုံး ဒလိုင်လာမား Gedun Drupa (၁၃၉၁-၁၄၇၄) တစ်ဦးသာလျှင် သက်တော် ၇၅ နှစ်ထက် ပိုရှည်ပြီး၊ ၈၄ နှစ်အထိ နေနိုင်ခဲ့သည်။ Continue reading “ဒလိုင်းလားမား ၇၅ နှစ်ပြည့် မွေးနေ့”